News

POST TYPE

IT

ဆမန်သာစက်ရုပ်မယ်များကို အလုံးအရင်းနှင့် ထုတ်လုပ်မှုစတင်
08-Nov-2017

လန်ဒန်၊ နိုဝင်ဘာ ၇

ယခင်က လိင်ဖျော်ဖြေရေး အရုပ်များကို တိတ်တဆိတ် ဝယ်နေရကြရာမှ ဈေးကွက်တွင် ဝယ်လိုအား ပိုများလာခြင်းကြောင့် Smantha ဟု အမည်ပေးထားသည့် လူသားနှင့်မခြား တုံ့ပြန် ဖျော်ဖြေမှု ပေးနိုင်သော စက်ရုပ်မယ်များကို လန်ဒန်၊ Wales တွင် အလုံးအရင်းနှင့် ထုတ်လုပ်နေပြီး မကြာမီ ဈေးကွက်၌ စိတ်ကြိုက် ဝယ်ယူခွင့်ရတော့မည်ဖြစ်ကြောင်း The Daily Star သတင်းတွင် ဖော်ပြထားသည်။ 

ဆီလီကွန်နှင့် လူသားဉာဏ်ရည်တု ကွန်ပျူတာ နည်းပညာတို့ ပေါင်းစပ်ထားသည့် ဆမန်သာ စက်ရုပ်မယ်များကို အမျိုးသမီးအသွင် အပေါ်လွင်ဆုံးနှင့် အပီသဆုံး စွမ်းဆောင် နိုင်ရည်များ ထည့်သွင်းပြီး မစ္စတာ အာရန်စကွဲနှင့် ဒေါက်တာ ဆာဂီဆန်တို့စ်တို့က G-spot ကုမ္ပဏီနှင့် ပူးပေါင်းကာ တီထွင်ထားခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ဆမန်သာအရုပ်များကို ယခုအခါ လန်ဒန်ဈေးကွက်တွင် စတင်ရောင်းနေပြီး မှာယူသူများကာ ရောင်းအားလည်း ကောင်းလျက်ရှိသည်။

ဆမန်သာသည် အမေရိကန် လေသံနှင့် အင်္ဂလိပ်စကားကို ပြောတတ်ပြီး သူ၏အသားများကို ထိလိုက်လျှင် ခံစားတုံ့ပြန်မှုများကို ပေးစေရန် ဖန်တီးထားသည်။

စက်ရုပ်မယ်တွင် ဆင်ဆာ နှစ်မျိုးပါရှိပြီး မိသားစုအသွင်နှင့် အိပ်ဖော်အသွင်ဖြစ်ကြောင်း၊ မိသားစုအသွင် ဆင်ဆာတွင် ရင်းနှီးကျွမ်းဝင်စရာနှင့် ချစ်ဖွယ်ရာ တုံ့ပြန်မှုများ ပါဝင်ပြီး၊ အိပ်ဖော်ဆင်ဆာကို ပြောင်းလိုက်လျှင်လည်း အမျိုးသားများအတွက် သဘောကျစရာ အပြောအဆို အမူအရာများကို ပြောင်းသွားနိုင်ကြောင်း တီထွင်သူများက ပြောကြားသည်။ 

စက်ရုပ်မယ်၏ တုံ့ပြန်နိုင်စွမ်း ဆင်ဆာများကို တင်ပါး၊ ပခုံး၊ ပါးစပ်နှင့် အမျိုးသမီး အင်္ဂါများတွင် ထည့်သွင်းပေးထားပြီး စက်ရုပ်မယ်က ရှင်နဲ့ အမြဲ နေချင်တယ်၊ ကဲ နောက်ပြီးတော့ရော၊ ဖြည်းဖြည်း ဆိုသည့် ချစ်စဖွယ်အသံများနှင့် ညုတုတု အပြောများကိုလည်း စွမ်းဆောင်နိုင်စေရန် တီထွင်ထားသည်။

ဆမန်သာကို အများအပြား ထုတ်လုပ်နေပြီဖြစ်ကြောင်း သတင်း ထုတ်ပြန်လိုက်ကတည်းက အမှာများစွာ ရောက်ရှိလာသဖြင့် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရကြောင်း၊ မိမိတို့အနေနှင့် စက်ရုပ်မယ်များကို ဝေလနယ်မြောက်ပိုင်းတွင် ထုတ်လုပ်ရန် ပြင်ဆင်ထားပြီး၊ အီလက်ထရွန်းနစ် ဦးခေါင်းများကိုပါ ထုတ်လုပ်နေကြောင်း ဒေါက်တာ ဆန်တို့စ်က ပြောကြားသည်။ 

ဆမန်သာစက်ရုပ်မယ်များကို လူသားက သူ့အပေါ် တုံ့ပြန်ဆက်ဆံသည့်အတိုင်း ပြန်လည်ဆက်ဆံ ပြောဆိုနိုင်စွမ်း ရှိလာစေရန် လုပ်ဆောင်နေကြောင်း၊ လက်ရှိ အနေအထားတွင် ဆင်ဆာနေရာများကို ကန့်သတ် ထည့်သွင်းပေးထားသည် ဆိုသော်လည်း အနာဂတ်တွင် လူသား အမျိုးသမီးနှင့်မခြားသည့် အတွေ့ထူးများကို ခံစားနိုင်စေရန် ဖြစ်လာမည်ဟု တီထွင်သူများက ဆိုသည်။


  • VIA