News

POST TYPE

INTERVIEW

ရဲလေးနဲ့ တွေ့ဆုံခြင်း
19-Sep-2019


“အနုပညာသမားတွေကတော့ အနုပညာအလုပ်တွေပဲ ဆက်လုပ်ဖြစ်နေမှာပါ ”

အဆိုတော် သရုပ်ဆောင် ရဲလေးနဲ့ တွေ့ဆုံခိုက် ဘာလာလာ ရုပ်ရှင်ဇာတ်ကား အကြောင်းနဲ့ ကြက်တောင် လက်ရွေးစင် သက်ထားသူဇာနဲ့ MTV ရိုက်ကူးဖြစ်ပုံတွေကို မေးမြန်းထားပါတယ်။ 

Voice : ဘာလာလာရုပ်ရှင်ကားမှာ ဘယ်လိုမျိုး သရုပ်ဆောင်ထားတာလဲ။
YL : ဒီကားလေးက ဟာသအပျော်လေးပဲ။ ကျွန်တော် မိန်းမပုံစံလေးလည်း လုပ်ထားတယ်။ ဒီကားမှာ သူငယ်ချင်းတွေနဲ့ရိုက်ရတာဆိုတော့ ပျော်တယ်။ စကြတယ်။ မိန်းမလျာပုံစံဆိုတာကလည်း ပါးပါးလေးပါပဲ။ လှအောင်ပဲ လုပ်ထားတယ်။ အကုန်လုံးကလည်း ဝိုင်းကူညီပေးကြတယ်။ 

Voice : ကြက်တောင်လက်ရွေးစင် သက်ထားသူဇာနဲ့ MTV လေး ရိုက်ဖြစ်တဲ့အကြောင်းလေးလည်း ပြောပြပါဦး။
YL : သီချင်းလေးကတော့ အချစ်သီချင်း ရိုးရိုးလေးပါပဲ။ သီချင်းနာမည်လေးက “ချစ်ချစ်တုံး” ပါ။ ကောင်မလေးစိတ်ကောက်လို့ ပြန်ချော့ပြီးတော့ အဆင်ပြေသွားတဲ့ ပုံစံလေးပါပဲ။ စာသားလေးတွေက ၁၈ ရက်နေ့ကျရင်တော့ တွေ့မှာပါ။ လိုက်ပြီးတော့ Tiktok တွေ ဘာတွေလည်း လုပ်လို့ရတာပေါ့။ အားလုံးလည်း ရင်ဘတ်ချင်းတူပြီး ကြိုက်လိမ့်မယ်လို့ ထင်ပါတယ်။ မိန်းကလေးတွေရော ယောကျာ်းလေးတွေရော ကြိုက်ပါလိမ့်မယ်။ လိုက်လည်း ဆိုလို့ရမယ်။ လိုက်တီးလို့လည်းရမယ်။ 

