News

POST TYPE

INTERVIEW

ကောင်းကောင်းနဲ့ တွေ့ဆုံခြင်း
18-Sep-2019


“အနာဂတ်မှာကျလာမယ့် အန္တရာယ်တွေ ကြုံတွေ့ရမယ့်အရာတွေကို ကိုယ်တိုင် ဖြတ်ကျော်ရမှာလေ”

Voice : သီချင်းတွေလည်း မထွက်တာကြာတော့ ပရိသတ်တွေက သီချင်းသစ်တွေကို စောင့်နေကြတယ်ဆိုတော့ သီချင်းသစ်တွေ ထွက်ဖို့ရှိလား။ 
KK : ကျွန်တော် လုပ်ထားပါတယ်။ အခုဆိုရင် မကြာခင်မှာ Single Song ထွက်ဖို့တော့ ရှိတယ်။ မိုင်လေးနဲ့ Tom & Jerry ဆိုတဲ့ သီချင်းလေးလည်း ထွက်ဖို့ရှိပါတယ်။ မကြာခင်မှာ စုံတွဲသီချင်းလေးပေါ့နော်။ တစ်လတစ်ပုဒ် နှစ်ပုဒ် အမြဲတမ်းပရိသတ်ကို ပေးသွားဖို့ ရှိပါတယ်။ အမြူးလည်းပါတယ်။ အအေးလည်းပါတယ်။ 

Voice : မိန်းမအတွက်လည်း သီချင်းတွေ ရေးပေးထားသေးလား။ 
KK : သူကတော့ သီချင်းဆိုတာတော့ ဝါသနာပါတယ်။ ဒါပေမဲ့ သူက ကြောက်တတ်တယ်။ လိုက်ဖက်မယ့် သီချင်းလေးကို ရေးပေးထားတယ်။ သူက သိပ်ဆိုအားရှိတဲ့အထဲမှာလည်း မပါပါဘူး။ သီချင်းချိုချိုအေးအေးလေးတွေ လုပ်ပေးဖို့ရှိပါတယ်။ 

Voice : အိမ်ထောင်သည်ဘဝမှာ ဖြတ်သန်းရတဲ့အခါ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုနားလည်မှုတွေ ရှိထားလဲ။ 
KK : ကျွန်တော်တို့ အမြဲတမ်း တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိတယ်။ နှစ်ယောက်လုံးကလည်း အနုပညာချစ်တဲ့သူဆိုတော့ တစ်ခုခုရှိရင် သီချင်းဆိုတာပဲဖြစ်ဖြစ်၊ လင်မယား နှစ်ယောက်စလုံး ဂစ်တာတီးပြီး ဆိုဖြစ်တယ်။ သီချင်းနားထောင်ဖြစ်တယ်။ သားလေးကလည်း ရှိလာပြီဆိုတော့ မိသားစုမှာ ဝမ်းနည်းစရာတွေ၊ စိတ်သောကတွေ စိတ်ရှုပ်ထွေးစရာသိပ်မရှိဘူးလို့ ပြောလို့ရတယ်။ ဒါက အမှန်တရားပြောတာ။ အမြဲတမ်းပျော်စရာနဲ့ ပြည့်နှက်နေတယ်။ 

Voice : ကောင်းကောင်းရဲ့ အမျိုးသမီးက ဘယ်လိုမျိုး အိမ်ထောင်မျိုးဖြစ်မလဲ။ 
KK : တကယ်ပဲ တန်ဖိုးရှိတဲ့ မိန်းမကောင်းတစ်ယောက်ပေါ့နော်။ သူ့ကို အမြဲတမ်း ယုံကြည်ပါတယ်။ နောက်ထပ် ငါးနှစ်ကျလို့ရှိရင် လက်ဆောင်တစ်ခု တောင်းထားပါတယ်။ ကျွန်တော်လည်း လိုချင်တယ်ပေါ့နော်။ ဘုရားကလည်း ပေးရင်ပေါ့နော်။ နောင်ငါးနှစ်ကျရင် ကလေးတစ်ယောက် ထပ်ယူဖို့လည်း ရှိပါတယ်။ လိုချင်တာတော့ သမီးလေး။ အခုက သားလေးကရနေပြီဆိုတော့လေ။ ဘုရားက ဘယ်လိုပေးမလဲမသိဘူး။ ဘုရားပေးတာပဲ ယူမယ်။ 

Voice : အိမ်ထောင်ဦးစီးရဲ့ ဘဝကို အပြည့်အဝ နားလည်နေပြီလား။
KK : ဟုတ်ကဲ့။ နားလည်သလောက်တော့ရှိနေပါပြီ။ အရင်တုန်းက နားမလည်ဘူး။ အမှန်တိုင်းပြောတာပါ။ ဒါပေမဲ့ သားလေးရလာတဲ့အခါ ပိုပြီးတော့မှ နားလည်လာတယ်။ အနာဂတ်မှာ ကျလာမယ့် အန္တရာယ်တွေ ကြုံတွေ့ရမယ့်အရာတွေက ကိုယ်တိုင် ဖြတ်ကျော်ရမှာလေ။ အိမ်ထောင်ဦးစီး ကောင်းတစ်ယောက်ဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ပြုပြင်နေပါတယ်။ ကြိုးစားနေပါတယ်။ အိမ်ထောင်ဦးစီး ကောင်းတစ်ယောက်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ 

ခင်ညိုညိုသိမ့်



  • VIA