News

POST TYPE

INTERVIEW

ရွှေမှုံရတီနဲ့ တွေ့ဆုံခြင်း
12-Nov-2019
“သဲအတွက်တော့ ၂၂ နှစ်က တော်တော်အသက်ကြီးနေပြီလို့ ခံစားရတယ်”



သရုပ်ဆောင်ရွှေမှုံရတီနဲ့တွေ့ဆုံခိုက် ကျော်ကြားနဲ့ အမွှေစိန်ဝိညာဉ်ရုပ်ရှင်ဇာတ်ကားအကြောင်း၊ မင်္ဂလာသက်တမ်းတစ်နှစ်ပြည့်အကြောင်းနဲ့ ကလေးယူဖြစ်မယ့်အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။

Voice : ကျော်ကြားနဲ့ အမွှေစိန် ဝိညာဉ် ရုပ်ရှင်ဇာတ်ကား အကြောင်းလေး ပြောပြပေးပါဦး။
SHYT : ဟာသကား လေးပေါ့နော်။ ဟာသကားလေးဆိုတော့ ရိုက်ထားတာ ထပ်စရာတော့မရှိဘူး။ အဲဒါကြောင့် ပရိသတ်တွေလည်း ကြိုက်ကြမယ်လို့ ထင်ပါတယ်။ ပေါ့ပေါ့ပါးပါးပဲ လုပ်ထားတယ်။ ဟာသကားတော်တော် များများကလည်း ပေါ့ပေါ့ပါးပါးပဲ ဆိုတော့လေ။ ထွေထွေထူးထူးလည်း လုပ်စရာမရှိဘူး။ အပြင်အဆင်တွေကလည်း နည်းနည်းလေး သဘာဝကျအောင်လုပ်ထားတယ်။ အိုဗာတင်းကြီးလည်း မဖြစ်ချင်ဘူး။ 

Voice : ယောကျာ်းလျာပုံစံလေးလည်း လုပ်ထားတာလေး ပြောပြပေးပါဦး။
SHYT : အဲဒီအချိန်တုန်းကတော့ ကိုယ်ရိုက်ထားတဲ့ ယောကျာ်းလေးဆန်တဲ့ ကာရိုက်တာကို မထပ်ချင်တာပေါ့နော်။ ဇာတ်ညွှန်းလည်း ကောင်းတယ်။တစ်ယောက်တစ်မျိုးစီပေါ့လေ။ ဟာသကားလည်းဖြစ်တော့ စိတ်အပန်းပြေတာပေါ့နော်။ ကားတွေအများကြီး ဟဲဗီးတွေကြားထဲမှာ ဟာသကားဆိုတော့လည်း ဟာသကြိုက်တဲ့သူက ဟာသပေါ့။ ဟဲဗီးကြိုက်တဲ့သူက ဟဲဗီးပေါ့။ မတူကြဘူး။ 

Voice : မင်္ဂလာသက်တမ်းလည်း တစ်နှစ်ပြည့်သွားပြီနော်။
SHYT : သဲတို့ မင်္ဂလာသက်တမ်း တစ်နှစ်ပြည့်သွားပါပြီ။ သဲတို့ ခရီးထွက်ကြတယ်။ ဘုရားဖူးကြတယ်။ အစီအစဉ်တော့ ထွေထွေထူးထူး မလုပ်ထားပါဘူး။ 

Voice : အခုနောက်ပိုင်းလည်း ပိုပြီးတော့ ရင့်ကျက်လာတယ်လို့ ခံစားမိတယ်။
SHYT : ဘယ်လိုပြောရမလဲ။ စကားအပိုတွေ မပြောချင်တော့တာပေါ့။ ဘယ်လိုကြောင့်မှတော့ မဟုတ်ဘူး။ အသက် ၂၂ ရှိတော့မယ်လေ။ သဲအတွက်တော့ ၂၂ နှစ်က တော်တော်အသက်ကြီးနေပြီလို့ ခံစားရတယ်။ အဲဒါကြောင့်မို့ပါ။

Voice : အိမ်ထောင်သက် ဘယ်လောက်မှာ ရင်သွေးလေးတွေ ယူမယ်လို့ စဉ်းစားထားလဲ။
SHYT : လိုပါသေးတယ်။ နောက်လေးငါး ရှစ်နှစ်လောက်မှ ယူဖြစ်မယ်ထင်တယ်။ အေးဆေးပေါ့။ ကိုရွှေထူးကတော့ လိုချင်မှာပေါ့။ 

Voice : လက်ရှိရော ဘာတွေရိုက်နေလဲ။
SHYT : လက်ရှိမှာ သဲက ငရဲဆိုတာဂျိုနဲ့လား ရုပ်ရှင်ဇာတ်ကားကြီးရိုက်နေပါတယ်။ အဲဒါ ပြီးသွားလို့ရှိရင် နောက်တစ်ကားလည်း ရိုက်ဖို့ရှိပါတယ်။

Voice : သဲရဲ့ Fan တွေကလည်း အမြဲအားပေးနေတယ်နော်။ 
SHYT : သူတို့က အရေးကြီးပါတယ်။ မိန်းပဲလေ။ သဲရဲ့ အနုပညာနဲ့ ပတ်သက်လို့ရှိရင် သူတို့တွေကပဲ Support ပေးခဲ့လို့ ဒီချိန် ဒီနေရာထိရောက်လာတယ်။ ဟိုးမင်းသမီးစလုပ်ကတည်းက သဲ ဘာပွဲရှိရှိ အမြဲရောက်လာတယ်။ သဲကို Support ပေးတယ်။ ကျေနပ်တယ်။ သူတို့ ဒီနေ့ထိ ရှိနေပေးတာ ကျေးဇူးတင်တယ်။

ခင်ညိုညိုသိမ့်