25-Jun-2018
အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုဥပဒေမူကြမ်း ပေါ်ထွက်လာပြီးနောက် ယင်းဥပဒေပါအချက်များနှင့် ပတ်သက်၍ နိုင်ငံတော်၊ ဝန်ဆောင်မှုရယူသူ ပြည်သူနှင့် အိမ်၊ ခြံ၊ မြေလောကအတွက် အကျိုးသက်ရောက်မှု ရှိ၊ မရှိ ဟူသည့်မေးခွန်းအပေါ် မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းတာဝန်ရှိသူများနှင့် အကျိုးဆောင်အချို့၏ အမြင်၊ သဘောထားများကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ ပြည်ထောင်စုလွှတ်တော်ရုံးက အများပြည်သူ သိရှိလေ့လာအကြံပြုနိုင်ရန် အိမ်၊ ခြံ၊ မြေဝန်ဆောင်မှု ဥပဒေကြမ်းကို နိုင်ငံပိုင်သတင်းစာများမှနေ၍ ဇွန်လ ၁၅ ရက်နေ့တွင် ဖော်ပြခဲ့သော ယင်းဥပဒေကြမ်းတွင် စာမျက်နှာ ၁၁ မျက်နှာပါရှိပြီး အပိုဒ် ၃၃ ပိုဒ် ပါဝင်ရေးဆွဲထားသည်။