News

POST TYPE

IT

ထရမ့်၏ စွပ်စွဲချက်ကို ဇပ်ကာဘတ် တုံ့ပြန်
29-Sep-2017

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Facebook သည် သူ့ကို အမြဲတမ်း ဆန့်ကျင်နေကြောင်း Twitter ဆိုသည့် ဆိုရှယ်ကွန်ရက်ကတစ်ဆင့် ပြောကြားချက်ကို Facebook ၏ CEO ဖြစ်သူ ဇပ်ကာဘတ်က ပြန်လည်တုံ့ပြန်ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ဇပ်ကာဘတ်က မိမိတို့အနေနှင့် ထရမ့်ကို ဆန့်ကျင်နေခြင်း မဟုတ်ကြောင်း၊ လစ်ဘရယ်ကျကျ ပြောရလျှင် အထောက်အကူပြုနေခြင်း ဖြစ်ကြောင်း၊ ကြိုက်သူ မကြိုက်သူများ မိမိတို့ အမြင်အတိုင်း ပြောဆိုခွင့်ပေးထားခြင်း ဖြစ်ကြောင်း လူတိုင်း၏ စိတ်ကူးများကို ဖော်ထုတ်ထားခြင်းကို လေ့လာခွင့် ရနိုင်ကြောင်း ပြောကြားသည်။

စက်တင်ဘာ ၂၇ ရက်နေ့က ထရမ့်သည် Facebook အား မိမိကို ဆန့်ကျင်သည့် သတင်းမှားများကို အမြဲတမ်း ဖော်ပြပေးနေကြောင်း စွပ်စွဲပြောကြားထားပြီး၊ နယူးယောက်တိုင်းမ်လို သတင်းမီဒီယာနှင့် ပူးပေါင်းကြံစည်နေသလော စသည်ဖြင့်လည်း စကားနာထိုးကာ ရေးသားခဲ့သည်။