News

POST TYPE

INTERVIEW

မေသန်းနုနဲ့ တွေ့ဆုံခြင်း
02-Oct-2019
“သား နဲ့ ရုပ်ရှင်ရိုက်ဖို့က ကျန်းမာရေးကောင်းမှ ဖြစ်မယ်”



နာမည်ကျော်သရုပ်ဆောင်မေသန်းနုနဲ့ တွေ့ဆုံခိုက် သားဖြစ်သူ မင်းသန့်မောင်မောင်အကြောင်းနဲ့ ရုပ်ရှင်ရိုက်ဖို့ ဝိတ်ချနေတဲ့ အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။

Voice : တိမ်တွေပေါ်က ပန်းရုပ်ရှင်က မင်းသန့်မောင်မောင်ရဲ့ ပထမဆုံးအနုပညာလက်ရာဆိုတော့ သားအပေါ်မှာ ဘယ်လို ပီတိမျိုးဖြစ်မိလဲ။ 
MTN : အဲဒီကားက ဇာတ်ညွှန်းပါ ပါနေတော့ စဉ်းစားနေမှာပေါ့နော်။ ရိုက်မယ့်ဟာတွေကို ပြန်ပြင်ခိုင်းတာတွေမျိုးပေါ့။ မကြိုက်မချင်း သူ့အဖေ (စင်ရော်မောင်မောင်) က လွှတ်ပေးထားတယ်လေ။ ကင်မရာမင်းန်နဲ့တိုင်ပင်ပြီးတော့ မကြိုက်မချင်း လုပ်နေတာဆိုတော့ စိတ်က အရမ်းထည့်ထားတယ်။ ဒီကားကလည်း ဆက်တိုက် မနားပဲရိုက်ရတယ်။ နောက်တစ်ခုက မဆင့်တို့လည်း ရှုတင်မြောက်မြားစွာ ဖြတ်သန်းလာတာပဲလေ။ သူ့အဖေက မနက်ခြောက်နာရီဆို နိုးနေပြီလေ။ သားက စဉ်းစားရတာနဲ့ အိပ်ရေးပျက်တာနဲ့ ရက်တွေကြာလာတော့ သားလည်း ပင်ပန်းနေပြီ။ ကျန်းမာရေးထိပြီးတော့ မူးလဲတာတို့ ဖြစ်သွားတယ်။ သားဖြစ်သူ ဒီလို အနုပညာကိုလုပ်တော့ မဆင့်ပီတိဖြစ်ရတယ်။ 

Voice : မင်းသန့်မောင်မောင်က မဆင့်အတွက် ဇာတ်ရှာပြီး မရိုက်ပေးဘူးလား။ 
MTN : သားသားကတော့ အမေအတွက် ကြိမ်းဝါးနေတယ်။ မေမေအတွက် တစ်ကားရိုက်ဦးမယ်။ မေမေဘော်ဒီကိုလည်း ကစားရမယ်။ မေမေ့ကိုဦးတည်ပြီး ရိုက်မယ်ဆိုတော့ မေမေ မလှလို့ မဖြစ်ဘူး။ သားကတော့ အားပေးရှာတယ်။ အခုချိန်ကို အမေကို အားပေးနေတာလေ။ အဲတော့ သားနဲ့ ရုပ်ရှင်ရိုက်ဖို့က ကျန်းမာရေးကောင်းမှ ဖြစ်မယ်။ 

Voice : ခန္ဓာကိုယ်ပဲ အဓိက ပြုပြင်ခိုင်းတာလား။ ဘာတွေ ထပ်ပြီး ပြင်ဆင်ခိုင်း တာရှိသေးလဲ။ 
MTN : သူက ကျန်တာတော့ စိတ်ချတယ်လေ။ မေမေ ဝလာတယ်လို့ပြောတယ်။ Gym တွေ ဘာတွေလည်း သူလုပ်ခိုင်းရင်တော့ လုပ်ရတော့မှာပေါ့နော်။ သူက ဒါရိုက်တာဆိုတော့လေ။ သားစကားကို နားထောင်ရတော့မယ်။ 

Voice : မဆင့်ကရော သားသားရိုက်မယ့်ကားကို ဘယ်လိုမျိုးမျှော်မှန်းထားလဲ။ 
MTN : မဆင့်အနေနဲ့ အဓိကတော့ အခုချိန်မှာ မဆင့်ရိုက်တဲ့ကားတွေကို အားမရဘူး။ မေမေ့ဘက်ကနေ လုပ်ရမှာပေါ့နော်။ မဆင့်ကျတော့ သားကို သူများငှားမှ ရိုက်ရမှာလေ။ ကိုယ့်ကိုရိုက်တယ်ဆိုရင်လည်း ကိုယ့်စိတ်ကြိုက်ဇာတ်ရှာလို့ရတယ်။ အဲဒါဆိုရင်လည်း သားသား ဇာတ်ရှာမယ်။ အဓိကတော့ မဆင့်က အဓိကပေါ့။ သူက အဲလိုတော့ ပြောတယ်။ 

Voice : မင်းသန့်မောင်မောင်ရဲ့ အနုပညာအကြောင်းကိုရော ဘာတွေပြောထားချင်သေးလဲ။ 
MTN : သားသားကတော့ အောင်မြင်အောင် ကြိုးစားမယ်။ ကြိုးစားမှုနဲ့ အလုပ်လုပ်တာကျတော့ မဆင့်က စိတ်ချရတယ်။ သူ အောင်မြင်ဖို့ပဲလိုတာပါ။ 

ခင်ညိုညိုသိမ့်