News

POST TYPE

INTERVIEW

ဘူမိဗေဒနှင့် သဘာဝ ဝန်းကျင်ဆိုင်ရာ ပညာရှင် ဦးစိုးအောင်နှင့် တွေ့ဆုံခြင်း (၁)
13-May-2017 tagged as သဘာဝ

မြန်မာနိုင်ငံ၏ ယိုယွင်းကုန်ဆုံးနေသော သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများကို ထိန်းသိမ်းကယ်ဆယ်ရန် လိုအပ်နေသော အခြေအနေ၊ မြန်မာနိုင်ငံသို့  ပြည်ပမှ ပြန်လာကာ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ယင်းနှင့်ပတ်သက်သည့် ပညာရှင်အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့သူ၊ အမေရိကန်ပြည်ထောင်စုရှိ Greenfield International Corporation တွင် ၂၀၀၃ ခုနှစ်မှ လက်ရှိတိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ဘူမိဗေဒနှင့် သဘာဝ ဝန်းကျင်ဆိုင်ရာ ပညာရှင် ဦးစိုးအောင်ကို တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါသည်။ 

Voice - လက်ရှိ ဆရာပြန်ရောက်လာတဲ့ အချိန်မှာ ကျွန်တော်နိုင်ငံတို့ပိုင်တဲ့ သစ်၊ ကျွန်းသစ်၊ သယံဇာတ သဘာဝသယံဇာတတွေ အပေါ်မှာ ဆရာမြင်တွေ့တဲ့အပေါ် ဘယ်အချက်တွေက အဓိကကိုင်တွယ်ဖို့ လိုတယ်လို့ ထင်လဲ ခင်ဗျ။

USA - ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ပြောရမယ် ဆိုရင်တော့ တော်တော်လေးကို ညှိုးနွမ်းနေပြီပေါ့နော်၊ ကျွန်တော် ရောက်လာပြီးကတည်းက အခုထက်ထိ  ကျွန်တော်ကြည့်နေတာကိုပဲ အားတော့မရသေးဘူးပေါ့ဗျာ၊ လွယ်လွယ်နဲ့ ပြောရမယ်ဆိုရင် ကျွန်တော်တို့ ပတ်ဝန်းကျင်၊ မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင် တော်တော်လေး ယိုယွင်းနေတဲ့သဘော ရှိတယ်။ ယိုယွင်းတာကို  ဒီအတိုင်းပစ်ထားလို့တော့ မရဘူးလေ။ ပြန်လည်ကောင်းမွန်အောင် ဘယ်လိုကုစားမလဲ၊ အဖြေတွေ ရှာရမယ်။ ကုစားတဲ့နည်းတွေ ရှာတဲ့အခါမှာလည်း  ဘယ်လိုရှိရလဲဆိုတော့ ကျန်တဲ့နိုင်ငံတွေ အားလုံးမှာ  ရှိကြသလိုပဲ ကုစားတဲ့နည်းမှာ ဘယ်လိုပုံစံနဲ့ ကုစားမလဲ၊ ကုစားမယ်ဆိုရင် ဘယ်နေ့ကတည်းက ကုစားမလဲ။ အဲဒါက Immediate ပဲလို့ ပြောရမယ်။ ချက်ချင်းကို ကုစားရမယ်၊ ပြီးရင် Short Term Plan ရှိမယ်၊ Long Term Plan ရှိမယ်။ ဆရာတို့ ဒီလိုကုစားတဲ့အခါမှာ ဘာရှိရလဲဆိုတော့ ဗျူဟာပေါ့၊ နည်းဗျူဟာကို ချပေးရမယ်။ ကျွန်တော်တို့နိုင်ငံမှာ အဲဒါမရှိဘူး။ နည်းဗျူဟာမရှိဘဲ ကျွန်တော်တို့က လုပ်နေတဲ့အခါမှာ ဘာဖြစ်နေလဲဆိုတော့ ခေါင်းမရှိတဲ့ လူဖြစ်နေတယ်။ နည်းဗျူဟာ ကျွန်တော်တို့ဆီမှာ မရှိဘူး။ ဒီလုပ်ငန်းလုပ်နေကြပြီ ဆိုတော့ အဲဒါမရှိဘဲ ဘယ်လိုလုပ်နေကြသလဲ ဆိုတာ ကျွန်တော်အဲဒါကို စဉ်းစားတယ်။ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ ချပြီးသွားပြီ၊ ၂၀၁၂ မှာ ဥပဒေပေါ်တယ်၊ ၂၀၁၄ မှာ နည်းဥပဒေပေါ်တယ်၊ ၂၀၁၅ မှာ  လုပ်ထုံးလုပ်နည်းတွေပေါ်တယ် ဆိုတော့ အဲဒါတွေ မပါဘဲနဲ့ ရှိပြီဆိုတော့ ဒါလေးနဲ့ ဆက်လုပ်ဖို့ပဲ ရှိတော့တယ်၊ အဲ့ဒါလုပ်ဖို့အတွက် ဆိုရင် ကျွန်တော်က စဉ်းစားလိုက်တဲ့အခါမှာ ကျွန်တော်တို့ Plan သုံးခု သွားတွေ့တယ်။ နံပါတ်တစ်က ပေါ်လစီ Plan လို့ ခေါ်တယ်။ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေဆိုတာ ပေါ်လစီ Plan ပေါ့။ အဲဒီနည်းတွေကို ဘယ်လိုလုပ်ကြမလဲ၊ အဲဒါက ပထမဆုံးပဲ။  အဲဒါပြီးတဲ့အခါမှာ ကျွန်တော်တို့ ဘာလုပ်ကြမလဲဆိုရင် နည်းဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လိုဆက်လုပ်ကြမလဲ၊ နည်းဥပဒေအပိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က ထုတ်ပြီးသွားပြီ။ ၂၀၁၅၊  ဒီဇင်ဘာ ၂၅ ရက်နေ့က။  အဲဒီမှာ ပါတဲ့ဟာတွေက လုပ်ထုံးလုပ်နည်းနဲ့ တွဲသွားတာ။ သူက လုပ်ထုံးလုပ်နည်းတွေ ရှိတယ်။ အဲဒါပြီးတဲ့အခါမှာ တတိယအချက်က အရေးကြီးဆုံး ဖြစ်တယ်၊။ ဘာကြောင့် အရေးကြီးဆုံးဖြစ်လဲ ဆိုတော့ ကျွန်တော်တို့ဆီမှာ ဝန်းကျင်ဗေဒ ပညာရှင်တွေ ဘယ်လောက်ရှိလဲ ဆိုတာ ကျွန်တော် ဌာနဆိုင်ရာအနေနဲ့ မေးတယ်။ အစိုးရအဖွဲ့တွေလည်း မေးတယ်။ ဝန်းကျင်ဗေဒပညာရှင် ဆိုတာ တကယ်မရှိဘူး။ အဲဒီလိုမရှိတဲ့ဟာကို ပြန်ပြီးတော့ ဖြစ်လာအောင်လို့ ကျွန်တော်သူတို့ကို Training ပေးတယ်။ ကျွန်တော်အမြန်ဆုံးနဲ့ အဆင်ပြေဆုံး ဖြစ်အောင် ပေါက်ဖွားလာမယ့် ပညာရှင်တွေ၊  ကျွန်တော် စဉ်းစားလိုက်တယ်။ အဲဒီဟာကြီးတွေ လုပ်မယ့်အစား ပညာရှင် အရင်မွေးရမှာပေါ့။ ဒါမှ ငါတို့ပြန်ပြင်နိုင်မယ်ပေါ့။ အဲဒီအခါမှာ ကျွန်တော် ပြန်တိုင်ပင်တယ်။ ခင်ဗျားတို့ဆီမှာ Training ဘယ်လိုလုပ်နေလဲ။ သူတို့ဆီမှာ တကယ်လုပ်နေတဲ့ သူတွေကိုက မပြည့်ဝသေးဘူး။ အဲဒီတော့ တစ်ခါ ကျွန်တော် ဘယ်လိုပြန်စဉ်းစားလဲဆိုတော့ ဟုတ်ပြီ ဒါဆို ကျွန်တော်တို့ Training တွေ လုပ်ကြမယ်၊ အဲဒီတော့  ကျွန်တော် Training တွေ စပေးနေတယ်ပေါ့နော်၊ 

