21-Jul-2020
ဇူလိုင်လ ၁၃ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်တွင် ၂၀၂၀ ပြည့်နှစ်အတွက် တင်သွင်းထားသည့် အခွန်အကောက်ဥပဒေကြမ်းတွင် အခွန်ဖြေလျှော့မှုများပြုလုပ်ခဲ့ခြင်းမရှိဘဲ ယခင်နှုန်းထားအတိုင်း အခွန်များဆက်လက်ကောက်ခံမည့်အချက်များ ပါဝင်ခဲ့သည်။ လက်ရှိတွင် ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုများရှိခဲ့ကာ ယင်းအခွန်နှုန်းထားကောက်ခံမှုအပေါ် လုပ်ငန်းရှင်များအနေနှင့် ဝေဖန်မှုများရှိနေပြီး ယင်းအခွန်ဥပဒေအပေါ် စီးပွားရေးလုပ်ငန်းရှင်များ၏ အမြင်များကို စုစည်းတင်ပြလိုက်သည်။