News

POST TYPE

IT

ပလိုင်းမောက်မှ ဂျူးသင်္ချိုင်း
24-Sep-2017 tagged as

၂၀၁၆ ခုနှစ်တွင် ဂျယ်ရီဆစ်လေး ဆိုသူကို အင်္ဂလန်နိုင်ငံ၊ ပလိုင်းမောက်အရပ်ရှိ ဟီးဘရူးဝတ်ကျောင်း တစ်ခုတွင် အစောင့်အဖြစ် ငှားရမ်းထားခဲ့သည်။ သူသည် ဘုရားကျောင်းပိုင် မြေနေရာ ဖြစ်သည့် လမ့်ဟေးတောင်ကြောပေါ်ရှိ မြေကွက်လပ်တစ်ခုတွင် သီးနှံများကို စိုက်ပျိုးလေသည်။ သူသည် သီးနှံများကို စိုက်ပျိုးရန် မြေများကို တူးဆွသည့်အခါတွင် ကျောက်ချပ်များကို တွေ့ရသည်။ ကျောက်ချပ်များပေါ်မှ စာများကို မဖတ်တတ်သော်လည်း ၁၈၅၀ ဆိုသည့် သင်္ကေတများကို တွေ့နေရသည်။

ဂျယ်ရီသည် သူနေသည့် နေရာကို Google Mapsက တစ်ဆင့် အမျိုးမျိုး ပုံကြီးချဲ့ကြည့်သည်။ ထူးဆန်းစွာဖြင့် ဖုံးကွယ်ထားသော သင်္ချိုင်းမြေနေရာကြီး ဖြစ်နေသည်ကို ဂြိုဟ်တုက ဖော်ပြချက်များအရ သိလိုက်ရသည်။ သူက ဂြိုဟ်တုပုံရိပ်ကတစ်ဆင့် တွှေိ့သည့် ကျောက်ဖျာလို တံခါးချပ်တစ်ချပ်ကို တူးကြည့်ရာ သင်္ချိုင်းဝင်ပေါက် ဖြစ်နေကြောင်းတွေ့ရသည်။ ဟီးဘရူးစာများဖြင့် ရေးထားသည့် သင်္ချိုင်းကျောက်ချပ်များစွာကို ပြန်လည်ဖော်ထုတ်နိုင်ခဲ့သည်။

သူက ဒေသဆိုင်ရာ အာဏာပိုင်များထံ အကြောင်းကြားပြီး ထိုနေရာကို မြေလှန်ကြည့်ကြသည်။ ထူးဆန်းစွာဖြင့် ရှေးခေတ်ဂျူးတို့၏ သင်္ချိုင်းတစ်ခုကို ပြန်ပြီး ခြေရာခံမိသည်။ ဂြိုဟ်တုပုံရိပ်များကြောင့် ပြန်လည်ဖော်ထုတ်နိုင်ခြင်း ဖြစ်ပြီး နိုင်ငံခြားသားများ လာရောက်လေ့လာစရာ နေရာတစ်နေရာ ဖြစ်သွားသည်။ နွေရာသီရောက်တိုင်း ပလိုင်းမောက်သို့ ဂျူးများလာရောက်ပြီး ပွဲများလုပ်ကြသည်။ သမိုင်းဝင် အထိမ်းအမှတ် နေရာတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီး လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်။ 

  • TAGS