Voice - ဆရာက သင်တန်းတွေ ပို့ချပေးတယ်၊ နိုင်ငံအတွက် တတ်နိုင်သလောက် လုပ်ပေးတယ်၊ လုပ်ပေးတဲ့အပေါ်မှာ ကြုံတွေ့နေရတဲ့ အခက်ခဲက ဘာလဲဆရာ။

USA - ၂၀၁၄ ခုနှစ် အရင် ဦးသိန်းစိန်အစိုးရ လက်ထက်ကပေါ့၊ သူတို့နဲ့တွဲပြီး ဝန်ကြီးဌာနတွေ  သွားပြီးလုပ်တဲ့အခါမှာ မရလိုက်တဲ့ အတွက်ကြောင့် ကျွန်တော်က အခုတက်လာတဲ့ NLD တက်လာတဲ့အခါမှ ဒီလိုဒီလိုပဲဆိုပြီး ကျွန်တော့်ကို အကူအညီတောင်းတဲ့အခါ ဘယ်ဝန်ကြီးဌာန ဆိုပြီးတော့မှ ဒီလိုပဲဆက်ပြီး လုပ်တယ်ကိုင်တယ်။ လုပ်လိုက်တဲ့အခါမှာ ကျွန်တော်တို့ ဘာဖြစ်လာသလဲဆိုတော့ လုပ်ငန်းကော်မတီ ပေါ်တယ်၊ မြန်တယ်ပေါ့၊ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကတည်းကစပြီး ကျွန်တော် အလုပ်လုပ်တယ်၊ အလုပ်လုပ်တယ်ဆိုတာက ကျွန်တော် လူတွေလည်း နားလည်အောင် အဆင်လည်းပြေအောင် ဆိုပြီးတော့ ကျွန်တော်၊ ဘာလုပ်လည်း ဆိုတော့ Level-သုံးခုပဲ ပေးထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လည်း  ဖြည်းဖြည်းချင်း တက်လာအောင်၊ နားလည်အောင်။ Level-၁ ကဘာလဲဆိုရင် Intensive Post။  ကျွန်တော်တို့လုပ်တဲ့ Intensive Post ဆိုတာက Apply နဲ့ Academic က ကွာတယ်၊ ကျောင်းသားတွေကို စာသင်ပေးတတ်တာ၊ ပြီးတော့မှ သူတို့က လုပ်ငန်းခွင်ထဲကို ဝင်ပီးတော့မှ ပြန်ပြီးလေ့လာရတဲ့  ထရိန်နင်။ Apply က အဲဒီလိုမဟုတ်ဘူး၊ ကျွန်တော်တို့ ပညာသင်ပေးပြီးသွားတာနဲ့ ချက်ခြင်းအလုပ်လုပ်နိုင်တယ်။ ကျွန်တော်က အဲဒါကို သိတဲ့အခါကျတော့ အဲဒါကိုချက်ခြင်း Level-၃ ကို သွားခဲ့တယ်။ အချိန်တိုတိုအတွင်းမှာ ခရီးအရောက်ဆုံးဖြစ်အောင် ဘယ်လိုသင်မလဲ၊ ကြိုးစားရတယ်။ အဲဒီမှာ ပထမဆုံး Intensive Post အဲဒီမှာ လုပ်ထုံးလုပ်နည်းက မပါလို့မဖြစ်ဘူး၊ အဲဒီလုပ်ထုံးလုပ်နည်းက မရှိခဲ့ဘူး ဆိုရင် ဘာမှသုံးလို့ မရဘူး။  ဥပဒေတွေ၊ နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ အဓိကက ဘာလဲဆိုရင် အားရက်ပေးရတယ်၊ အဲဒါပြီးတဲ့အခါမှာ တတိယအဆင့် ကျွန်တော်သင်နေပြီ၊ သင်တဲ့အခါမှာ သူတို့ကို  ရီဂျင်နယ်တက္ကနစ် ဒါတွေဖြစ်ဖို့ ကျွန်တော်တို့ ဘယ်လိုလုပ်ပေးရမလဲ။ အဲဒါကို ဘယ်လိုကုစားမလဲ ဆိုတာကို  ကျွန်တော်က ဒုတိယအဆင့်မှာ သီအိုရီ လက်တွေ့အသုံးချနိုင်တဲ့ သီအိုရီတစ်ခု ကျွန်တော်ဆက်ပြီးတော့  သင်ရတယ်။ စာတွေ့နဲ့ မပြီးသေးဘူး။ လက်တွေ့လုပ်ဖို့ဆိုပြီး နောက်တစ်ဆင့်တက်ဖို့ ဒီအစိုးရအဖွဲ့ဆီ ကျွန်တော် ခေါ်သွားမယ်၊ လူပေါင်း ၄၆ ယောက် ရှိတယ်။ တော်တော်လည်း အားရပါတယ်၊ သယံဇာတနဲ့ သဘာဝ ဝန်ကြီးဌာနက ဒီ ၄၆ ယောက်လုံးကို သီအိုရီ သင်ပေးရုံနဲ့  မဖြစ်ပြန်ဘူး။ စစ်ဆေးရဦးမယ်၊ ဒီအစိုးရအဖွဲ့ကို တက်လာမယ့် အစီခံစာတွေ သူတို့က စစ်ဆေးရမယ်။ ဒီအဖွဲ့တွေ အဲဒီလိုဖြစ်ဖို့ဆိုရင် ဘာတွေဆက်လုပ်ရမလဲ၊ ကွင်းဆင်းရမယ်။ ကျွန်တော်တို့ ကွင်းဆင်းဖို့  အစီအစဉ်တွေ လုပ်နေပြီ၊ ကွင်းထဲမှာ ကျွန်တော်သင်ပေးမှာ၊ ဟောဒီလို စစ်ရတယ်၊ ဒီလိုလုပ်ရတယ်ဆိုတာ။ ကျွန်တော်တို့ရဲ့ Apply ဆိုတာ အဲဒါ၊ Apply  ရဲ့ ရည်ရွယ်ချက်မှာ အဲဒါရှိတယ်။ ကျွန်တော်က ထရိန်နင်အောက်ကို သွားထားတဲ့ အတွက်ကြောင့် ထရိန်နင်မှာတော့ တော်တော်ပြည့်စုံပါတယ်၊ ကျွန်တော်လာတုန်းက သုညပါ၊ ကျွန်တော့်နောက်မှာ ဘယ်သူမှမရှိဘူး၊ အခု ၁၆ ယောက် ရှိလာပြီ။ သူတို့ ၄၆ ယောက် ပြီးသွားရင် ကျွန်တော့်ဘက်မှာ ၅၀ ကျော် ဖြစ်လာပြီ။  ပြီးသွားပြီလားဆိုတော့ မပြီးသေးဘူးဗျ။ ကျွန်တော် ပြန်လာတဲ့အခါ Report တွေ ရေးရမယ်၊ ကျွန်တော်နဲ့ အတူတူ၊ အဲဒီတော့မှ သူတို့က နားလည်မှာပေါ့။ အခုဟာက ဘာမှမလုပ်ဘဲနဲ့ စစ်နေရတယ်ဆိုတော့ သူတို့မှာ အရမ်းအခက်အခဲ ရှိတယ်။ တစ်ဖက်က ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ ဒီဘက်က ပညာရှင်တွေနဲ့ သူတို့ကိုသာ သင်လိုက်ရတာ သူတို့ ဘယ်လိုစုံစမ်းရမှန်း မသိဘူး။ အဲဒီနှစ်ခုကြားမှာ တော်တော်ကြီးကို ကွာဟချက် ရှိတယ်။ အဲဒါ ကျွန်တော် လုံးဝတွေ့တယ်ပေါ့။ ဘယ်လိုပြန်စိစစ်ရမလဲ၊ ကျွန်တော် ဘယ်လိုပြန်လုပ်ပေးရမလဲ၊ ဒါရှာရမယ်။

Voice - ဆရာရဲ့ အတွေးအမြင်နဲ့ သင်တန်းပေးနေတာပဲ ရှိသေးတယ်။ အစိုးရက လက်ရှိမူအတိုင်း ဆက်သွားနေမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ မြေသယံဇာတ၊ ရေသယံဇာတ၊ သစ်တောသယံဇာတတွေ ဘယ်လောက်အထိ ကောင်းကျိုးဆိုးကျိုး ဖြစ်လာနိုင်မလဲ ဆရာ။

