News

POST TYPE

INTERVIEW

အေးမြတ်သူနဲ့ တွေ့ဆုံခြင်း
08-Sep-2019
“ကြိုတင်ပြင်ဆင်မှုတွေ အများကြီးရှိတဲ့အခါမှာ ရိုက်ကွင်းမှာ ဘာမှ ကြိုတင်ပြင်ဆင်မှုတွေ မလိုတော့ဘူး”



သရုပ်ဆောင်အေးမြတ်သူနဲ့ တွေ့ဆုံခိုက် တန်ဖိုးဇာတ်လမ်းရိုက်ဖြစ်တဲ့အကြောင်း၊ ကိုရီးယားအနုပညာရှင်တွေနဲ့ ပူးပေါင်းရိုက်ဖြစ်တဲ့ အကြောင်းလေးတွေကို မေးမြန်းထားပါတယ်။ 

Voice : တန်ဖိုးရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်ဖြစ်တဲ့အကြောင်းလေး ပြောပြပေးပါဦး။
AMT : အေးမြတ်သူတို့ ရိုက်ခဲ့တဲ့အချိန်ကလည်း နိုင်ငံခြားနဲ့ အကျိုးတူပူးပေါင်းပြီး ရိုက်နေတဲ့ အချိန်လည်း ဖြစ်တယ်။ ကိုယ်လည်း အဲလိုမျိုးလေးတွေမှာ ပါဝင်ခွင့်ရတယ်။ အဓိကတော့ ဒါရိုက်တာကြီးပေါ့နော်။ ကိုရီးယားနိုင်ငံရဲ့ တက္ကသိုလ်ပေါ့နော်။ မာစတာတန်းကိုပြီးစီးဖို့အတွက် ဒီကားလေးကို ရိုက်တယ်။ ပါဝင်တဲ့ အတတ်ပညာရှင်အားလုံးက စိတ်ဝင်စားသွားကြတယ်။ ဇာတ်လမ်းဖတ်ကြည့်တော့ ဇာတ်လမ်းလေးက ကိုယ့်အတွက် အများကြီး ကိုယ့်ကို နေရာတစ်နေရာ ပေးထားတယ်။ ဇာတ်လမ်းရည်ရွယ်ချက်ကလည်း အရမ်းကောင်းမွန်တယ်။ အားလုံးပေါင်းစပ်ပြီးတော့ ပါဝင်ခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းသာပါတယ်။ 

Voice : အေးမြတ်သူရဲ့ ကာရိုက်တာကရော။
AMT : အဓိကတော့ ဒါရိုက်တာကြီးက ကြိုတင်ပြင်ဆင်တာတွေ ပိုများတယ်။ ကာရိုက်တာတစ်ခုမှာ ကာလာတုန်းတွေ၊ ဝတ်ရမယ့်အဝတ်အစားတွေ အားလုံးက ပြင်ဆင်ပြီးသားတွေချည်းပဲ။ ကြိုတင် ပြင်ဆင်မှုတွေ အများကြီးရှိတဲ့အခါမှာ ရိုက်ကွင်းမှာ ဘာမှ ကြိုတင်ပြင်ဆင်မှုတွေ မလိုတော့ဘူးပေါ့နော်။ ဇာတ်ညွှန်းတွေကအစ ဖတ်ပြီးသား ဇာတ်လမ်းတွေပေါ့နော်။

Voice : ကိုရီးယားက အနုပညာ ရှင်တွေနဲ့ ပူးပေါင်းရိုက်ဖြစ်တော့ ဘာတွေများခက်ခဲတာ ရှိနေသေးလဲ။ 
AMT : အဓိကတော့ ဘာသာစကားပေါ့။ ကိုရီးယားဘာသာစကားက မတတ်တော့လေ။ ကိုရီးယားစီးရီးက အများကြီးမကြည့်ဖူးတော့ အများကြီး မပြောတတ်ဘူးပေါ့နော်။ ဒါရိုက်တာက မြန်မာဘက်ကိုလည်း နားလည်အောင်ပြော၊ ကိုရီးယားရုပ်ရှင်အဖွဲ့သားတွေကိုလည်း နားလည်အောင် ပြောရတာဆိုတော့ ဒါရိုက်တာတော့ အပင်ပန်းဆုံးပဲ ဖြစ်မယ်။ နားလည်မှုကတော့ အေးမြတ်သူတို့ ဘာသာစကား အခက်အခဲပဲ။ ကျန်တာတော့ အနုပညာတစ်ခုကို ဖန်တီးတဲ့နေရာမှာ အားလုံး လောဘကြီးတယ်။ တက်ကြွတယ်။ ပြီးတော့ အချိန်တိုင်း အလုပ်လုပ်ဆိုတဲ့ စိတ်ပဲ ရှိတယ်။ 

Voice : ဇာတ်လမ်း ရည်ရွယ်ချက်က ကောင်းတော့ ပရိသတ်တွေက ဘာတွေများ ရနိုင်မလဲ။ 
AMT : အဲလိုကြီးတော့ အေးမြတ်သူ မပြောတတ်ဘူး။ ဒီကားက ဒရာမာဆိုတာက အရမ်းကြီး ဟဲဗီးဒရာမာမဟုတ်ဘူး။ ပါးပါးလေးရယ်၊ လူငယ်တွေအကြိုက် ရိုမန့်တွေလည်းပါတယ်။ အက်ရှင်တွေလည်းပါတယ်။ ဒီကားလေးကို မြစ်ကြီးနားမှာ တော်တော်များများ ကြိုတင်လက်မှတ်တွေဝယ်ပြီး အားပေးနေကြတယ်ပြောတယ်။ ဒီကားလေးက ကာလာတုန်းတွေ၊ ပြင်ဆင်မှုတွေ ကောင်းတယ်။ တွေ့ပါလိမ့်မယ်။ ဇာတ်လမ်းဇာတ်ကွက်လေး၊ ယူထားတဲ့ ကင်မရာအယူအဆတွေက ကွာတယ်။ တန်ဖိုးဆိုတာ ဘာလေးလဲဆိုတာ အကဲခတ်စေချင်တယ်။ 

ခင်ညိုညိုသိမ့်