POST TYPE
IT
4G ကွန်ရက်ကို အထောက်အပံ့ ပေးမယ့် စမတ်ဖုန်းသစ် OPPO A 37
12-Jul-2016
4G ကွန်ရက်ကို အထောက်အပံ့ ပေးမယ့် စမတ်ဖုန်းသစ် OPPO A 37

မျက်နှာပြင် အရွယ်အစားနဲ့ အရည်အသွေး
မျက်နှာပြင် အရွယ်အစား ၅ လက်မ ရှိပါတယ်။ ကိုင်ဆောင်ရတာ သက်သောင့်သက်သာ ရှိစေတဲ့ အရွယ်အစားပါ။ မျက်နှာပြင် အရည်အသွေးက 720 x 1280 pixels ရှိပါတယ်။ ပုံရိပ် သိပ်သည်းဆက 294 ppi ရှိပါတယ်။ IPS LCD မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ မျက်နှာပြင် ထိခိုက်မှုကို ကာကွယ်ဖို့အတွက် Corning Gorilla Glass 4 ကို အသုံးပြုထားပါတယ်။ Color OS 3.0 ကို ထည့်သွင်း အသုံးပြုထားပါတယ်။
ကင်မရာ စွမ်းဆောင်ရည်
ကင်မရာ အရည်အသွေးက 8 MP ရှိပါတယ်။ ရှေ့ကင်မရာ အရည်အသွေးက 5 MP ပါ။ Geo-tagging, touch focus, face detection, panorama စတဲ့ ကင်မရာ စွမ်းဆောင်ချက်တွေ ပါဝင်ပါတယ်။ Auto-focus, LED Flash စတဲ့ စွမ်းဆောင်ချက်တွေလည်း ပါဝင်ပါတယ်။ အရည်အသွေးမြင့် ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။
ဘက်ထရီ အရည်အသွေး
ဘက်ထရီ အရည်အသွေးက Li-Ion 2630 mAh ရှိပါတယ်။ တစ်ရက်တာ အသုံးပြုမှုအတွက် လုံလောက်တဲ့ ပမာဏ ဖြစ်ပါတယ်။ ဘက်ထရီကိုတော့ ဖြုတ်လို့ရမှာ မဟုတ်ပါဘူး။ ဘက်ထရီ စွမ်းဆောင်ရည်ပိုင်းမှာလည်း ကျေနပ်ဖွယ်ပါ။
အခြားစွမ်းဆောင်ရည်များ
OS ကို Android ဗားရှင်း 5.1 (Lollipop) ကို အသုံးပြုထားပါတယ်။ CPU က Quad-core 1.2 GHz Cortex-A53 ကို အသုံးပြုထားပါတယ်။ Snapdragon 410 Chipset ကို အသုံးပြုထားပါတယ်။ ဖုန်းအတွင်း သိုမှီးနိုင်မှုက 16 GB ရှိပါတယ်။ ဖုန်းအတွင်း သိုမှီးနိုင်မှုကို 256 GB အထိ မြှင့်တင် အသုံးပြုနိုင်ပါတယ်။ RAM က 2GB ဖြစ်ပါတယ်။ Accelerometer, Proximity, Compass စတဲ့ အာရုံခံ စနစ်တွေ ပါဝင်ပါတယ်။
ပရိုမိုးရှင်း အစီအစဉ် အနေနဲ့ ဇူလိုင်လ ၁ ရက်ကနေ သြဂုတ်လ ၁၅ ရက်အတွင်း ဝယ်ယူသူတွေအတွက် Selfie Stick အပါအဝင် လက်ဆောင် ၃ မျိုး ရရှိနိုင်မယ့်အပြင် အပို ဆောင်းလက်ဆောင်အဖြစ် 32 GB SD Card ကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အူရီဒူး ဆင်းမ်ကတ် တစ်ကတ် လက်ဆောင် ထည့်သွင်းပေးထားမှာဖြစ်ပြီး ယင်းကတ်အတွင်း 4 GB ပမာဏရှိတဲ့ 4G Plus အင်တာနက် ဒေတာ အသုံးပြုခွင့် ပါဝင်မှာ ဖြစ်ပါတယ်။
ဈေးနှုန်း အနေနဲ့ ကျပ် ၂၂၉,ဝဝဝ သတ်မှတ်ထားပါတယ်။ အရောင်အနေနဲ့ ရွှေရောင်နဲ့ Rose Gold နှစ်ရောင် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ပေးရတဲ့ ဈေးနှုန်းအပေါ်မှာ ထိုက်တန်တဲ့ အရည်အသွေးနဲ့ စွမ်းဆောင်ချက်တွေ ပါဝင်တဲ့ ဖုန်းဖြစ်တဲ့အတွက် ဒီတစ်ပတ်အတွက် ရွေးချယ်ဖော်ပြ ပေးလိုက်ပါတယ်။
- SOURCES
- The Voice
-
24-Feb-2019
-
24-Feb-2019
-
24-Feb-2019
-
24-Feb-2019
-
24-Feb-2019
-
24-Feb-2019
-
15-Feb-2019