USA - အရင်အတိုင်းသာ သွားမယ်ဆိုရင်တော့ ကျွန်တော်တို့ တော်တော်ကြီးကို ဆိုးရွားသွားမယ်။ နှစ်ပေါင်းလေးငါး ခြောက်ဆယ်လောက် ကျွန်တော်တို့ လုပ်ခဲ့တဲ့ဟာတွေမှာ ပြန်ပြီးကုစားတာ မရှိခဲ့ဘူး။ ဖျက်ဆီးတာပဲရှိတယ်။ ဖျက်ဆီးတယ်ဆိုတဲ့ စကားလုံးက ကျွန်တော်တို့ သုံးရတယ်။ ဖျက်ဆီးတယ်ဆိုတာက သစ်တောတွေ ခုတ်တယ်၊ သယံဇာတတွေကို ပစ်စလက်ခတ် ထုတ်တယ်၊ အကုန်ပေါ့။ အကုန်ဖျက်ဆီးတယ်။ ပြီးခဲ့တဲ့အခါမှာ ကုစားတာ လုံးဝမရှိခဲ့ဘူး။  ကျွန်တော်တို့ နိုင်ငံကြီးကို ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံကြီးက တော်တော်အခြေအနေ ဆိုးနေတယ်။ ခုနက မူအတိုင်းသာ ဆက်သွားမယ်ဆိုရင် ပျက်ရုံပဲရှိတယ်။ Eco System ဆိုတဲ့ ကျွန်တော်တို့  မြန်မာနိုင်ငံရဲ့ အခြေအနေတစ်ခုလုံးက ပျက်သွားရုံပဲ ရှိမယ်၊ ပျက်သွားတာကို ပြန်လုပ်ဖို့ဆိုတာ တော်တော်ကြီးကို ခက်သွားမယ်။ ကုစားလို့ မရဘူးလား ဆိုတော့  ရသေးတယ်၊ ပြန်စရမယ်။ ပြန်တော့ မခုတ်နဲ့ပေါ့၊ သစ်ပင်တွေကို ပြန်စိုက်ရမယ်။ အောက်ကိုတူးတဲ့အခါမှာလည်း နှစ်ခုရှိတာကို မြေအောက်မှာတူးတာ ရှိတယ်၊ မြေပေါ်မှာ တူးတာရှိတယ်။ မြေအောက်မှာတူးရင်  ဘယ်လိုစနစ်တွေနဲ့ တူးရမယ်ဆိုတာ ကျွန်တော်တို့ ပေးရမယ်။ မြေပေါ်မှာဆိုလည်း မြေပေါ်မှာပေါ့။  အဲဒါတွေနဲ့ ဆရာရေ အဆင်ပြေရဲ့လား ဆိုတော့ မပြေသေးဘူးပေါ့။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ခေါင်းထဲမှာ အရင်ပုံစံကြီး ရှိတယ်။ အရင်ပုံစံကို အမှန်လို့ ထင်နေတယ်။ ဒါကိုပြင်ဖို့ဆိုရင် အရင်ပုံစံရဲ့ စိတ်ဓာတ်ပြင်ရမယ်။ လုပ်ငန်းရှင်တွေရော၊ ပညာရှင်တွေရော အစိုးရအဖွဲ့ဝင်တွေရော အကုန်လုံး Mind Set တွေပေါ့။ အဲဒီတော့ အခက်အခဲတွေ ဘာရှိလဲဆိုတော့ အဲဒီ Mind Set ပြင်ရမယ်။ တော်တော်ခက်တာပဲဗျ၊ သူတို့က နှစ်ပေါင်းမြောက်မြားစွာ ဒီ Mind Set နဲ့ နေခဲ့တဲ့သူတွေက  ချက်ချင်းပြောင်းမယ်ဆိုတော့ ချက်ချင်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒါကို ဖြည်းဖြည်းခြင်း ပြောင်းရမယ်။ လူတိုင်းကို ပြောနေတာ။ ကျွန်တော်အရင်တုန်းက Geologist ပဲ။ အဲဒီမှာ ကျွန်တော်နည်းနည်းလေး  ပြောချင်တာတစ်ခု ရှိတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက နားမလည်တဲ့သူတွေ ရှိတယ်။ 

Voice - အကယ်၍များ ဒီဟာကို လက်ရှိအစိုးရ သက်တမ်းမှာ ဒါကို ဖော်ဆောင်ဖို့အတွက်ကို ဘာတွေများ လိုအပ်မလဲ ဆရာ။ ဥပမာ - ငွေကြေးအပြင် လူတိုင်း လိုက်ပါနိုင်မှု တစ်ခုခုပေါ့။

