News

POST TYPE

INTERVIEW

ပိုင်ဖြိုးသုနဲ့ တွေ့ဆုံခြင်း
04-Oct-2019


“တစ်ယောက်နဲ့ တစ်ယောက် အပေးအယူမျှအောင် ညှိပေးလိုက်တယ်ပေါ့နော်”

သရုပ်ဆောင်ပိုင်ဖြိုးသုနဲ့ တွေ့ဆုံခိုက် Now & Ever ရုပ်ရှင် ဇာတ်ကားအကြောင်း၊ သရုပ်ဆောင်ဇဏ်ခီနဲ့ သရုပ်ဆောင်ဖြစ်တဲ့အကြောင်းနဲ့ စပွန်ဆာရုပ်ရှင်ဇာတ်ကားအကြောင်းတွေကို မေးမြန်းထားပါတယ်။ 

Voice : နိုင်ငံခြားမှာ ကျောင်းသွားတက်ဖြစ်တဲ့ အကြောင်းလေး ပြောပြပေးပါဦး။
PPT : ကျောင်းက Workshop ပေါ့နော်။ ပညာအသစ်တွေအများကြီး ထပ်ရခဲ့တယ်။ 

Voice : ကိုဏကြီး ရိုက်မယ့် ကားအတွက်ရော ဘာတွေပြင်ဆင်ထားလဲ။ 
PPT : နောက်တစ်ကားကတော့ ကိုဏကြီးနဲ့ ရိုက်မှာပေါ့နော်။ လောလောဆယ်တော့ ပြောပြလို့ မရသေးဘူး။ လျှို့ဝှက်ထားရဦးမှာပါ။ 

Voice : Now & Ever ရုပ်ရှင်လည်းရုံတင်တော့မယ်ဆိုတော့ ဘာတွေကြိုပြောထားချင်တာရှိလဲ။ 
PPT : ကာရိုက်တာ အပိုင်းကတော့ ရုံတင်မှပဲစောင့်ကြည့် ပေးပါပေါ့နော်။ ထူးထူးခြားခြားလေးတော့ဖြစ်မယ်။ ပါဝင်တဲ့ အဖွဲ့သားတွေ အကုန်လုံး အကုန်လည်း ကြိုးစားထားတယ်။ ရှေ့မှာလည်း Action Workshop ကို ပြင်သစ်က ဆရာနဲ့လည်း သင်ခွင့်ရလိုက်တဲ့အတွက် တော်တော်ကောင်းသွားတယ်။ သုသု့ ကာရိုက်တာ အကုန်လုံးကို နှစ်ပတ်အတွင်းမှာ ရုပ်ရှင်ထဲ ဇာတ်ညွှန်းထဲက ရယ်ဒီဖြစ်အောင် သင်ပေးလိုက်တယ်။ တစ်ယောက်နဲ့ တစ်ယောက် အပေးအယူမျှအောင် ညှိပေးလိုက်တယ်ပေါ့နော်။ ထူးခြားမယ်လို့ သုသုထင်တယ်။ 

Voice : ကိုဇဏ်ခီက သဘာဝဘက်ကိုသွားတဲ့ သရုပ်ဆောင်ဆိုတော့ အက်တင်ပိုင်းမှာ သုသုနဲ့ ဘယ်လိုအပေးအယူလုပ်ခဲ့ရတာမျိုးရှိလဲ။
PPT : သင်ပေးလိုက်တဲ့ဆရာ တစ်ယောက်တစ်ယောက် အက်တင်ပိုင်းကို ညှိပေးလိုက်တော့ အပြင်မှာ စတွေ့ကတည်းက ညှိပေးလိုက်တယ်။ တကယ်ရိုက်တော့ အများကြီး ညှိစရာမလိုတော့ဘူး။ သူကလည်း ကိုယ့်ကိုသိတယ်။ ကိုယ်ကလည်း သူ့ကို သိတယ်။ ရိုက်ကွင်းပေါ်ရောက်မှ ညှိရတာမျိုး မရှိဘူး။ ကိုဇဏ်က သူ့အလုပ်ကို သူ အရမ်းစိတ်ဝင်စားတဲ့သူလည်း ဖြစ်တယ်။ Emotion လည်း အရမ်းဖြစ်တယ်။ သူ့အလုပ်ကိုသူ အရမ်းရူးသွပ်တဲ့သူလည်း ဖြစ်တယ်။ 

Voice : ရုံတင်တော့မယ့် စပွန်ဆာဇာတ်ကားမှာရော ဘယ်လိုမျိုး သရုပ်ဆောင်ထားလဲ။
PPT : သုသုကာရိုက်တာက မောင်နှမ သုံးယောက်ရှိတယ်။ သုသုကတော့ အငယ်ဆုံးပေါ့။ အစ်ကိုနှစ်ယောက်ရှိတယ်။ အစ်ကိုလတ်နဲ့က သိပ်မတည့်ဘူး။ အဲလို ကာရိုက်တာလေးပါ။ သုသုဖတ်ကြည့်တော့ တကယ့် ဟဲဗီးဒရာမာလေး စိုးစိုးဝေ ကာရိုက်တာက တော်တော်လေးကြိုးစားပြီး လုပ်ရမယ့် အက်တင်လေးတွေပါတယ်။ အဲဒါကြောင့်လည်း လက်ခံဖြစ်တာပါ။ ကိုနေတိုးနေရာက လုံးဝအကြမ်းပေါ့နော်။ ကိုနေတိုးအတွက် စိန်ခေါ်မှုလည်း ဖြစ်တယ်။ အစ်ကို့ဇာတ်လည်း ဖြစ်တယ်။ သူတော်တော်လည်း ပင်ပန်းတယ်။ ကြိုးကြိုးစားစားနဲ့ အရမ်းအပင်ပန်းခံပြီး သရုပ်ဆောင်ထားတာပါ။ 

ခင်ညိုညိုသိမ့် 




  • VIA