News

POST TYPE

INTERVIEW

ဝိုင်းစုခိုင်သိန်းနဲ့ တွေ့ဆုံခြင်း
13-Sep-2019


“ဝိုင်းစုက အရမ်းစားတယ်။ အခုတော့ ဆယ်ပုံပုံ တစ်ပုံလောက်ပဲ စားဖြစ်တော့တယ်”

အဆိုတော်ဝိုင်းစုခိုင်သိန်းနဲ့ တွေ့ဆုံခိုက် အသစ်ထွက်ရှိ လာမယ့် တေးစီးရီးအကြောင်း၊ သီချင်းတွေအကြောင်းတွေနဲ့ ဝိတ်ချဖြစ်နေတဲ့ အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 

Voice : ဝိုင်းစုရဲ့ ဂီတဖန်တီးမှုအသစ်တွေရှိရင် ပြောပြပါဦး။
WSKT : နောက်လမှာ ထွက်မယ့် ဝိုင်းစုရဲ့ အခွေလေးကို လုပ်နေတယ်ပေါ့နော်။ ဒီခွေမှာ ဝိုင်းစု ပုံစံလေး ပြောင်းထားတယ်။ အနှေးလေးတွေကတော့ အရင်ပုံစံအတိုင်းပဲ။ အသစ်အဆန်းလေးတွေလည်း ပါတယ်ပေါ့။ အစုံပဲ ထည့်ထားပါတယ်။ လောလောဆယ်တော့ အဲခွေထွက်နိုင်အောင် ကြိုးစားနေတယ်။ အသံသွင်းတာရော၊ Mixing ပိုင်းရောပဲ။ အမြန်ဆုံး တွန်းအားပေးပြီးတော့ လုပ်နေတယ်။ စတိုင်လေး နည်းနည်း ချိန်းထားတယ်။ ကိုအောင်လရဲ့ အိုင်ဒီယာတွေလည်း များတယ်။ တေးရေးဆရာတွေရဲ့ အိုင်ဒီယာတွေလည်း ပါတယ်။ ဒီခွေကလည်း ချိန်းဖို့ အစောကြီတည်းက ပြင်ဆင်ထားတယ်။ အဲတော့ ပိုပြီးတော့ အဆင်ပြေတာပေါ့နော်။ သီချင်းတွေ ပြန်စီကြည့်တော့ တော်တော်ကြီးကို အဆင်ပြေတယ်။ ပရိသတ်တွေလည်း ကြိုက်မယ်လို့ ထင်ပါတယ်။ အခုခေတ်နဲ့လည်း လိုက်မယ်လို့ ထင်တယ်။ 

Voice : ဒီအခွေလေးက ဝိုင်းစုအတွက် ဘယ်လောက်ထိ အပြောင်းအလဲဖြစ်မလဲ။
WSKT : ဝိုင်းစုအတွက် အပြောင်းအလဲ ဖြစ်မှာပါ။ အိမ်မှာလည်း စတူရီယိုလည်းရှိနေတော့ တစ်ရေးနိုးလည်း အသံ ထသွင်းချင် သွင်းနေတာလေ။ စိတ်ကူးရရင် ရသလိုပဲ။ ချိန်းထားတယ်ဆိုပေမယ့် ပရိသတ်အကြိုက်လေးတွေပါပဲ။ ဝိုင်းစုခိုင်သိန်းကို လက်မခံနိုင်လောက်အောင်တော့ မဟုတ်ဘူး။ အရမ်းကြီးမပြောင်းထားဘူး။ ခေတ်ရေစီးအတိုင်းပါပဲ။ 

Voice : ဝိုင်းစုလည်း နည်းနည်း ဝလာတယ်နော်။ 
WSKT : ပုံမှန်က ဝိုင်းစုက အရမ်းစားတယ်။ အခုတော့ ဆယ်ပုံပုံတစ်ပုံလောက်ပဲ စားဖြစ်တော့တယ်။ အဓိက အသက်အရွယ်နဲ့လည်း ဆိုင်မယ်ထင်တယ်။ အဲတော့ ဝိတ်ချရတာ ခက်တယ်ပေါ့နော်။ ဝပြီးရင် ချရတာခက်တယ်။ အခုတော့ ဝတ်ရစားရတာ အဆင်ပြေသွားပါပြီ။ အရင်တုန်းက ဝချင်လို့ ဝအောင် လုပ်လိုက်တယ်။ အခုတော့ ကိုယ့်ဘာသာ ပြန်ထိန်းနေရတယ်။ နောက်ဆိုရင် အဲလောက်ထိ ဝအောင် မနေတော့ဘူး။ ကျန်းမာရေးအတွက်က အစားအသောက် အနေအထိုင်တော့ ဆင်ခြင်ရတယ်။ အစကတည်းက ကိုယ်နဲ့တည့်မယ့် အစားအစာကို စားရတယ်။ အစားအသောက်ကို ရွေးပြီး စားနေရတာဆိုတော့ သီးသန့်ကြီးတော့ မလုပ်ရဘူး။ ကျန်းမာရေးအတွက်ကတော့ အစားအစာနဲ့ပဲ ထိန်းဖြစ်တယ်။ 

Voice : ကိုယ်တိုင်ရော ဝတာကို ဆိုက်ကိုဖြစ်လား။
WSKT : ဝိုင်းစုတို့က အနုပညာသမားဆိုတော့ ပွဲလမ်းသဘင်သွားမယ် ဘာတို့ဆိုရင် ဝတ်ရစားရတာ အဆင်မပြေဘူး။ ပွဲကို မတက်ချင်ဘူး။ ကိုယ့်ကိုယ်ကိုယ် ကွန်ဖီးဒင့် မရှိဘူး။ ပွဲလုပ်ရင် အဆင်မပြေဘူး။ အဲအတွက်ကို ဝိတ်ချမယ်ဆိုပြီး တိုင်ပင်ဖြစ်တယ်။ ပုံမှန် ကိုယ်သာအပြင်လူတစ်ယောက်ဆိုရင် ဝရင်လည်း ဝပါစေ။ ကိုအောင်လနဲ့က အတိုင်အဖောက် အရမ်းညီတာ။ ဒါလေး စားချင်တယ်ဆို စားမယ်။ အကြိုက် သွားတူနေကြတယ်။ ဝိတ်တော့ ချနေပါတယ်။ 

ခင်ညိုညိုသိမ့် 



  • VIA