USA - နံပါတ်တစ်က ဖျက်တဲ့သူကို ပြန်ရှာ။ ဥပမာ - အခုဖားကန့်မှာ တူးနေကြတယ်။ ဖားကန့်မှာ မတူးခဲ့ဘူး၊ သိပ်ကောင်းခဲ့တာ။ မကြာသေးဘူး တူးလိုက်တာ၊ သိပ်ကြောက်စရာကောင်းအောင် တူးလိုက်တာ၊ ဧကပေါင်းများစွာ တူးပြီးတော့ ဖျက်ဆီးလိုက်တာ။ အဲဒီဖျက်ဆီးတဲ့သူတွေက အဲဒီလုပ်ငန်းရှင်တွေပဲ သူတို့ဖျက်ဆီးတာကို သူတို့ပိုက်ဆံနဲ့ပြန်ပြီး ပြင်ပေးရမှာ။ ဒါကို သူတို့နားမလည်ဘူး။ ဆရာရေ နိုင်ငံခြားက အကူအညီလိုသလား၊ မလိုဘူး။ ဖားကန့်ဆိုတာ ကျောက်စိမ်းထွက်တာ။ ကျောက်စိမ်းဆိုတာ တစ်ခု။ တစ်ခုရောင်းရင် နည်းတဲ့ပိုက်ဆံ မဟုတ်ဘူး ရတာ၊ သူတို့ကိုပြန်ရှာ ဘယ်သူတွေလဲ နောက်ကဘယ်သူတွေ ပါသလဲ၊ သူတို့ဆီက ပိုက်ဆံပြန်တောင်းရဲရမယ်။ အဲ့ဒါက ပထမဆုံးလုပ်ရမယ်။ သူတို့တွေ ထွက်ပြေးကြတယ်၊ မလုပ်နိုင်ဘူး၊ ဘယ်လိုမှ မလုပ်နိုင်ဘူး ဆိုတော့မှ နိုင်ငံတကာကို အကူအညီတောင်းရမယ်။ ကျွန်တော်တို့နိုင်ငံမှာတင် မဟုတ်ဘူး။ အမေရိကန်နိုင်ငံမှာလည်း အတူတူပဲ။ အဲဒီလိုစက်ရုံတွေက ပစ်စလက်ခတ် လုပ်လိုက်တဲ့အခါမှာ ပိုက်ဆံက သူတို့အတွက် သိပ်လွယ်တယ်၊ တစ်ရက်ကို ဒေါ်လာတစ်သောင်းငါးထောင် ဖိုင်းချတယ်၊ အဲဒီလိုဖြစ်ခဲ့ရင် တစ်သောင်းငါးထောင်ဆိုတာ အမေရိကန်နိုင်ငံမှာ အများကြီးပဲ၊ ပေးရတာလေ။ ပေးရတဲ့အခါကျတော့ သူတို့ မလုပ်နိုင်တော့ဘူး။  အဲဒီကျတော့မှ အစိုးရကကိုင်တယ်၊ အဲဒီရန်ပုံငွေကို အစိုးရက နဂိုကတည်းက ရှိတယ်၊ ရှိလည်းရှိရမယ်။ နံပါတ်တစ် တရားခံဟာ အဲဒီလုပ်ငန်းရှင်ပဲ၊ ပိုက်ဆံပြန်တောင်းပြီး ပြင်မှာ။ ပြင်လို့မှ မရရင်တော့ နိုင်ငံတကာ အကူအညီယူရမယ်၊ နိုင်ငံတကာကို ပြောရမယ်။ ဒီလူတွေလာရင် တစ်သက်လုံး မပေးနဲ့ Black List သွင်းရမယ်၊ ရှင်းရှင်းလေးပဲ။ အဲဒီလိုလုပ်မယ် ဆိုရင်တော့ သိပ်အဆင်ပြေတယ်၊ ဒါပေမဲ့ နံပါတ်တစ်က သူတို့ပဲ။ တိုင်းပြည်က ဘာမှလုပ်စရာ မလိုဘူး။ သူတို့ဖျက်တာ ဘယ်သူက ဘယ်လိုဖြစ်တယ် ကျွန်တော် မသိဘူး။ ဒါပေမဲ့ သူတို့ဖျက်တယ်၊ ပြင်ဖို့ဆိုရင် ဒီလူတွေကို ကျွန်တော်တို့ ပြန်ရှာမယ်။ ဒီလူတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အလုပ်တွေ လုပ်ကြရမယ်။ ဒါပေမဲ့ ဒီလူတွေ ထွက်ပြေးခဲ့တယ် ဆိုရင်တော့ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ ဆက်လုပ်လို့ မရဘူး။ ကျွန်တော် လုပ်ချင်တာက နိုင်ငံတကာကို အရင်မထားနဲ့ တိုင်းပြည်ထဲက အဖျက်သမားတွေကို ပြန်ရှာရမယ်။ သူတို့ကို ပြင်းပြင်းထန်ထန် အရေးယူရမယ်။ ဒါမှ ကျွန်တော်တို့ အဆင်ပြေမှာ။ ဒါမှ ပြည်သူတွေက နားလည်မှာ။ ဒါမှ ငါတို့နိုင်ငံက တယ်ဟုတ်ပါလား၊  ငါတို့နိုင်ငံက ကြောက်ရပါလားဆိုတာ။ အခုသူတို့က မကြောက်ဘူးဗျ၊ ကြောက်စရာ ကောင်းအောင်မှ မလုပ်ထားတာကိုး။ မကြောက်တာကို ကြောက်အောင် လုပ်ပြရမယ်။ ဟာကြောက်စရာကြီးပဲ။ ကျွန်တော် သွားကြည့်ပြီးပြီ။ တော်တော်ကြောက်စရာ ကောင်းအောင် လုပ်ထားတာ၊ ဘာတစ်ခုမှ မကျန်အောင် လုပ်သွားတာ။ ပြန်အဖတ်ဆယ်လို့ မရအောင် ပျက်နေတယ်၊ အဲဒီတော့ ဘာလုပ်ကြမလဲ၊ ကျွန်တော်နိုင်ငံက တင်ဒါတွေခေါ်ပြီး ဒါတွေလုပ်ကြမယ်။ သူတို့က နိုင်ငံခြားသားကို သိပ်အထင်ကြီးတာ။ ကျွန်တော်တို့ကျတော့ အထင်မကြီးချင်ဘူး။ မြန်မာစကားပြောတဲ့ နိုင်ငံခြားသားတောင် သူတို့က အထင်မကြီးဘူး။ အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံခြားသား အရမ်းအထင်ကြီးတာ။ သူတို့က သိပ်ကြောက်စရာကောင်းတာ သူတို့မသိဘူး၊ သူတို့က  တစ်သန်းလောက်ထည့်ပြီး သန်းတစ်ရာလောက်ယူမှာကို မသိဘူး။ အဲဒါကြောင့် ကျွန်တော်ပြောတယ်။ မြန်မာနိုင်ငံက လူတွေနဲ့လုပ်ပါ။ ကျွန်တော် အဲဒီလိုပဲ ပြောတယ်။ မြန်မာနိုင်ငံမှာ အများကြီး၊ နိုင်ငံခြားမှာ အဲဒီလူတွေ အများကြီး ရှိတယ်။ သူတို့မလာရဲဘူး၊ ဘာကြောင့်လဲ။ ကျွန်တော်တို့ကွှို Welcome မရှိဘူး၊ ကျွန်တော့်မှာ ဘာမှမပါဘူးလို့ မှတ်တာ ကျွန်တော်က ပညာပေးမှာလေ။ အဲဒီပညာကို သိပ်ပြီးတော့ မယူချင်သလိုပဲ။ အဲဒီလိုဖြစ်နေတယ်၊ ကျွန်တော်တို့ လုပ်ငန်းတွေက  နှောင့်နှေးတယ်။

Voice - ပြီးခဲ့တဲ့ အစိုးရမှာရော၊ အခုလက်ရှိ အစိုးရအထိ ဖြစ်နေတဲ့ မြစ်ဆုံကိစ္စ ဆရာ ဘယ်လိုမြင်လ။ဲ

