News

POST TYPE

IT

ရုရှားသမ္မတပူတင်က AI စက်များ လူသားတို့အား ဝါးမျိုမည်ကို စိုးရိမ်ကြောင်း ပြောကြား
25-Sep-2017


မော်စကို၊ စက်တင်ဘာ ၂၄

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဉာဏ်ရည်တုဖြင့် လူသားတို့အတိုင်း စွမ်းဆောင်နိုင်သော စက်ရုပ်များ တီထွင်လာကြသည့်နည်းတူ၊ တစ်နေ့တွင် လူသားတို့၏ အလုပ်များကို ဝါးမျိုသွားနိုင်မည်ဖြစ်သဖြင့် ရုရှားနည်းပညာ ကုမ္ပဏီကြီးများကို သတိပေးလိုက်ကြောင်း RT သတင်းတွင် ဖော်ပြထားသည်။

ပူတင်က ရုရှားနိုင်ငံ အင်တာနက်ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် ညေိနထ သို့အလည်အပတ်လေ့လာရောက်ရှိစဉ် ကုမ္ပဏီ အကြီးအကဲ အာကာဒီ ဗိုလော့ဇ်နှင့် ဆွေးနွေးရာ၌ နည်းပညာက မိမိတို့အား မည်သည့်အချိန်တွင် ဝါးမျို တော့မည်နည်းဟု မေးခွန်းထုတ်လိုက်သောကြောင့် အံ့အားသင့်သွားခဲ့ရကြောင်း ယင်းသတင်းက ဆိုသည်။

ရုရှားနိုင်ငံအစိုးရမီဒီယာတစ်ခုဖြစ်သည့် RT အသံလွှင့်ဌာန၏ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်၌ သမ္မတက လူသားတွေကို စက်ရုပ် တွေက ဘယ်တော့ ဝါးမျိုသွားမည်နည်းဆိုသည့် မေးခွန်းကို ဗိုလော့ဇ်က မိမိအနေနှင့် မထင်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ 

ဗိုလော့ဇ်က စက်သည် လူသားများထက် စွမ်းအားပိုထက်သည်မှာ မှန်ကန်ကြောင်း၊ မြေသယ်စက်ကြီး တစ်လုံးက လူသားပေါင်း များစွာ၏ လုပ်အားနှင့်ညီမျှစွာ လုပ်ဆောင်နိုင်သည် မှန်သော်လည်း ယင်းမြေသယ်စက်ကြီးက လူသားကို ဝါးစားသွားမည်ကို စိုးရိမ်စရာ မလိုဟုဆိုသည်။ 

သမ္မတပူတင်က ဉာဏ်ရည်တုနည်းပညာသည် ရုရှားနိုင်ငံ၏ အနာဂတ်သာမက လူသား အားလုံးအတွက်လည်း ဖြစ်သင့်ကြောင်း ယခင်က ပြောကြားခဲ့သော်လည်း အနာဂတ်တွင် လူသားတို့အပေါ် ခြိမ်းခြောက်မှုများ ရှိလာနိုင်ကြောင်းကို သတိပေး ပြောကြားခဲ့သည်။ 

ထို့ပြင် သမ္မတက AI ခေါ်သည့် နည်းပညာကို ပိုင်နိုင်စွာ ထိန်းချုပ်ကိုင်တွယ်နိုင်သည့်နိုင်ငံသည် ကမ္ဘာကို စိုးမိုးအုပ်ချုပ်နိုင်မည့်သူများ ဖြစ်လာနိုင်မည်ဟုလည်း ထောက်ပြ ဆွေးနွေးခဲ့သည်။

သမ္မတက မိမိတို့နိုင်ငံ အနေနှင့် အခြားသော တီထွင်မှုများနှင့် ပဋိပက္ခ မဖြစ်စေရေးအတွက် တတ်သိမှုများကို အချင်းချင်း ဝေမျှဆောင်ရွက်ရန် ဆန္ဒရှိကြောင်းလည်း ပြောကြားခဲ့သည်။

ထို့ပြင် ပူတင်အနေနှင့် Telsa ကုမ္ပဏီကို ထူထောင်သူ အီလန်မာ့စ်နှင့်လည်း အနာဂတ်တွင် AI နည်းပညာများကို ပူးပေါင်း ဆောင်ရွက်ရန် တိုင်ပင်ဆွေးနွေးလျက်ရှိပြီး အမေရိကန်တီထွင် လုပ်ငန်းရှင်ကြီး တစ်ဦးအနေနှင့် ထူးခြားစွာ ရုရှားသမ္မတ၏ မျက်နှာပေးခြင်း ခံရသူဖြစ်လာခဲ့ရသည်။ 

အီလန်မာ့စ်အနေနှင့် စက်ရုပ်များက လူသားတို့ကို ဆန့်ကျင်သည့် လက်နက်ကိုင် ဖျက်ဆီးရေး လုပ်ငန်းများ လုပ်ဆောင်လာမည်ကို စိုးရိမ်နေသော်လည်း၊ Facebook ကို တီထွင်သူ မာ့ခ် ဇူကာဘတ်ကမူ AI နည်းပညာကို အကောင်းမြင်ပြီး ဆိုရှယ် မီဒီယာအတွက် အကောင်းဆုံး အသုံးချသွားနိုင်ရန် စီစဉ်လျက်ရှိသည်။

  • VIA