News

POST TYPE

INTERVIEW

ရွှေအိမ်စည်နဲ့ တွေ့ဆုံခြင်း
27-Sep-2019


“ဟာသအနေနဲ့သော်လည်းကောင်း၊ အတည်အနေနဲ့သော်လည်းကောင်း Troll ပြီး တင်လိုက်တဲ့အခါမှာ ပရိသတ်တွေက တကယ်ထင်သွားကြတယ်”

မော်ဒယ်လ်သရုပ်ဆောင် ရွှေအိမ်စည်နဲ့ တွေ့ဆုံခိုက် လတ်တလောအနုပညာအကြောင်း၊ ရဲအဖမ်းခံရတဲ့အကြောင်း၊ အရောက်သွားမယ့် ပန်းတိုင်တွေအကြောင်း မေးမြန်းထားပါတယ်။

Voice : လက်ရှိ ရိုက်ကူးဖို့လက်ခံထားတဲ့ ဇာတ်ကားတွေ များရှိလား။
SES : ရှိတော့ရှိတယ်။ အိမ်စည်က စိစစ်နေတော့လေ။ အကုန်လုံးလာကမ်းလှမ်းသမျှ လုပ်နေလို့ရှိရင်လည်း ပေါသွားမယ်လေ။ အဲဒီအတွက်ကြောင့် နည်းနည်းစိစစ်နေတယ်။ ကိုယ်လိုချင်တဲ့လမ်းကြောင်း တစ်ခုကိုပေါ့။ အစပိုင်းမှာ အရမ်းကိုစိစစ်ဖို့ လိုအပ်တယ်လို့ အိမ်စည်ထင်တယ်။ ကိုယ်ရသမျှဟာ လက်ခံလို့ရှိရင် ကိုယ်မလိုလားအပ်တဲ့၊ မလိုချင်တဲ့ လမ်းကြောင်းပေါ် ရောက်သွားမှာစိုးတယ်။ အဲဒါလေးက အရေးကြီးတယ်လို့ ထင်ပါတယ်။

Voice : ပြီးခဲ့တဲ့ရက်ပိုင်းက အိမ်စည်အဖမ်းခံရတယ်ဆိုပြီး သတင်းတက်လာသေးတယ်နော်။
SES : အဖမ်းမခံရပါဘူး။ လတ်လတ်ဆတ်ဆတ် ရှိသေးတယ်။ အဲဒါက ကားရိုက်နေတာ။ မူးယစ်ဆေးဝါးအမှုနဲ့ အဖမ်းခံရတဲ့ ဆင်းမ်တစ်ခု ရိုက်တယ်။ အဲဒီလိုပုံလေးတွေ တင်လိုက်တဲ့အခါမှာ ရေးထားတယ်နော်။ On Scene ရိုက်နေတယ် ဘာညာဆိုပြီး ရေးထားတာ။ အဲဒါကို ပေ့ချ်တွေက ဟာသအနေနဲ့သော်လည်းကောင်း၊ အတည်အနေနဲ့ သော်လည်းကောင်း Troll ပြီး တင်လိုက်တဲ့အခါမှာ ပရိသတ်တွေက တကယ်ထင်သွားကြတယ်။

Voice : အဲဒီလို သတင်းတွေကြောင့် အိမ်စည်က လန့်တတ်လား။
SES : အိမ်စည်ကို လန့်အောင်လုပ်နိုင်တာ ဘာမှမရှိဘူး။ ဒါကြီးက အရမ်းအရေးပါတဲ့၊ အရာရောက်နေတဲ့ဟာ တစ်ခုလေ။ လူတွေရဲ့ ဉာဏ်တိမ်မှုကို အဲဒီမှာတွေ့လိုက်ရတယ်။ တချို့ကျတော့လည်း မသိတာပေါ့နော်။ တချို့ကကျတော့လည်း မသိတာမဟုတ်ဘူး။ သိတာပြောပေမယ့် ဘာမှမဟုတ်ဘူး။ မသိတဲ့သူပြောတာကျတော့ နောက်ကွယ်ကနေ ဖောင်းထုချင်တာ သိသာသွားတာပေါ့နော်။

Voice : ကိုယ်လုပ်ထားတဲ့ ဒီအနုပညာအလုပ်အတွက် ဘာတွေအားရနေပြီလဲ။
SES : အားတော့မရဘူး။ ဒီအလုပ်လုပ်ဆိုတာက အကျိုးအမြတ်ကောင်း တွေ့နေပေမယ့် ခံစားလို့မရဘူး။ ကောင်းကျိုးတွေရော၊ ဆိုးကျိုးတွေရော ခံစားရမှာဆိုတော့လေ။ ပျော်ပါတယ်။ ကိုယ်ရွေးချယ်တဲ့ လမ်းကြောင်းပဲလေ။

Voice : ကိုယ်တိုင်ရော ပန်းတိုင်ရောက်ဖို့အတွက် ဘာတွေလုပ်ထားပြီးပြီလဲ။
SES : တစ်ကိုယ်ကောင်း ဆန်ရမယ်။ တချို့လူလေးတွေ ဆင်းရဲတာအမျိုးမျိုးတော့ ရှိတာပေါ့နော်။ အဲဒီလိုကျရင် ကိုယ့်ဘာသာ ကိုယ်ထိန်းပေါ့နော်။ လူတစ်ယောက်ကို စွဲစွဲမက်မက်ကြီး လုပ်သွားရင်လည်း သူငယ်ချင်းပဲဖြစ်ဖြစ်၊ မိသားစုဝင်ပဲဖြစ်ဖြစ် တွယ်တာတာများ သွားလို့ရှိရင် အကုသိုလ်များတယ်။ ပေါ့ပေါ့ပါးပါးပဲနေတယ်။ 

Voice : နောက်ထပ်ရော ဘာတွေလုပ်သွားချင်သေးလဲ။
SES : အိမ်စည်စိတ်ဝင်စားဖို့ ပရိုဂရမ်လေးတစ်ခု လုပ်ဖို့ရှိတယ်။ အဲဒါ အနားနီးရင် ပရိသတ်တွေကို ပြောပြသွားပါမယ်။ 

ခင်ညိုညိုသိမ့်


  • VIA