News

POST TYPE

INTERVIEW

စင်ရော်မောင်မောင်နဲ့ တွေ့ဆုံခြင်း
17-Nov-2019


နာမည်ကြီးဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ တွေ့ဆုံခိုက် တိမ်တွေပေါ်ကပန်း ဇာတ်ကားအကြောင်း၊ သားဖြစ်သူ မင်းသန့်မောင်မောင်နဲ့အတူ အလုပ်တွဲလုပ်ဖြစ်ရတဲ့ ခံစားချက်အကြောင်း၊ အမွေတွေ လွှဲတော့မယ့်အကြောင်းတွေကို မေးမြန်းထားပါတယ်။ 

Voice : အရင်ဆုံးတော့ တိမ်တွေပေါ်ကပန်း ဖြစ်လာခဲ့တာလေး ပြောပြပေးပါဦး။ 
ZYMM : တိမ်တွေပေါ်ကပန်းက Big 5 ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက်ကားဖြစ်ပါတယ်။ ဇာတ်ကတော့ လူရယ်လို့ဖြစ်လာရင် သူတို့ရဲ့ဘဝရှိတယ်။ သူ့ရဲ့ပတ်ဝန်းကျင်ရှိတယ်။ အဲဒီဘဝမှာ ကိုယ်က စဉ်းစားတဲ့အခါမှာ နှလုံးသားတွေ အချစ်တွေ ထည့်ထားတယ်။ ဦးနှောက်လို့လည်း ပြောလို့မရဘူး။ လုပ်သင့် လုပ်ထိုက်တဲ့အရာတွေ တစ်ခုကိုစဉ်းစားရမယ်။ လောကကြီးကို ပေးဆပ်ရမယ်။ အလှဆင်ရမယ်။ အဲဒီလို အခြေခံထားတဲ့ ဇာတ်ကို တည်တာပေါ့။

Voice : ဦးမောင်က ဝါရင့်ဒါရိုက်တာဖြစ်ပေမယ့် ဦးမောင်ရဲ့ ရိုက်ချက်တွေနဲ့ သားဖြစ်တဲ့ မင်းသန့်ရဲ့ ရိုက်ချက်တွေအပြင် အယူအဆတွေက ဘာတွေကွာသွားလဲ။ 
ZYMM : ကျွန်တော်က နှစ်ပေါင်းများစွာရုပ်ရှင်ထဲမှာ ကျင်လည်ခဲ့တယ်။ အတွေ့အကြုံတွေ အများကြီးပေါ့နော်။ ကျွန်တော့်စနစ် ကျွန်တော့်ရဲ့ရိုက်ချက် ကျွန်တော့်ရဲ့ ပုံစံပေါ့နော်။ ကျွန်တော်က အက်တင်သင်တာရှိတယ်။ ဒါပေမဲ့ ယနေ့ရုပ်ရှင်လောကရဲ့ Trend မှာ အရမ်းပြောင်းသွားပြီ။ လူငယ်ဒါရိုက်တာတော့ ပေါ်လာတယ်။ တကယ်တော်တဲ့ ဒါရိုက်တာတွေ နှစ်နှစ်သုံးနှစ်အတွင်းမှာ ပေါ်လာတယ်။ သူတို့တွေရဲ့ သွားနေတဲ့ Trend က တကယ့်အင်တာနေရှင်နယ် စစ်စတမ်တွေ သွားနေကြပြီလေ။ ဒီ Trend ကို ကျွန်တော်ထာဝရအမေမှာ ရိုက်တယ်။ ဒါပေမဲ့ ကျွန်တော် Trend မှာ မပြောင်းနိုင်သေးဘူး။ အခု အတွေ့အကြုံရှိတဲ့ လူကြီးတစ်ယောက်နဲ့ ခေတ်အမြင်နဲ့ ခေတ်ရဲ့စနစ်နဲ့ ခေတ်ပုံစံနဲ့ တွဲရိုက်တယ်။ ဒီလူငယ်က ကျွန်တော့်ကိုတော်တော်များများ ပြောင်းလဲသွားနိုင်တယ်။ ကျွန်တော့်ရဲ့ ၇၀ ရာခိုင်နှုန်းက ပြောင်းသွားတယ်။ သူတောင်းဆိုတဲ့ပေါ်မှာ ကျွန်တော်က တဖြည်းဖြည်းချင်းလိုက်လျောရတယ်။ ကျွန်တော်သေချာတွေးကြည့်တော့ သူပြောသမျှကို လက်ခံတတ်နိုင်အောင် ဆုံးဖြတ်တတ်သွားပြီ။ ကျွန်တော် တော်တော်လေး ပြောင်းထားပါတယ်။ 

