POST TYPE
IT
အွန်လိုင်း Chat မှာ ဘယ်လိုစကားမျိုးတွေ မပြောသင့်ဘူးလဲ
12-Jul-2016
အွန်လိုင်းမှာ Chat Box ကနေ ရိုင်းရိုင်းစိုင်း စိုင်းပြောဆိုတာမျိုးတွေ၊ ခြိမ်းခြောက် ပြောဆိုတာမျိုးတွေဟာ လူမှု အသိုင်းအဝိုင်းမှာ လက်မခံနိုင်တဲ့ အပြုအမူဆိုးတွေပါ။ ဒါ့အပြင် မပြောဆိုသင့်တဲ့ အချက်တွေလည်း ရှိနေပါသေးတယ်။ သိထားပြီးသား လူ့ကျင့်ဝတ်တွေ ဖြစ်ပေမယ့် အွန်လိုင်းမှာတော့ ကျူးလွန်မိတတ်ကြပါတယ်။ တချို့လည်း မသိလို့ပဲဖြစ်ဖြစ် ကျူးလွန်မိတတ်ကြပါတယ်။ ဒီလိုပြောဆိုမှုတွေကြောင့် တစ်ဖက်လူက ကိုယ့်အပေါ် အထင်သေးတာမျိုး၊ ပစ်ပယ်တာမျိုး မဖြစ်စေဖို့ ဒီတစ်ပတ်အတွက် ဖော်ပြပေး လိုက်ပါတယ်။
ဘယ်မှာနေလဲ၊ ဘာလုပ်သလဲ

လူမျိုးရေးခွဲခြားတာ
ဒါက ကျွန်တော်တို့နိုင်ငံမှာ အများအပြား ဖြစ်နေတာကတော့ မဟုတ်ပါဘူး။ ဖေ့ဘွတ်လို လူမှုကွန်ရက်က ပြည်တွင်းမှာ အားကောင်း လာချိန်မှာတော့ ဒီကိစ္စက တစ်စတစ်စ ကြားလာရပါတယ်။ တချို့က ဘာလူမျိုးလဲ မေးတယ်။ ဒီထက်ပိုတာကတော့ ဗမာလား၊ ကုလားလား စသည်ဖြင့် မေးတတ်ပါတယ်။ အလွန်ရိုင်းစိုင်းတဲ့ အပြုအမူပါ။ သူ့အကြောင်းကို သူ့ပရိုဖိုင်မှာ လေ့လာနိုင်ပါတယ်။ ကိုယ်မနှစ်သက်ရင် မပတ်သက်ဖို့ပါပဲ။ ဒါကို Chat Box အထိ သွားမေးတာကတော့ ရိုင်းပျ စော်ကားမှုပါပဲ။ ဒါမျိုး မလုပ်ဖို့ ဆင်ခြင်သင့် ပါတယ်။
လိင်ပိုင်းဆိုင်ရာ စော်ကားတာ
ဘယ်သူ့ကိုမှ ဘယ်သူကမှ ဘာအကြောင်းနဲ့မှ မလုပ်သင့်တဲ့ လုပ်ရပ်ပါ။ လူမှုကွန်ရက်ပေါ်မှာ အချိန်ပြည့် ရှိနေတတ်တဲ့ သူတွေကို ပိုပြီး ပစ်မှတ် ထားတတ်ကြပါတယ်။ အမျိုးသမီးတွေကို အဓိကထားပြီးပေါ့။ အွန်လိုင်းကနေ အလုပ်အချိန်ပြည့် လုပ်တတ်သူတွေအဖို့ အွန်လိုင်းမှာ ရှိနေချိန်ဟာ အလုပ်လုပ်နေတာပါ။ ဒါကို နားလည် သဘောပေါက်ဖို့ လိုပါတယ်။ ဒီလိုမဟုတ်ဘဲ အွန်လိုင်းမှာ အချိန်ပြည့် ရှိနေသူကို သွေးတိုးစမ်းတာမျိုး၊ လိင်ပိုင်းဆိုင်ရာ စော်ကား ပြောဆိုတာမျိုးတွေ မလုပ်အပ်ပါဘူး။ ဒါဟာ ဥပဒေအရလည်း အရေး ယူခံရနိုင်ပါတယ်။
အထက်ပါ အချက်တွေက သိရှိထားပြီး ဖြစ်နိုင်ပေမယ့် လူပေါင်း စုံသုံးနေတဲ့ လူမှုကွန်ရက်ပေါ်မှာတော့ တကယ်ကို ဖြစ်ပွားနေတာပါ။ ဒီလို ကျူးလွန်မှုတွေက ကျူးလွန်သူအတွက် ထိခိုက်မှု မရှိပေမယ့် ခံရသူအဖို့မှာတော့ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒါ့အပြင် ကျူးလွန်သူအဖို့လည်း လူမှု အသိုင်းအဝိုင်းမှာ သိက္ခာ မရှိတဲ့သူလို့ သတ်မှတ် ခံရနိုင်ပါတယ်။
ဒါမျိုးတွေကို သိရက်နဲ့ဖြစ်စေ၊ မသိလို့ဖြစ်စေ မကျူးလွန်မိစေဖို့ ဒီတစ်ပတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။
- SOURCES
- The Voice
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021