News

POST TYPE

INTERVIEW

ဖြိုးမြတ်အောင်နဲ့ တွေ့ဆုံခြင်း
17-Sep-2019


“လက်ရှိ အစီအစဉ်မှာရော ကျွန်တော့်အကြိုက် မတွေ့သေးဘူး”

အဆိုတော်ဖြိုးမြတ်အောင်နဲ့ တွေ့ဆုံခိုက် လာမယ့် စက်တင်ဘာ ၂၉ ရက်နေ့မှာ ထွက်ရှိမယ့် တေးစီးရီးအကြောင်းနဲ့ Myanmar Idol Season 4 အကြောင်း၊ ဒိုင်အပြောင်းအလဲလေးတွေ အကြောင်းကို မေးမြန်းထားပါတယ်။ 

Voice : သင့်အတွက်မနက်ဖြန် အခွေလေးထွက်တော့မှာဆိုတော့ ပရိသတ်အတွက် ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ။
PMA : အထွေအထူးတော့ ဘာမှ လုပ်ထားတာမရှိပါဘူး။ စက်တင်ဘာ ၂၉ မှာ Solo Album ထွက်မယ်။ ရောင်းမယ်။ လက်မှတ်ထိုးပေးမယ်။ အဲဒါပဲရှိမယ်။ We Love မိသားစုတွေကို လက်ဆောင်ပြန်ပေးဖို့တော့ ရှိပါတယ်။ သီချင်းတွေကတော့ အကျိုးပြုတွေရော၊ ခွန်အားတွေရစေမယ့် သီချင်းရော၊ အချစ်သီချင်းရော အစုံပါမယ်ခင်ဗျ။

Voice : အကျိုးပြုသီချင်းဆိုတာ ဘယ်လိုမျိုးကို ရည်ရွယ်ရေးထားတာလဲ။ 
PMA : ကျွန်တော်တို့ ဧရာဝတီကို ရည်ရွယ်ပြီးတော့ ရေးထားတာပေါ့နော်။ ကျွန်တော်ကတော့ သီချင်းထွက်လာမှပဲ သိစေချင်တယ်။ သူတို့ကိုလည်း အံ့ဩအောင် လုပ်ချင်တယ်။ အရမ်းမိုက်ပါတယ်။ 

Voice : မြန်မာ အိုင်ဒေါအစီအစဉ်လည်း လာပြီဆိုတော့ အကြိုက်တွေ့မယ့် ပြိုင်ပွဲဝင်ရော တွေ့နေပြီလား။
PMA : လက်ရှိ အစီအစဉ်မှာရော ကျွန်တော့်အကြိုက် မတွေ့သေးဘူး။ ကျွန်တော်ပြိုင်ခဲ့တဲ့ အချိန်တွေကိုလည်း ပြန်သတိရတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အခု ပြိုင်ပွဲဝင်တွေထဲမှာ ကောင်းတဲ့သူတွေ အများကြီးပဲ ရှိပါတယ်။ ကိုယ့်အကြိုက်တော့ မတွေ့သေးတာပါ။ အကြိုက်တွေ့ရင်တော့ အားပေးမယ်။ ဝန်းရံမယ်။ 

Voice : ဒိုင်တွေ ပြောင်းသွားတဲ့အပေါ်ရော အမြင်လေးပြောပြပါဦး။ အန်ကယ် ဦးသိန်းတန် မပါတော့တဲ့အတွက်ရော။
PMA : ပြောင်းတဲ့ပေါ်မှာ ကျွန်တော်တော့ မခန့်မှန်းတတ်ဘူး။ တစ်ခုတော့ရှိတာပေါ့။ မြန်မာအိုင်ဒေါနဲ့တော့ အသားကျတယ် ထင်ပါတယ်။ အပြင်မှာလည်း အားလုံးကပြောကြတယ်။ အန်ကယ်ကတော့ ပုံပြင်လေးတွေပြောတတ်တယ်။ ကျွန်တော်တို့ မကြားဖူးတာလေးတွေ ကြားရတယ်။ အဲဒါလေးတွေကတော့ အမှတ်ရစေချင်ပါတယ်။ 

Voice : ပြိုင်ပွဲဝင်တစ်ယောက်ကနေ အဆိုတော်တစ်ယောက်ဖြစ်တဲ့အထိ အနုပညာစန်းက ကျမသွားဘူးနော်။ 
PMA : ဒါကတော့ ကျွန်တော့်ကို ထမင်းကျွေးနေတဲ့ကျေးဇူးရှင် ပရိသတ်တွေကို ယုံယုံကြည်ကြည် လေးလေးစားစားနဲ့ ဆက်ဆံပေးလို့တော့ ထင်ပါတယ်။ ပရိသတ်တွေ ချစ်တာကို ပထမတော့ အနေအထိုင် ကျဉ်းကျပ်တာပေါ့နော်။ နောက်ပိုင်းမှာတော့ နေသားကျသွားတော့ ပိုပြီးတော့ ပျော်ဖို့တောင်ကောင်းတယ်။ 

ခင်ညိုညိုသိမ့်







  • VIA