News

POST TYPE

INTERVIEW

ဂိမ်းကစားသူ လူငယ်အရေအတွက် ကိုးသိန်းကျော်အထိ ရောက်ရှိ
20-Feb-2017
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

မြန်မာဂိမ်းကစားသူ လူငယ်အရေအတွက် ယခုနှစ်အတွင်း ကိုးသိန်းကျော်အထိ ရှိလာပြီး နေ့စဉ်ကစားသူ အရေအတွက် နှစ်သောင်းကျော်အထိ ရှိနေကြောင်း MyPlay ကုမ္ပဏီ၏ စစ်တမ်းထုတ်ပြန်ချက်အရ သိရသည်။

“ကျွန်တော်ကတော့ နိုင်ငံခြားဂိမ်းတွေလည်း ကစားဖြစ်ပါတယ်။ နောက်ပိုင်း ဇာတ်လမ်းသွားပုံစံ မြန်မာဂိမ်းတွေ ဆော့ဖြစ်လာတယ်။ မြန်မာဂိမ်းတွေကို အခုထက် ပိုပြီးတော့ တိုးတက်လာမယ်လို့ မျှော်လင့်ထားပါတယ်” ဟု ဂိမ်းကစားသူတစ်ဦး ဖြစ်သည့် ကိုဝေလင်းအောင်က ဆိုသည်။

မြန်မာဂိမ်းများကို အသုံးပြု ကစားလာသည့် လူငယ်များမှာ အသက် ၂၀ မှ ၃၀ အကြားရှိ လူငယ်အများစု ဖြစ်ကြောင်းနှင့် အွန်လိုင်းအသုံးပြု၍ ကစားသူများ ဖြစ်ကြောင်း MyPlay ၏ အချက်အလက်များအရ သိရသည်။

မြန်မာဂိမ်းများတွင် အွန်လိုင်းဖြင့် ချိတ်ဆက်ကစားရသော Multiplayer ဂိမ်း၊ Tower-Defence ဂိမ်း စသည်ဖြင့် အမျိုးမျိုး ရှိနေပြီး မြန်မာစစ်တုရင်၊ ရှမ်းကိုးမီး၊ ပေါသွပ်၊ ဆီးဂိမ်းခြင်းလုံး၊ Rage of Rama၊ လမ်းမတော်ဖိုးတုတ် စသည်ဖြင့် ဂိမ်းအမျိုးမျိုးရှိကြောင်း မြန်မာဂိမ်းကစားသူများထံမှ သိရသည်။

MyPlay ကုမ္ပဏီသည် 2016 Tokyo Game Show တွင် မြန်မာဂိမ်းတစ်ခု ဖြစ်သော ဆိုက်ကားဆရာငပိန် ဂိမ်းဖြင့် ဆုရရှိထားပြီး နိုဝင်ဘာလ အတွင်းကလည်း Korea Game Show တွင် Rage of Rama ဂိမ်းကို ဝင်ရောက်ပြသထားသည်။

J-14