USA - အတူတူပဲ။ ကျွန်တော် အခုပြောမှာဆိုရင် လက်ပံတောင်းကိစ္စ၊ မြစ်ဆုံကိစ္စ၊ ဖားကန့်ကိစ္စ၊  သီလဝါ ရေနက်ကွင်းကိစ္စ၊ ထားဝယ်ဆိပ်ကမ်းကိစ္စ။ အများကြီးပဲ တစ်ခုထဲ မဟုတ်ဘူး၊ အများကြီးပဲဗျာ။ တရုတ်နဲ့ လုပ်နေတဲ့ ရေအားလျှပ်စစ်ကိစ္စ၊ သူတို့တွေ လုပ်နေတာတွေ တစ်ခုမှ မဟုတ်ဘူး။ အရင်အစိုးရ လက်ထက်မှာရော အခုအစိုးရ လက်ထက်မှာရော ထိုက်ထိုက်တန်တန် အရေးယူတာ ရှိသလား၊ မရှိသေးဘူး။ ခင်ဗျား ခုနကမေးတာကို ကျွန်တော်ဖြေမယ်။ မြစ်ဆုံကိစ္စ ရှင်းရှင်းလေး ကျွန်တော် ဖြေမယ်။ အဲဒီလုပ်ငန်းကို လုပ်တဲ့သူတွေဟာ၊ ပုဂ္ဂိုလ်တွေဟာ တရုတ်နိုင်ငံကလို့ ကျွန်တော် သိထားတယ်၊ ဒီတရုတ်နိုင်ငံက သူတွေဟာ မြစ်ဆုံကိစ္စ စလုပ်လုပ်ချင်းမှာ သူတို့ ဘာလုပ်သလဲဆို အဲဒီဘေးမှာရှိတဲ့ သဲတွေကို ကားအကြီးကြီးတွေနဲ့သယ်၊ တရုတ်နိုင်ငံကို ယူသွားတယ်။ ကျွန်တော်ပြောတာ မယုံဘူးဆိုရင် အဲဒီနားမှာရှိတဲ့သူတွေ မေးကြည့်။ သူတို့တွေ နေ့ရောညရော သယ်နေတယ်။ သဲတွေထဲမှာ ဘာတွေရှိတယ် ထင်တုန်း၊ ရွှေတွေဗျ။ ရွှေတောင်မှ အကောင်းဆုံးရွှေတွေ ဘယ်လောက်ကုန်သွားသလဲ ကျွန်တော်မသိဘူး။ ကျွန်တော်ဟိုကတည်းက နားထောင်နေတယ်။ ဟာ ဒီလောက်ဆည်ကြီးတွေ လုပ်ပေးမယ် ပြောပြီးတော့ တင်ဒါတွေကတော့ အများကြီးပဲနော်။ ဒါတွေကို ဘာကြောင့်  သူတို့နိုင်ငံ သယ်သွားသလဲ ကျွန်တော် သိတာပေါ့။ ကျွန်တော်တို့ရဲ့ ပထမဆုံး ရွှေတွေကက အဲဒီက စတာလေ။ ခင်ဗျားတို့ သယ်သွားပြီးပြီ အခုမှ ခင်ဗျားတို့  ကျွန်တော်တို့ကို နစ်နာကြေး ပေးရမယ်။ ခင်ဗျားတို့ ရွှေဘယ်လောက်ထုတ်သလဲပြော။ ဧရာဝတီမြစ်ကြီးတစ်ခု ပိတ်လိုက်ရင် အဲဒီအောက်မှာရှိတဲ့ ရွာတွေ အကုန်လုံး ဒုက္ခရောက်ပြီ။ ကျန်တာမကြည့်နဲ့ဦး။ ချင်းတွင်းမြစ်ကိုကြည့်။ ချင်းတွင်းမြစ်ကြီး အခုကောနေပြီ။ ဧရာဝတီကြီးကို ပိတ်မယ်၊ ဘယ်လိုဖြစ်မလဲ။ ဧရာဝတီမြစ်ကြီးက အဲဒါတွေကို ကျွန်တော်က မလုပ်သင့်ဘူး၊  မလုပ်ရဘူး။ ခင်ဗျားတို့ ပိုက်ဆံပြန်ပေးမယ်ဆိုရင် ကျွန်တော် တွက်တတ်တယ်။ အခုရွှေတွေရယ၊် သူတို့ ကျန်ခဲ့တဲ့ ဧရိယာရယ်၊ သူတို့ထုတ်ခဲ့တဲ့ ဧရိယာရယ်၊  အဲဒီဧရိယာနဲ့ ကျွန်တော် တောင်းမှာပဲ။ အဲဒီနှစ်ခု ယှဉ်ကြည့် ဒါပဲ။ 

