News

POST TYPE

INTERVIEW

သရုပ်ဆောင်ကျော်ကျော်မျိုးနဲ့ တွေ့ဆုံခြင်း
26-Sep-2019


“ကျွန်တော့်ရဲ့ ဘဝ တစ်စိတ်တစ်ပိုင်းကို လှူလိုက်တာပဲ။ ဘယ်လိုအနှောင့်အယှက် အခက်အခဲတွေရှိပါစေ ဒီကားပြီးမှပဲ စိတ်လျှော့မယ်”

မကြာခင်ရိုက်ကူးတော့မယ့် “အောင်ဆန်း” ရုပ်ရှင်မှာ ဗိုလ်ချုပ် အောင်ဆန်းအဖြစ် ပါဝင်သရုပ်ဆောင်မယ့် ကျော်ကျော်မျိုးနဲ့ တွေ့ဆုံခိုက် အောင်ဆန်းရုပ်ရှင်အတွက် ကြိုတင်ပြင်ဆင်မှုများ၊ ပရော်ဖက်ရှင်နယ် ဘောလုံးအားကစားသမားဘဝကို စွန့်လွှတ်ပြီး အောင်ဆန်းရုပ်ရှင်အတွက် လှူဒါန်းထားတယ်ဆိုတဲ့ အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 

Voice : အောင်ဆန်းရုပ်ရှင်ကို တကယ် ရိုက်ကူးတော့မယ်ဆိုတော့ စိတ် ခံစားချက်လေး ပြောပါဦး။ 
KKM : ကျွန်တော့် ခံစားချက်ကတော့ အခုတကယ်ဖြစ်လာပြီ။ ဒီအချိန်ကိုပဲ စောင့်နေတာပါ။ ဝမ်းသာပါတယ်။ 

Voice : အချိန် အများကြီး ပေးထားပြီးတော့မှ အခုမှ စရိုက်ဖြစ်တဲ့အပေါ်ရော ဘယ်လိုမြင်လဲ။
KKM : ကျွန်တော် ဝါသနာပါတဲ့ ဘောလုံးသမားဘဝကို စွန့်လွှတ်ခဲ့ရတယ်။ အဲဒီကတည်းက ဒီဘက်ပြောင်း လာတဲ့အထိကို ဒါကိုပဲ တစိုက်တမတ်ကိုပဲ လုပ်လာခဲ့တယ်။ 

Voice : အဲဒီအတွက် ဆုံးရှုံးမှုတစ်ခုလို့ ထင်လား။
KKM : လူဆိုတာ အတ္တနဲ့မကင်းပါဘူး။ သာသာယာယာနဲ့ ဘောလုံးကန်ပြီး ကိုယ်ဝါသနာပါရာကို လုပ်နေရင်ရတယ်။ လစာတွေလည်း ကောင်းတယ်။ အဲလိုဘဝမျိုးကိုတောင် ပစ်ချခဲ့တယ်။ ဒါကိုရွေးချယ်ခဲ့တယ်။ ဘယ်တော့မှလည်း နောင်တမရဘူး။ တကယ်ကို မြင့်မြတ်တဲ့အလုပ်ပါ။ ကျွန်တော့်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို လှူလိုက်တာပဲ။ ဘယ်လိုအနှောင့်အယှက် အခက်အခဲတွေရှိပါစေ ဒီကားပြီးမှပဲ စိတ်လျှော့မယ်။ 

Voice : အောင်ဆန်းရုပ်ရှင်ဇာတ်ကားပြီးရင် ဘောလုံးသမားပြန်လုပ်မှာလား။ 
KKM : ဒီမေးခွန်းအတွက် ကျွန်တော်က လက်ရှိလုပ်နေတဲ့ ဒီကားပြီးဖို့အတွက်ပဲ ကျွန်တော်က အာရုံစိုက်ထားပါတယ်။ 

Voice : ဗိုလ်ချုပ်အကြောင်းရော ဘာတွေ ထပ်လေ့လာဖြစ်လဲ။ 
KKM : လေ့လာတာကတော့ ထောင့်ပေါင်းစုံအစုံပဲ။ သမိုင်းအဖွဲ့ကလူကြီးတွေ ဒီစာအုပ် ဖတ်သင့်တယ်။ ဒီအကြောင်းအရာကို သိသင့်တယ်။ သူတို့ပေးတဲ့ စာအုပ်ပုံတွေကြားမှာပဲ ခေါင်းနစ်နေတယ်။ 

Voice : အဓိက ဇာတ်ကောင်ဖြစ်နေတော့ အမှားနည်းအောင် ဘယ်လိုတွေလုပ်မလဲ။ 
KKM : အဓိကသရုပ်ဆောင်နေရာကဆိုတော့ တာဝန်ကြီးတယ်။ တာဝန်လည်းယူရဲတယ်။ အမှားများရင် လူတွေက ထောက်ကြမှာပဲ။ ကောင်းစေချင်တယ်။ ဒါက နားလည်ပါတယ်။ ပြီးတော့ လူထုခေါင်းဆောင်လေ။ အားလုံးက ယုံကြည်လေးစားကြည်ညိုရတဲ့ခေါင်းဆောင်ပါ။ ကျွန်တော့်မှာ လုပ်စရာတစ်ခုပဲ ရှိတယ်။ အမှားမရှိရင် ပိုကောင်းတာပေါ့။ အမှားနည်းအောင်လုပ်ရမယ်။ ဗိုလ်ချုပ်နဲ့ တူမတူက ကားရိုက်ရင် ပိုသိရလိမ့်မယ်။ ကျွန်တော့်စကားပြောရင်တောင် နည်းနည်းများနေပြီ။ ကားရိုက်ရင် ပိုသိရလိမ့်မယ်။ ဒါရိုက်တာက အက်တင်က သင်ဦးမယ်။ ကျွန်တော့်ရဲ့ စိတ်နဲ့ပူးပေါင်းပြီး အကောင်းဆုံးကြိုးစားသွားမယ်။ 

ခင်ညိုညိုသိမ့်



  • VIA