News

POST TYPE

INTERVIEW

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း
17-Dec-2016
မန္တလေးမြို့တွင် ပြုလုပ်သည့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် သတင်းမီဒီယာတို့ မေးမြန်းခဲ့မှုများကို ပြန်လည်ဖော်ပြအပ်ပါသည်။

Media : ၆၆ (ဃ) ပြင်ဖို့အတွက် အခုဘယ်လိုဖြစ်နေပြီလဲ။

USM : ၆၆ (ဃ) က ခုနပြောသလို သူ့မှာပါတဲ့ အသရေဖျက်မှု ကျူးလွန်ရင်ထောင် သုံးနှစ်အစား ပယ်ဖျက်ပြီးတဲ့အခါမှာ အများဆုံး ထောင်ဒဏ် ၂ နှစ်၊အဲဒီလို ပြင်လိုက်တယ်ဆိုရင် အာမခံ ရနိုင်မယ်။

Media : ဖွဲ့စည်းပုံ ပြင်ဖို့ကရော ဘယ်လိုပုံစံမျိုး ရှိလဲ၊ လက်ရှိလွှတ်တော်မှာ ဘာမှမကြားရသေးလို့။

USM : ဒီကိစ္စက လွှတ်တော်ရဲ့ တာဝန်၊ ပြည်ထောင်စုလွှတ်တော်ရဲ့ တာဝန်၊ ပြည်ထောင်စုလွှတ်တော်ရဲ့ လှုပ်ရှားမှုပေါ်မှာ မူတည်ပြီးတော့ အကယ်၍များ ပြုပြင်မယ်ဆိုလို့ ရှိရင် အကြံတောင်းရင်တော့ အကြံပြုသွားမှာပေါ့။

Media : ကလေးသူငယ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဥပဒေတွေ ထုတ်ပြီးတော့ ဘယ်လိုတွေ လုပ်ဆောင်သွားမယ် ဆိုတာ သိပါရစေ။

USM : ြပစ်ဒဏ်ဘယ်လောက်ထိ ပေးမယ်ဆိုတာ ဝိုင်းဝန်းစဉ်းစားနေပါတယ်။

Media : ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့စဉ်က လွှတ်တော်ရဲ့ ရှစ်လအချိန်နဲ့ အခုလွှတ်တော်အသစ်မှာ ရှစ်လအချိန်နဲ့ နှိုင်းယှဉ်ပြီးတော့ ဘယ်လိုမျိုး ရှိမလဲ ခင်ဗျ။

USM : အဲဒါတွေတော့ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ ဘေးကရပ်နေတာပဲ ကောင်းပါတယ်။

Media : ကော်မရှင်ဥက္ကဋ္ဌ အနေနဲ့ NLD အစိုးရနဲ့ ဘယ်လိုကဏ္ဍတွေမှာ လက်တွဲပါဝင်သွားမလဲ။

USM : ကော်မရှင်က ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ပါ ပြည်သူ့မျက်နှာ ကြည့်ပါတယ်။ တိုင်းပြည်မျက်နှာ ကြည့်ပါတယ်။ ပြည်သူနဲ့တိုင်းပြည်အတွက် ဥပဒေကောင်းများ၊ တရားမျှတတဲ့ ဥပဒေကောင်းများ ပြင်ဖို့အတွက် ရှေးရှုပါတယ်။ ပြီးလို့ရှိရင် လုပ်ငန်းဆောင်တာ ကိစ္စရပ်များ ဆောင်ရွက်ရာမှာ တရားဥပဒေစိုးမိုးရေးအတွက် နည်းဥပဒေများကို ကိုင်တွယ်အသုံးပြုသွားဖို့လည်း အဓိက စဉ်းစားပါတယ်။ ကော်မရှင်အနေနဲ့ လူတစ်ယောက် အတွက်သော် လည်းကောင်း၊ အဖွဲ့တစ်ခုအတွက်သော် လည်းကောင်း၊ပါတီအတွက်သော် လည်းကောင်း ကိုယ်စားမပြုပါတယ်။ ပြည်သူကိုပဲ ကိုယ်စားပြုပါတယ်။ တိုင်းပြည်ကိုပဲ ကိုယ်စားပြုပါတယ်။

မြတ် (ကလေး)