News

POST TYPE

IT

တူရကီ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် မြန်မာအလုပ်သမား ၈ သောင်းကျော်၏ ကိုယ်ရေးအချက်အလက် (CV) များ ပေါက်ကြား
01-Sep-2017 tagged as နည်းပညာ

ရခိုင်ဒေသတွင် ဖြစ်ပွားနေသည့် အခြေအနေများနှင့် ပတ်သက်ပြီး တူရကီအခြေစိုက် ဟက်ကာများက မြန်မာအစိုးရနှင့် ဝန်ကြီးဌာန ဝက်ဘ်ဆိုက်များ၊ မြန်မာနိုင်ငံမှ လွှင့်တင်ထားသည့် ဝက်ဆိုက်များကို ဆိုက်ဘာတိုက်ခိုက်ခဲ့ပြီး မြန်မာအလုပ်သမား ၈ သောင်းကျော်၏ ကိုရေးအချက်အလက် (CV) များ ပေါက်ကြားခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခံရသည့် ဝက်ဆိုက်များထဲမှ http://myanmarcareerconyat.com.mm အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်၏ Database ပေါက်ကြားခဲ့ရပြီး အလုပ်အကိုင် ရှာဖွေထားသူများ၏ ကိုယ်ရေးအချက်အလက်များကို ရယူသိမ်းဆည်းခဲ့သည်ဟု တူရကီအခြေစိုက် ဟက်ကာအဖွဲ့က ၎င်းတို့၏ တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

ဆိုက်ဘာစစ်ပွဲအသွင် ဆောင်လာသည့် တိုက်ခိုက်မှုများ ဖြစ်ပွားချိန်တွင် အစိုးရနှင့် နိုင်ငံပိုင်ဝက်ဘ်ဆိုက်များ အနေဖြင့် ဆိုက်ဘာလုံခြုံရေးကို အထူးအရေးပေး ဆောင်ရွက်ထားရန်လိုအပ်ကြောင်း ပြည်တွင်းဆိုက်ဘာနည်းပညာရှင်များက ဆိုသည်။

ကနဦးသတင်းများအရ မြန်မာအစိုးရဝန်ကြီးဌာန ဝက်ဘ်ဆိုက် ၂၂ ခုကို တိုက်ခိုက်ခံခဲ့ရပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ လွှင့်တင်ထားသည့် ဝက်ဘ်ဆိုက်များကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာခြင်း ဖြစ်သည်။

မြန်မာ UG Hacker များအနေဖြင့် ဆိုက်ဘာတိုက်ခိုက်ခံရမှု ဖြစ်ပွားနေစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် ဝက်ဘ်ဆိုက်များကို တုံ့ပြန်တိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့သည်။

ဆိုက်ဘာတိုက်ခိုက်ခံရမှုများနှင့် ပတ်သက်ပြီး “ဆိုက်ဘာလုံခြုံရေးက အရေးကြီးနေပါတယ်။ ဒီထက်ပိုပြီး တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အွန်လိုင်းပေါ်မှာတော့ ထိခိုက်မှုတွေ အများကြီး မရှိနိုင်ပါဘူး။ နောက်ပိုင်းတော့ လိုအပ်လာမှာပါ။ ကျွန်တော်တို့ဘက်က စာထုတ်ပြီး အသိပေး နှိုးဆော်တာတွေ လုပ်ဆောင်နေတာတွေ ရှိပါတယ်" ဟု သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးခန့်က The Voice ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားထားသည်။

လက်ရှိဖြစ်ပွားခဲ့သည့် ကိုယ်ရေးအချက်အလက် (CV) များပေါက်ကြားမှုသည် ရှေ့ပြေးတိုက်ခိုက်မှု အနေဖြင့် ဆိုက်ဘာလုံခြုံရေး လိုအပ်ချက်ကို ထောက်ပြနေခြင်းဖြစ်ပြီး အစိုးရနှင့် ဝန်ကြီးဌာန ဝက်ဘ်ဆိုက်များ အနေဖြင့် အချက်အလက်လုံခြုံရေးကို အထူးသတိပြုရန် လိုအပ်သည်ဟုလည်း ပြည်တွင်းဆိုက်ဘာလုံခြုံရေး ပညာရှင်တစ်ဦးဖြစ်သူကိုရန်နိုင်မြင့်က ဝေဖန်ထားသည်။

ဆိုက်ဘာတိုက်ခိုက်ခံရမှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းအချက်အလက် ထုတ်ပြန်ရေးကော်မတီက တိုက်ခိုက်ခံရသည့် ဝက်ဘ်ဆိုက်များကို ပြန်လည်ပြုပြင်ထားကြောင်း၊ ဆိုက်ဘာတိုက်ခိုက်ခံရမှုများ ဖြစ်ပွားပါက နည်းပညာ အကူအညီရယူရန်အတွက် မြန်မာနိုင်ငံ ကွန်ပျူတာအရေးပေါ်တုံ့ပြန်မှုအဖွဲ့ (MMCERT) နှင့် အမျိုးသားဆိုက်ဘာလုံခြုံရေး ဗဟိုဌာနတို့ထံသို့ ဆက်သွယ်ပြီး အကူအညီတောင်ခံနိုင်ကြောင်း စက်တင်ဘာလ ၁ ရက် ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် ထုတ်ပြန်ဖော်ပြထားသည်။ မြန်မာနိုင်ငံ ကွန်ပျူတာအရေးပေါ်တုံ့ပြန်မှုအဖွဲ့ (MMCERT) ဖုန်း ၀၁ ၆၅၀၈၉၁ နှင့် အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန ဖုန်း ၀၆၇ ၇၄၂၂၆၃၃ တို့သို့ ဆက်သွယ်ပြီး နည်းပညာ အကူအညီများ ရယူနိုင်မည်ဟုလည်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

By the cyber attack of Turkish Hackers, Personal Information (CV) of about 80 Thousands of person are seized

Related to issues in Rakhine State, Turkish Hackers are attacking Myanmar Web Sites including government web sites & they, call themselves as Ayyıldız Tim, posted that Personal Informations (CV) of over 80,000 persons are seized.

Database of http://myanmarcareerconyat.com.mm was penetrated and those people's CV are seized. "CV information and account information of approximately 80 thousand persons belonging to Myanmar career job finding site are handled by us" (Translated to english from Turkish), they posted to their twitter account.

Local Myanmar IT Technicians say that "In the situation of becoming as Cyber War, it is really important to care Cyber Security on Government websites including websites of Myanmar Companies"

22 of Myanmar websites including government websites were defaced at first and now the Myanmar Companies' website are being included as targets of Turkish hackers.

Myanmar UG Hackers are now attacking Bangladesh Websites in return of being attacked.

"Cyber Security is becoming important and it should be done more. There will be few impacts online but in the future, Cyber Security will become essential. We are giving notices and carrying on for this issue" said by Information & Cyber Security Department's Assistant Director U Nay Myo Khant.

"This attack, over 80 Thousands of CV of persons being seized, means Myanmar Government Websites & other websites are desperately needing Information Security" said by local Cyber Security Professional - Yan Naing Myint.

For these attacks, Myanmar Information Committee announced around 6:30PM MMT, that those defaced websites are now fixed and when there is any Cyber Security attacks are encountered, immediately contact and claim help from to Myanmar Computer Emergency Response Team (MMCERT) & National Cyber Security Headquater. Anyone can be able to contact to Myanmar Computer Emergency Response Team ( 01 650891 ) & National Cyber Security Headquater ( 067 7422633 ) and claim Technical Supports, that announcement says.

မောင်မန်း