Voice : မင်းသန့် ရိုက်ထားတာတွေအတွက် စိတ်ပူတာမျိုးရှိခဲ့လား။ 
ZYMM : သားပြန်လာတော့ ကျွန်တော်နဲ့ တွဲနိုင်ပါ့မလား။ သူက ကျွန်တော့်ကိုကူညီတဲ့အပြင် တဖြည်းဖြည်း ကျွန်တော့်ကို ဦးဆောင်သွားတယ်။ အတိုက်အခံတွေဖြစ်တယ်ဗျ။ ခဏခဏလည်း ရန်ဖြစ်တယ်။ တဖြည်းဖြည်း လက်ခံလာတယ်။ သားကိုချစ်တဲ့အဖေကလည်း စိတ်ကလည်း အများကြီးပါတယ်။ လက်တွေ့လည်း ကျပါတယ်။ ဒီကားကိုကြည့်နေမယ်ဆိုရင် ဘေးကလူကို စကားမပြောဖို့ ကွာစေ့တွေ မစားဖို့ အဲလိုကြည့်စေချင်တယ်။ မျက်တောင်မခတ်ဘဲနဲ့ ဂီတက ဘယ်လိုလေးလဲ။ စကားလုံးတွေက ဘယ်လိုပြောနေလဲ။ အရောင်တွေက ဘယ်လိုပြောနေလဲ။ ဆက်တင်က ဘာတွေစကားပြောနေလဲ။ ဇာတ်လမ်း တန်ပိုအတက်အကျကို နောက်တစ်ကြိမ်ပြန်ကြည့်ရင် ပြန်ပြီးတော့ ခံစားလို့ ကောင်းမယ်။ အလွန်ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုကို လုပ်ထားတယ်။ ဘယ်လောက်ကုန်လဲ မပြောတော့ပါဘူး။ ဒီကားကြည့်လိုက်ရင်တွေ့မှာပါ။ Big 5 ရဲ့ ခြေလှမ်း၊ မင်းသန့်မောင်မောင်ရဲ့ တောင်းဆိုမှု။ ကျွန်တော့်သားနဲ့အတူ အလုပ်တွဲလုပ်ရတဲ့ ခံစားမှုစိတ်ကျေနပ်မှုတွေက အလွန်ကြီးမားတဲ့ရင်းနှီးမြှပ်နှံမှု လုပ်ထားတယ်။ 

Voice : မင်းသန့်ကို အမွေတွေ လွှဲပေးတော့မယ့်အကြောင်းလေး ပြောပြပါဦး။
ZYMM : အမွေကတော့ သိပ်ရှင်းသွားပြီဗျ။ အစတုန်းကတော့ ဝေဝါးဝါးပေါ့။ အခုတော့ ရှင်းသွားပြီ။ တတ်နိုင်ရင်အခု ချက်ချင်းကို ပေးချင်နေပြီ။ ကျွန်တော် နောက်နှစ်လောက်ကျရင် အကုန်ပေးတော့မှာ။ ဒါရိုက်တာပစ္စည်း၊ အကုန်ပေးမယ်။ ကျွန်တော်က သူရဲ့ PSO ပေါ့နော်။ အစက ငါးနှစ်လောက်နေဦးမှာ။ ဒါရိုက်တာကြီးလည်း ဖြစ်စေချင်တယ်။ မင်းသားကြီးလည်း ဖြစ်စေချင်တယ်။ ဒါပေမဲ့ လုပ်လိုက်တဲ့အခါမှာ တော်တော်ပျော်သွားတယ်။ ကျွန်တော့်ထက် ခေါင်းမာတယ်။ စေ့စပ်တယ်။ ဆန်းသစ်တယ်။ ကျွန်တော်ဆိုတာလည်း ကြွားပြောတာမဟုတ်ဘူး။ အခုတော့ စိတ်ချသွားပြီ။ ပိုပျော်သွားပြီ။ 


ခင်ညိုညိုသိမ့်


  • VIA