Voice : ပုံမှန်ဆို မော်ဒယ်လ်သရုပ်ဆောင်တွေနဲ့ပဲ ရိုက်နေကျပေါ့နော်။ အခုက သက်ထားသူဇာနဲ့ ရိုက်ဖြစ်သွားတာကရော။
YL : ကျွန်တော်က ထူးထူးခြားခြားလေး လုပ်တတ်တဲ့အတွက် မတူညီတဲ့ သရုပ်ဆောင်တစ်ခုကို လိုချင်လို့၊ မတူညီတဲ့အရာတစ်ခုကို Hit ဖြစ်ချင်တယ်။ နည်းနည်းပြောင်းလဲမှုလေးဖြစ်အောင် ညီမလေးကို ရွေးချယ်ဖြစ်တာပေါ့နော်။ နောက်သီချင်းအသစ်တွေမှာလည်း ကျွန်တော် အားလုံးမထင်ထားတဲ့ သရုပ်ဆောင်တွေကို မထပ်ဘဲ ရွေးချယ်ထားပါတယ်။ လာပါလိမ့်မယ်။ သက်ထားသူဇာလိုပဲ မထင်ထားတဲ့၊ အတွဲထူးတဲ့၊ တစ်ခါမှ မတွဲဖူးတဲ့ မင်းသမီးအသစ်တစ်ယောက်လည်း လာပါလိမ့်မယ်။ အဲလိုထပ်ပြီးတော့လည်း တွဲပါလိမ့်မယ်။ မင်းသမီး၊ မင်းသားတွေရောပေါ့နော်။ ကျွန်တော်က အဲလိုပဲ အမြဲတမ်းစဉ်းစားနေတာ။ အဲတွက်ကြောင့် ညီမလေးကို ခေါ်ပြီးတော့ အကူအညီတောင်းဖြစ်ပြီးတော့ သရုပ်ဆောင် ဖြစ်သွားတာပါ။ သူကလည်း ပြောရရင် တဲလင့်န်ရှိပါတယ်။ အနုပညာဘက်မှာလည်း တော်တယ်လို့ ပြောလို့ရမယ်။ ဒါကတော့ သူ့လိုင်း မဟုတ်ဘူးပေါ့နော်။ သူကတော့ အားကစားကို တစိုက်တမတ် ဇောက်ချပြီးတော့ လုပ်သွားမှာပဲ။ ကျွန်တော်ကတော့ ပိုပြီးတော့ အားပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုဘက်က သူ့ရဲ့ ပရော်ဖက်ရှင်နယ်လေ။ ဒါကတော့ အမှတ်တရအနေနဲ့ သူဝင်ပြီးတော့ သရုပ်ဆောင် ဖြစ်တာပါ။ ကူညီပေးဖြစ်တာပါ။ အဲတွက်လည်း သူ့ကို အများကြီး ကျေးဇူးတင်ပါတယ်။ သူနဲ့ရော သူ့မိသားစုကိုရောပေါ့နော်။ ဒါလေးကတော့ အမှတ်တရအနေနဲ့ပါပဲ။ ပေါ့ပေါ့ပါးပါးလေးပဲ။ နောက်ကျရင်လည်း နောက်အသစ်တစ်ခုလာပါမယ်။ 

Voice : သက်ထားသူဇာနဲ့ MTV ရိုက်တာကို ဝေဖန်ကြတာလည်း ရှိတယ်နော်။
YL : ဘာတွေဝေဖန်လဲတော့ မသိဘူးပေါ့နော်။ ကျွန်တော်တွေ့တာကတော အပြုသဘောဆောင်တဲ့ ကွန်မန့်တွေတော့ တွေ့တယ်။ အဓိကတော့ ညီမလေးအတွက် အပြောင်းအလဲလေးတစ်ခု ဖြစ်တာပေါ့နော်။ ဘာမှတော့ အထွေအထူးပြောစရာတော့ မရှိပါဘူး။ 

Voice : အနုပညာနဲ့ ပတ်သက်ပြီး ဘာတွေဆက်လုပ်သွားဖို့ရှိလဲ။
YL : အနုပညာသမားတွေကတော့ အနုပညာအလုပ်တွေပဲ ဆက်လုပ်ဖြစ်နေမှာပါ။ ကျွန်တော် ခေတ်နဲ့အညီ ပုံစံလေးပြောင်းပြီး လုပ်တာတော့ ပါးပါးလေးတော့ရှိမှာပေါ့။ အရင်တုန်းကပုံစံ ဟောင်းတွေလည်း မလုပ်ချင်တော့ဘူး။ ပုံစံအသစ်ဖြစ်မယ့်ဟာတွေနဲ့ပဲ ဆက်လုပ်သွားမယ်။ အရင်ပုံစံအတိုင်းပဲ အမြဲရှိနေမှာ မဟုတ်ဘူး။ 

ခင်ညိုညိုသိမ့်


  • VIA