News

POST TYPE

IT

လူသားဦးနှောက် အသေးစားကို ဓာတ်ခွဲခန်းအတွင်း အောင်မြင်စွာ မွေးမြူ
11-Oct-2017
ဝါရှင်တန်၊ အောက်တိုဘာ ၁၀

မီနီဦးနှောက် (mini-brain) ဟုခေါ်သည့် အသေးစား ဦးနှောက်တစ်မျိုးကို ဓာတ်ခွဲခန်းအတွင်း အောင်မြင်စွာ မွေးမြူနိုင်ခဲ့ပြီဖြစ်ကြောင်း Scientific Reports သတင်းတွင် ဖော်ပြထားသည်။

Cerebral Organoids ဟု အမည်ပေးထားသည့် အသေးစား ဦးနှောက်ကို ဘရာဇီးနိုင်ငံမှ ပညာရှင်အဖွဲ့တစ်ဖွဲ့က လေ့လာစမ်းသပ်ခဲ့ပြီးနောက် ဦးနှောက်ကို ဓာတ်ခွဲခန်းအတွင်း မွေးမြူရန် အလားအလာကောင်းများ ရရှိစေခဲ့ကြောင်း ယင်းသတင်းကဆိုသည်။

ပညာရှင်များသည် စိတ်ဓာတ်ကျနေသူများကို ကုသရန်အတွက် အမေဇုန်တောအတွင်းမှ နွယ်ပင်တစ်မျိုးကို လေ့လာစမ်းသပ်ရာမှ ဦးနှောက်ကို မွေးမြူနိုင်မည့် စနစ်တစ်ခုကို ကြံဆတီထွင်မိခဲ့ကြောင်း Reports တွင် ရေးသားထားသည်။ 

ဦးနှောက် အသေးစားတစ်ခုကို ပညာရှင်များက ဖန်တီးထားပြီးနောက် Ayahuasca ဆိုသည့် နွယ်ပင်တစ်မျိုးက ထုတ်ယူရရှိသည့် အစေးများကို ဓာတုဆေးများနှင့် စီမံပေါင်းစပ်ပြီး ဦးနှောက်ကို ဓာတ်ခွဲခန်းအတွင်း မွေးမြူခဲ့ရာတွင် ကောင်းစွာ အောင်မြင်ခဲ့ကြောင်း သိရသည်။

သုတေသီ မိုက်ကယ် စတာချိုဝိတ်ဦးဆောင်သည့် Buffalo တက္ကသိုလ်နှင့် Byoung-Il Bae တက္ကသိုလ်တို့မှ ပညာရှင်များသည် ဦးနှောက်ကို ကြီးထွားလာစေရန် မွေးမြူနိုင်သည့်စနစ်ကို တွေ့ရှိခဲ့သည်ဆိုသော်လည်း အတိုင်းအတာ တစ်ခုအဆင့်သာ ရှိနေသေးပြီး အောင်မြင်စေရန် လုပ်ဆောင်နိုင်ရေးအတွက် ဆက်လက် သုတေသနလုပ်ရန် လိုသေးကြောင်း ပြောကြားသည်။ 

မိမိတို့အနေနှင့် လက်ရှိ အနေအထားထက် ၅ မီလီမီတာမှ ၆ မီလီမီတာအထိသာ ဦးနှောက်ကို ကြီးထွားအောင် လုပ်နိုင်သေးကြောင်း၊ လူသားတို့၏ ဦးနှောက်သည် လူသားတို့၏ သွေးကတစ်ဆင့် ဖွံ့ဖြိုးကြီးထွားနိုင်စွမ်းများ ရရှိသကဲ့သို့ မီနီဦးနှောက်ကလည်း ဖွံ့ဖြိုးရန် အာဟာရနှင့် အောက်ဆီဂျင်တို့ကို အလုံအလောက် ရရှိရန် ဖြည့် စွက်ပေးနိုင်ဖို့လိုကြောင်း ဒေါက်တာ စနာချိုဝိတ်က ဆိုသည်။ 

သုတေသီအဖွဲ့သည့် ၄ လသားအရွယ် ကလေးတစ်ယောက်၏ ဦးနှောက်ကို ဓာတ်ခွဲခန်းတွင် မွေးမြူခဲ့ခြင်းဖြစ်ပြီး လူကြီး တစ်ယောက်ဦးနှောက်အဆင့်အထိ ရင့်ကျက်ကြီးထွားစေရန် ရည်ရွယ်မွေးခဲ့ခြင်းဖြစ်ကြောင်း၊ ဆေးမြစ်က ဦးနှောက်၏ အာရုံကြောများကို ကြီးထွားဖွံ့ဖြိုးစေရန် များစွာ အထောက်အကူပြုခဲ့ကြောင်း အဖွဲ့ဝင် ဒေါက်တာ စတာချောင်းစကီးက ပြောကြားသည်။


  • VIA