26-Mar-2019
မတ်လ ၂၀ ရက်တွင် myanmarpresidentoffice.gov.mm ကို ဆိုက်ဘာတိုက်ခိုက်ခံရပြီး Deface ပြုလုပ်ခြင်းခံခဲ့ရသည်။ ယင်းသို့ တိုက်ခိုက်ခံရခြင်းအပေါ် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက သတင်းမှားသာဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော် ယင်းနှင့်ပတ်သက်၍ အတည်ပြုမေးမြန်းရာတွင် myanmarpresidentoffice. gov.mm မှာ အသုံးမပြုဘဲထားသည့် ဝက်ဘ်ဆိုက်သာဖြစ်ကြောင်း ထပ်မံဖြေကြားခဲ့သည်။ ယင်းတိုက်ခိုက်ခံရသည့် myanmarpresidentoffice.gov.mm သည် သမ္မတရုံးမှ တိုးချဲ့ထားသည့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်ကြောင်း ၂၀၁၃ ခုနှစ်က သမ္မတရုံးတာဝန်ရှိသူကပင် ထုတ်ပြန်ထားခြင်းဖြစ်သည်။ တိုက်ခိုက်ခံရပြီး နောက်တွင် myanmarpresidentoffice.gov.mm Domain ကိုလည်း ဖျက်သိမ်းသွားသည်ကို တွေ့ရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းမှန်သည်၊ သတင်းမှားသည် စသော ဝေဖန်မှုများ၊ အငြင်းပွားမှုများလည်း ဖြစ်ပေါ်ခဲ့သဖြင့် သက်ဆိုင်ရာနယ်ပယ်မှ ပညာရှင်များ၏ အမြင်များကို စုစည်းဖော်ပြအပ်ပါသည်။