Voice - ပြန်ထိမ်းသိန်းဖို့ပေါ့ အဲ့ဒါမျိုးလေး ခေါင်းစဉ်တစ်ခုလောက် ဘယ်ဟာကို ဥပမာပေးမလဲ ဘယ်ဟာကို စလုပ်သင့်တယ်လို့ ဆရာထင်လဲဗျ။

USA - ထိန်းသိမ်းဖို့ ရုတ်တရက်ကြီးဆို ကျွန်တော်လည်း မပြောနိုင်သေးဘူး၊ ဒီနေရာတွေကို လုပ်ဖို့က  နံပါတ်တစ်က ကျွန်တော်တို့က အဲဒါက မြန်မာနိုင်ငံမှာ မှားနေတာပေါ့။ ပထမဆုံး လုပ်ရမှာက ကွန်ဆာဗေးရှင်းလို့ ခေါ်တယ်။ ကွန်ဆာဗေးရှင်း ဆိုတာ ဟိုးအရင် စလုပ်ကတည်းက ဒီနေ့အထိ ထိမ်းသိန်းထားတာ ကွန်းဆာဗေးရှင်းလို့ ခေါ်တယ်။ နောက်တစ်ခါကျတော့  ပရီဗင်းရှင်း။ မပျက်အောင် ထိမ်းထားတာသူက။ ပျက်တော့ ပျက်နေပြီ၊ မပျက်အောင် ထိန်းထားတာ၊  နောက်တစ်ခုက ပရိုတက်ရှင်း။ ပျက်နေတာကို ပြင်ပြီး ပြန်ကောင်းအောင် လုပ်တာ။ အဲဒီတော့ ကျွန်တော်တို့တစ်တွေ ဘာစလုပ်ရမလဲ။ အခုချိန်မှာ ပျက်နေတယ်၊ အဲဒါက ရပ်လို့မရဘူးဗျ။ ဒီပိုင်ရှင်အောက်မှာ အလုပ်သမားတွေ ရှိတယ်။ အဲဒီထဲကမှ လေးယောက်လောက် အလုပ်မလုပ်ရင် ရပ်သွားမှာ ရပ်လို့ မရဘူး။ အလုပ်က မရပ်နဲ့။ အခု ကျွန်တော်ရပ်ဖို့ ဖြစ်နေတယ်။  ဘာကြောင့်လဲဆိုတော့ ဖားကန့်တို့၊ သပိတ်ကျင်းတို့မှာ လုတာယက်တာ သူပုန်နီးပါး ဖြစ်သွားတယ်။ ဘာကြောင့်လဲ။ သူတို့ငတ်နေကြပြီဗျ။ ကျွန်တော်တို့က အဲဒါကို စဉ်းစားရမယ်၊ ပြည်သူလူထုကို စဉ်းစားရမှာလေ။ သူဌေးကို စဉ်းစားလို့ မရဘူးလေ၊ သူက မှန်တာပေါ့ ရွှေထုတ်တာလေ။ အဲဒီတော့ ကျွန်တော်တို့က ဘာစဉ်းစားရမလဲဆိုတော့ လူထုကို ဦးစားပေးတဲ့ သဘာဝဝန်းကျင် ထိန်းသိမ်းရေးကို စလုပ်မှာ။ ဘာလုပ်ရမလဲ။ ခင်ဗျား ရွှေထုတ်နေတယ် ရွှေဆက်ထုတ်ပါ မရပ်နဲ့။ သူတို့ သက်တမ်းတွေ ပြည့်နေပြီ မြန်မြန်ထုတ်ပေးလိုက။် ဒီလူတွေက ဒုက္ခရောက်နေပြီ၊ သူတို့မှာ ဘာမှ မရှိတာ။  ကျွန်တော့် ခေါင်းစဉ်လေးနဲ့ ပြောရရင်တော့ ဝန်းကျင်ဒေသဆိုင်ရာ လုပ်ငန်းရပ်တွေအပေါ်မှာ ကျွန်တော်တို့ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ အတွက်က လုပ်နေတဲ့ လုပ်ငန်းကို မရပ်စေနဲ့။ ဖျက်ထားတဲ့ဟာကို ပျက်တယ်ဆိုရင် အဲဒီလူတွေကို ဖျက်တဲ့လူတွေကို ရှာပြီးတော့ အရေးယူ။ နောက်တစ်ခုကတော့  အဲဒီအပြင် ကျွန်တော်တို့နိုင်ငံမှာ ပညာရှင်တွေကို မြန်မြန်မွေးအောင်လို့ Apply ပဲသင်ကြ။

