News

POST TYPE

INTERVIEW

စိုးရိမ်စိတ်တွေကြားထဲက ကြိုးစားမယ်ဆိုတဲ့ ပိုင်ဇေရဲထွန်း
18-Nov-2019


ရန်ကုန်၊ နိုဝင်ဘာ ၁၇

အနုပညာရှင်များကိုယ်တိုင်ပါဝင်ယှဉ်ပြိုင်မည့် The Mask Singer Myanmar သီချင်းဆိုပြိုင်ပွဲတွင် အစီအစဉ်တင်ဆက်သူ တစ်ဦးအနေနှင့် စိုးရိမ်စိတ်တွေကြားထဲက အကောင်းဆုံးကြိုးစားမယ်လို့ သရုပ်ဆောင် ပိုင်ဇေရဲထွန်းက ပြောပါတယ်။

“The Mask Singer Myanmar က ကျွန်တော့်ကြောင့် အတက်အကျရှိမယ်လို့ နားလည်ပါတယ်။ တာဝန်တော်တော် များများကြီးတယ်လို့ ခံယူထားပါတယ်။ ပရိသတ်တွေ သဘောကျတဲ့စကားတွေ ပြောမယ်။ ကျွန်တော်ရဲ့ တင်ဆက်မှုတွေကို ပြနိုင်မှ အစီအစဉ်က အောင်မြင်မှာဆိုပြီး တာဝန်ရှိတဲ့သူတစ်ယောက်အနေနဲ့ ယုံကြည်ထားတဲ့အတွက် စိုးရိမ်စိတ်တွေကြားထဲကနေ ကြိုးစားဖို့ ခွန်အားဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

ဒီအစီအစဉ်အတွက် ရက်အကန့် အသတ်မထားဘဲ လိုအပ်တဲ့အချိန်တိုင်း ရိုက်ကူးပေးသွားမယ်လို့ သရုပ်ဆောင် ပိုင်ဇေရဲထွန်းက ပြောပါတယ်။

“မြန်မာနိုင်ငံမှာက အခုမှစမှာဆိုတော့ လုပ်ထားပြီးသားသူတွေကို လေ့လာရတယ်။ အနုပညာရှင်တွေကြားထဲမှာ ပေါင်းကူးတဲ့ပုံစံမျိုးတွေကို လေ့လာထားတယ်။ တင်ဆက်သူက စိတ်ညစ်စရာကြီးဆိုရင် အမြင်မကောင်းဘူးပေါ့။ အဝတ်အစားကအစ၊ စကားပြောပုံဆိုပုံ အသေးစိတ်ပြင်ဆင်ထားပါတယ်” လို့ သူက ဆိုပါတယ်။

နွယ်နီ






  • VIA