News

POST TYPE

IT

ကြေးခေတ်သင်္ချိုင်း
24-Sep-2017

ဂါရီ ချမ်ပီယံဆိုသူသည် အသက် ၄၈ နှစ်အရွယ်ဖြစ်ပြီး အင်္ဂလန်နိုင်ငံ Suffolk County အရပ်တွင် နေထိုင်သည်။ သူသည် သတ္တုများကို ထောက်လှမ်းသည့် (detector) ရှာဖွေရေး ကိရိယာတစ်ခုဖြင့် မြေအောက်တွင် ဖုံးကွယ်ထားသည့် ရတနာများကို ရှာဖွေရခြင်းအား အလွန်ဝါသနာကြီးသူလည်း ဖြစ်သည်။ 

စက်တစ်လုံးဖြင့် နေရာအနှံ့ ရှာဖွေရင်းက ရှေးဟောင်းရွှေဒင်္ဂါးပြားများကိုလည်း ရဖူးသည်။ သူက မြေနေရာအနေအထားများကို ရှေးအကျဆုံးနေရာအား Google Maps ပေါ်တွင် ရှာဖွေပြီး ရှေးဟောင်းရတနာများ ရှိနိုင်မည့် နေရာကို ခန့်မှန်းတတ်သည်။ တစ်နေ့တွင် သူသည် ဂြိုဟ်တုကတစ်ဆင့် ဖော်ပြသောပုံ၌ ထူးဆန်းသည့် စက်ဝိုင်းများ၊ လိုင်းများကို တွေ့လိုက်ရသည်။ မြေပြင်ပေါ်တွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော မြင်ကွင်းများ ဖြစ်သောကြောင့် ထိုနေရာကို Google Maps က တစ်ဆင့် ရိုက်ယူထားသည့် ပုံများအရ ရှာဖွေစူးစမ်းလေတော့သည်။

သူက Google Maps ကတစ်ဆင့် သူတွေ့ရှိသည့် ပုံများကို ဒေသဆိုင်ရာ အာဏာပိုင်များအား သွားရောက်တင်ပြပြီး တရားဝင် တူးဖော်ခွင့်တောင်းသည်။ သူတို့တွေ့ရှိသည့် နေရာသည် ဘီစီ ၂၃၀၀ မှ ၇၀၀ ကြားဟု ခန့်မှန်းရသည့် လူသေများမြှုပ်နှံသော သင်္ချိုင်းဟောင်းတစ်ခု နေရာဖြစ်နေသည်။ ရှေးဟောင်းသုတေသနပညာရှင်များနှင့် ပူးပေါင်းပြီး တူးကြည့်ကြရာ တန်ဖိုးရှိသော ကျောက်များ၊ အဆောင်ပစ္စည်း များစွာကို တွေ့ရှိပြီး ပြတိုက်တွင် ပြထားနိုင်ခဲ့သည်။

ထိုနေရာသည် ပိုင်ရှင်ရှိသော နေရာတစ်ခု ဖြစ်နေပြီး ပိုင်ရှင်၏ ခွင့်ပြုချက်မရဘဲ မြေလှန်ရှာ၍ မရနိုင်သည့် နေရာတစ်ခု ဖြစ်နေသည်။ ဥပဒေအရ ထိုမြေမှ တူးဖော်ရသည့် ပစ္စည်းတိုင်းကို မြေပိုင်ရှင်ကသာ ပိုင်ဆိုင်ခွင့်ရှိသည်။ ပြတိုက်မရောက်သည့် ပစ္စည်းပေါင်း မည်မျှ ရှိနေသေးသည်ကို မည်သူမှ မသိပေ။