Voice - ပြည်သူလူထုနဲ့ နိုင်ငံရဲ့ မျက်နှာကြည့်ပြီးတော့ ဆရာက ဆက်လုပ်ပါဆိုတဲ့ လုပ်ငန်းတွေအပေါ်မှာ ဘယ်လိုထိန်းသိမ်းဖို့ လိုမလ ဆရာ။

USA - ဆက်ပြီးလုပ်ပြီ ဆိုကတည်းက ကျွန်တော်တို့က ဘောင်ထဲကသွားမှာကိုး။ ဥပဒေ၊ နည်းဥပဒေ၊   လုပ်ထုံးလုပ်နည်းတွေ ရှိတယ်။ ကျွန်တော်တို့ အဲဒီကတည်းက စသွားတယ်ဆိုတော့ အဲဒီထဲမှာ စထားတာအရပဲ စသွားမယ်။ အပြင်ဘက် မထွက်စေနဲ့ ဒီလူတွေကို၊ မညာစေနဲ့ပေါ့ဗျာ။ တချို့နေရာတွေက ညာနေတာတွေ အများကြီး။ ပြောတော့ ဧက ၂၀၊  တူးတော့ ဧက ၆၀ ဖြစ်တာတွေ အများကြီး။ လူထုနဲ့မပတ်သက်ဘူး၊ သူတို့လုပ်ငန်းရှင်တွေ လုပ်နေတာ။ အဲဒါက ဘာကြောင့်ဖြစ်လဲ ဆရာတို့လည်း သိမှာပဲ၊ ငွေထိုးလိုက်လို့။ ဒါက မဖြစ်သင့်ဘူး၊ မလုပ်နဲ့လေ။ ကျွန်တော်တို့ရဲ့ ဥပဒေဘောင်ထဲကသွား၊ ပြီးတဲ့အခါမှာ ကျွန်တော်တို့က ရဲရဲဝံ့ဝံ့ ပြင်ပေးနိုင်ရမယ်။ မင်းတို့ အဲဒီလို ဖြစ်သွားတာ တစ်ရက်ကို ဒေါ်လာတစ်သောင်း၊ သူလုပ်ရဲမှာ မဟုတ်ဘူး။ တကယ်လည်း အပြစ်ပေးလိုက်။ ကျွန်တော်တို့က ပြစ်ဒဏ်ကအစ ပါတယ်ဗျ၊ နည်းဥပဒေရဲ့ နောက်ဆက်တွဲ (ဂ) မှာ ပြစ်ဒဏ်များဆိုတာ ပါတယ်။ အဲဒီပြစ်ဒဏ်မှာ ၅၀၀ မလုပ်နဲ့၊ ၅၀၀၀၊ ၅၀,၀၀၀ မလုပ်နဲ့။ သိန်းငါးထောင် တစ်ခါထဲ ပြီးပြီ။ အဲဒီကျတော့ မလုပ်ရဲတော့ဘူး။

