News

POST TYPE

INTERVIEW

တိုင်ရွန်နဲ့ တွေ့ဆုံခြင်း
29-Sep-2019
“အိမ်နဲ့ အရင်လို အတိုက်အခံ လုပ်တာမျိုး မရှိတော့ဘူး”



မော်ဒယ်လ်သရုပ်ဆောင် တိုင်ရွန်နဲ့ တွေ့ဆုံခိုက် Player ရုပ်ရှင်ဇာတ်ကားအကြောင်းနဲ့ မိဘတွေကို ပြုစုစောင့်ရှောက်နေတဲ့အကြောင်းတွေကို မေးမြန်းထားပါတယ်။ 

Voice : Player ရုပ်ရှင်ဇာတ်ကားမှာ ဘယ်လိုပုံစံသရုပ်ဆောင်မှာလဲ။ ဇာတ်လမ်းကလည်း ဟာသဆိုတော့ ဘယ်လိုမျိုးဖြစ်မှာလဲ။ 
TY : Player မှာက ကျွန်တော် ဆိုင်ကယ်သမားတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်မှာပါ။ ဆိုင်ကယ်ပြိုင်တယ်။ သူငယ်ချင်းတွေနဲ့ပေါ့။ ထူးခြားတဲ့အနေနဲ့ ပဲခူးက ကျွန်တော့် သူငယ်ချင်းတွေ အများကြီး ပါဝင်သရုပ်ဆောင်ဖို့ ထည့်ထားတယ်။ နောက်ပြီးတော့ ဆိုင်ကယ်အမိုက်စားတွေ အများကြီးသုံးထားတယ်။ ကျွန်တော် ဆိုင်ကယ်တော့ မစီးဖြစ်သေးဘူး။ အဲဒီထက်ကောင်းတဲ့ ဆိုင်ကယ်ကို သုံးထားတယ်။ အသစ်အဆန်းလေး ပိုမြင်ရမယ်။ အဲထဲမှာ ကျွန်တော်ကတော့ ဟာသမလုပ်ဖြစ်ဘူး။ ပုံမှန်ကာရိုက်တာလေးပါပဲ။ ဆိုင်ကယ်စီးတာ ကျွန်တော့်ကို မြင်ရမယ်။ ဟာသတွေလည်းပါမယ်။ ကျွန်တော်နဲ့ ဟာသနဲ့ တိုက်ရိုက်တော့ မဟုတ်ဘူး။ 

Voice : သားတစ်ယောက်အနေနဲ့ မိဘတွေကို စိတ်ချမ်းသာအောင် ဘယ်လိုမျိုး လုပ်ပေးဖြစ်လဲ။
TY : ကျွန်တော်က ကျေးဇူးဆပ်တာရယ်လို့ အမည်မတပ်ပါဘူး။ သူတို့ကို စိတ်ချမ်းသာအောင် ထားပေးတယ်။ ကျွန်တော်လည်း ကျွန်တော်လုပ်ချင်တာလုပ်တယ်။ သူတို့ကိုလည်း ဖြစ်စေချင်တာ အားလုံးကို လုပ်ပေးတယ်။ အိမ်နဲ့ အရင်လို အတိုက်အခံလုပ်တာမျိုး မရှိတော့ဘူး။ လိမ်လိမ်မာမာနေတယ်။ 

Voice : အရင်တုန်းကတော့ ဆိုးတယ်လို့ ပြောဖူးတယ်။ အခုလို ပြောင်းလဲသွားတဲ့ အကြောင်းလေးကရော။
TY : ကျွန်တော်က ငွေကြေးထောက်ပံ့တာမျိုးဆိုတာထက် အဖေ၊ အမေကိုရသမျှ ပေးတယ်။ သူတို့ဖြစ်စေချင်တဲ့အရာတစ်ခု ခရီးထွက်မှာလား။ ခရီးထွက်ရင်လည်း ခရီးထွက်ပေါ့နော်။ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်တော့် အစ်မနှစ်ယောက်လည်း ပါပါသေးတယ်။ သူတို့ စီမံခန့်ခွဲမှုတွေ အများကြီးပါပါတယ်။ အဓိကကတော့ အဖေနဲ့အမေ ပြုံးနေတာကိုပဲ မြင်စေချင်တယ်။ သူတို့က အခု အသက်ကြီးလာပြီ။ ကိုယ်တိုင်လည်း အလုပ်မလုပ်နိုင်တဲ့အချိန်မှာ မိဘတွေက အသက်ကြီးလာပြီ။ ငါတို့က အလုပ်မလုပ်ရတော့ဘူး။ အဲတော့ ကိုယ့်ကိုယ်ကိုယ် လူပိုတစ်ယောက်လို ထင်တတ်ကြတယ်။ အဖေသော်လည်းကောင်း၊ အမေသော်လည်းကောင်းပေါ့နော်။ အဖေဆို ပိုဆိုးတာပေါ့နော်။ အရင်တုန်းက ပင်စင်ယူသွားပြီဆိုတော့ သူ့ကို စိတ်တွေက အပယ်ခံလူတစ်ယောက်လို မဖြစ်အောင်အဓိက ထားပြီးတော့ စောင့်ရှောက်ပေးတယ်ဗျ။ လိုချင်တာ သွားချင်တာ အပြင်တွေဘာတွေသွားတာ အမြဲတမ်း စီစဉ်ပေးတယ်။ အဲဒါတော့ အဓိကကျတယ်ဗျ။ 

Voice : တိုင်ရွန်လည်း တစ်နေ့မှာ မိဘနေရာ ရောက်လာမှာဆိုတော့ ဘယ်လိုမိဘမျိုး ဖြစ်ချင်တာလဲ။ 
TY : သားသမီးနဲ့ တစ်သားတည်းဖြစ်ချင်တယ်။ သူငယ်ချင်းလို ပေါင်းချင်တယ်။ သားသမီးရဲ့ သူငယ်ချင်းတွေနဲ့လည်း ရင်းနှီးချင်တယ်။ ပွင့်ပွင့်လင်းလင်းနဲ့သွားမယ့် Relationship တစ်ခုဖြစ်တာပဲ ကောင်းမယ်ထင်တယ်။

ခင်ညိုညိုသိမ့်