Voice - သစ်တောတွေ ပြဿနာကို ထိမ်းသိန်းဖို့ ဘယ်လိုမြင်လဲ ဆရာ။

USA - ကျွန်တော်တို့က သစ်တောနဲ့ ဥပဒေနဲ့ လုပ်တဲ့အခါမှာ အရင်တုန်းက အင်္ဂလိပ်အစိုးရ လုပ်ခဲ့တဲ့  ဥပဒေတွေ ကျွန်တော် ပယ်လိုက်တယ်။ အင်္ဂလိပ်အစိုးရက ဘာပြောထားလဲဆိုတော့ မင်းသစ်တစ်ပင်ခုတ်ချင်ရင် နှစ်ပင်စိုက်တဲ့။ သိပ်ကောင်းတဲ့ စကား။ မင်းသစ်ပင်ခုတ်မယ်လို့ စိတ်ကူးတာနဲ့ နှစ်ပင်စိုက်ပြီးသား ဖြစ်ရမယ်၊ အဲဒီလိုဥပဒေ ကျွန်တော်တို့ဆီမှာ ရှိခဲ့တယ်။ လုပ်ခဲ့တယ်၊ ဒါပေမဲ့ ပျက်တယ်။ သစ်နှစ်ပင်စိုက်ပြီးရင် ကျူပင်ခုတ် ကျူငုတ်မကျန်အောင် ခုတ်ပါလို့ ပြောသလိုပဲ။ အဲဒီတော့ပျက်တယ်။ ကျွန်တော် ပဲခူးရိုးမမှာ စိုက်ခဲ့တာပ။ဲ ပဲခူးရိုးမက ပြည်ကို ဖြတ်တယ် အကုန်ပြတ်နေတာပဲ။ နာမည်ကြီး ကုမ္ပဏီတွေ ရှိတယ်။ ထူးကုမ္ပဏီတို့ ဘာတို့။ သူတို့ရေးထားတယ်။ ဘယ်မှာလဲ သစ်ပင်တွေ၊ သခင်သန်းထွန်းတို့ နေခဲ့တဲ့ နေရာတွေ။ ကြည့်လေဗျာ လူတောင်ဝင်လို့ မရတဲ့နေရာမှာ သစ်ပင်ကို မရှိဘူး။ ဘယ်ပျောက်သွားတုန်း။ ကျွန်တော်တောင် အံ့သြနေတာဗျ။  နောက်မှသိတယ်။ ဒီကောင်တွေ ခုတ်ပြီးတော့ သူတို့စိုက်ပင်တွေ ရှိတယ်။ ဘာတစ်ခုမှ မတွေ့ဘူး။ ကျွန်တော် တကယ်မတွေ့လို့ ကျွန်တော် ပြောတာ။ မလုပ်ဘူးဗျ။ ဒီလူတွေ မလုပ်နိုင်အောင်  လုပ်နိုင်တဲ့ အခြေအနေ ရှိတာပေါ့။ ခုနက ကျွန်တော် ပြောသလို အပြစ်ပေးရမှာ ကျွန်တော်တို့နိုင်ငံမှာ  သစ်ပင်နှစ်ပင်စိုက်ခဲ့၊ တစ်ပင်ပဲခုတ်ခဲ့၊ နှစ်သုံးဆယ်ပဲ ကြာမယ်။ ကျွန်တော်တို့ ပြန်ကြည့်ပြီးပြီ နှစ်သုံးဆယ်ပဲ ကြာမယ်။ သစ်ပင်ပြန်ပြီး စိမ်းလန်းရမယ်။ သစ်ပင်တစ်ပင်ခုတ်ရင် ငါးပင်စိုက်ရမယ်။ ကျွန်တော်ပြင်ရမှာက အဲဒီလို။ အဲဒါ ကျွန်တော်ပြောတာ မဟုတ်ဘူးနော် အင်္ဂလိပ်က ပြောခဲ့တာ။ ကျွန်တော်တို့နိုင်ငံကို။ ဗိုလ်ချုပ်နေဝင်းလက်ထက်အထိ စောင့်စည်းတယ်၊ နောက်ပိုင်းလူတွေ မစောင့်ထိန်းဘူး။ ဒါကြောင့် ဒီလိုတွေဖြစ်တာ၊ ဆရာပြောတာ ကျွန်တော်ပြန်ဖြေမယ်ဆိုရင် ကျွန်တော်တို့ လုပ်နိုင်တယ်။ ဒါပေမဲ့ နှစ်ပင်နဲ့တော့ မရတော့ဘူး။ ငါးပင်လောက် စိုက်ရမယ်။ ကျွန်တော် တကယ်ပြောတာ။ နှစ်သုံးဆယ်မှာ ပြန်ဖြစ်ရမယ်။ 

Voice - ဆရာ အခုပြန်ရောက်လာပြီးတော့ အစိုးရဘက်က လူတွေကို သင်တန်းတွေ ပို့ချတယ်၊ အဆင်ပြေလား ဆိုသလို အစိုးရနဲ့ တွေ့တော့ရော လိုလိုလားလား လက်ခံလား ဆရာ။

USA - ကျောင်းသားတွေက သူတို့လက်ခံတယ်။ ကျွန်တော့်မှာ အခု ၄၆ ယောက် ရှိတယ်၊ ၄၆ ယောက်လုံးက လိုလိုလားလား ရှိတယ်။ နောက်ပြီးတော့ သူတို့တွေက ကျွန်တော့် သင်ပုံသင်နည်းကို သဘောကျကြတယ်။ ကျွန်တော်က အဲဒီလို Open ပဲ ပြောတာ၊  အမှန်အတိုင်းပဲ ပြောတာ၊ အရှိကို အရှိအတိုင်းပဲ ပြောတာ။ ပိုလည်း မပြောဘူး၊ လိုလည်းမပြောဘူး။ ပထမ တစ်ရက်တော့ နည်းနည်းကြောင်တယ်။ ဒီလိုသင်ပုံမျိုးနဲ့ ဒီလိုဆရာမျိုး မကြုံခဲ့ဖူးဘူး။ ကျွန်တော်က  အမှန်အတိုင်းပြောတာ၊ ကျွန်တော် အခုသင်နေတာ စာအုပ်မကိုင်ပဲ သင်နေတာ စာအုပ်ကို လုံးဝမကိုင် တာ။ ကျွန်တော်က သူတို့ရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းအပိုဒ် ဘယ်လောက် ကျွန်တော်  အဲဒီလိုကျက်ပြီးတော့မှ သွားသင်တာ။ အဲဒါကိုကြိုက်တယ် သူတို့က။  ကျွန်တော့်ကိုလည်း ပြန်မေးလို့ မရဘူး။ ကျွန်တော်က အဲဒီလို သင်တဲ့လူကိုး။ ကျွန်တော်က Apply သင်တာ၊ ကျောင်းသူ၊ ကျောင်းသားတွေနဲ့  အဆင်ပြေတယ်။ ဘယ်သူတွေနဲ့ အဆင်မပြေဘူးလဲလို့  ဆရာမေးတာက အဲဒါဖြေရတာ တော်တော်ခက်တယ်ဗျ။ ဖြေလိုက်ရင်လည်း သူတို့က ကြိုက်မှာ မဟုတ်ဘူး၊ ခင်ဗျား ဒီလောက်ဆို နားလည်တယ်နော်။