News

POST TYPE

INTERVIEW

အိချောပိုနဲ့တွေ့ဆုံခြင်း
30-Aug-2019


“ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါးတရင်းတနှီး နေချင်တာပေါ့နော်”

သရုပ်ဆောင်အိချောပိုနဲ့ တွေ့ဆုံခိုက်ဆုံစည်းခွင့်ဇာတ်လမ်းတွဲအကြောင်း၊ Fan Meeting ပြုလုပ်မယ့် အကြောင်းတွေကို မေးမြန်းထားပါတယ်။

Voice : ဆုံစည်းခွင့် ဇာတ်လမ်းတွဲက အိချောအတွက် ပထမဆုံးဇာတ်လမ်းတွဲဆိုတော့ ဘယ်လိုမျိုးတွေ မြင်ရမှာလဲ။
ECP : အိချောအတွက်တော့ ပထမဦးဆုံး ဇာတ်လမ်းတွဲပါ။ ပြောထားတာတော့ ကြာပြီပေါ့နော်။ ကြိုတင်ပြင်ဆင်နေတာတွေလည်း ကြာပြီ။ အဓိက,ကတော့ ဇာတ်လမ်းလေးလည်းကောင်းတယ်။ ပါဝင်တဲ့ Actor တွေကလည်းများတယ်။ အိချောလုပ်ရမယ့် ကာရိုက်တာကိုလည်း သဘောကျတယ်။ အဲဒါကြောင့် လက်ခံဖြစ်တာပါ။ အိချောက ဒီထဲမှာ အသွက်ပေါ့နော်၊ လူလည်ကျတယ်။ အစ်မအကြီးဆုံး နေရာလည်းဖြစ်တယ်။ ညီမတွေပေါ်မှာလည်း ကွန်ထရိုးလုပ်တယ်။ ဆရာကြီးလုပ်တယ်၊ အဲလိုပုံစံမျိုးပေါ့။ 

Voice : အိချောတို့က ရုပ်ရှင်ရိုက်တာများတယ်။ အခုဇာတ်လမ်းတွဲအတွက်ကိုရော အချိန်ဘယ်လိုများပေးဖြစ်လဲ။
ECP : အဓိကတော့ အချိန်ပေါ့နော်။ အချိန်ကတော့ ပေးရတယ်ပေါ့နော်။ တစ်ပိုင်းနဲ့ တစ်ပိုင်းကို ဆက်စပ်မိဖို့ကိုလည်း အက်တင်ပိုင်းကိုရော၊ ပြင်ဆင်မှု အပိုင်းတွေကို အားလုံးက ကြိုးစားပြီးတော့ ပြင်ဆင်သွားရမှာဆိုတော့လေ။ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲ ကွာခြားမှုကတော့ ရှိပါတယ်။ 

Voice : ပရိသတ်တွေနဲ့တွေ့ဖို့လည်း စီစဉ်နေတဲ့ အကြောင်းလေးလည်း ပြောပြပေးပါဦး။
ECP : Fan Meeting က ပရိသတ်တွေပေါ့နော်။ တချို့နယ်က ပရိသတ်တွေနဲ့လည်း မတွေ့ရတာကြာပြီဆိုတော့ ပျော်ပျော်ပါးပါး Fan တွေနဲ့ တွေ့ချင်တယ်။ သူတို့အတွက် ပွဲလေးလုပ်ပေးချင်တဲ့ သဘောပါ။ ပွဲလေးလုပ်ဖို့အတွက် အကုန်တိုင်ပင်နေကြပါတယ်။ ရန်ကုန်ပဲ လုပ်ဖြစ်ဖို့များမယ်။ 

Voice : Fan Meeting လုပ်ရတဲ့ခံစားချက်လေးကရော ဘယ်လိုအစီအစဉ်တွေ ပါဦးမလဲ။
ECP : အဓိကတော့ ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါး တရင်းတနှီးနေချင်တာပေါ့နော်။ အဲဒါကြောင့်မို့လည်း Fan တွေနဲ့ တွေ့ဖို့လုပ်မယ်လို့ စိတ်ကူးလိုက်တာပါ။ လောလောဆယ်တော့ လူစုပြီး တိုင်ပင်နေတယ်။ ရက်တွေဘာတွေ သေချာသိရရင်တော့ ပြောပြပေးသွားမှာပါ။ 

Voice : Fan Meetin က ပွဲအကြီးကြီး လုပ်မှာလား။
ECP : ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ဖြစ်ဖို့ထက် Fan တွေ ပျော်ရဖို့ပဲ အရေးကြီးပါတယ်။ ဒီ တစ်ခါလုပ်မှာတော့ ဒုတိယအကြိမ်ပေါ့နော်။ ပထမတုန်းကလည်း ပွဲတစ်ခါတော့လုပ်ဖူးတယ်။ ရင်ခုန်မှု အပိုင်းကတော့ Fan တွေနဲ့ တွေ့ရမယ်ဆိုတော့ ပျော်တာပေါ့နော်။ ကိုယ့်ကိုအားပေးနေတဲ့ ပရိသတ်တွေ တချို့ဆိုလည်း အိချောကိုယ်တိုင် မသိဘူးလေ။ ကိုယ် မတွေ့ဘူးသေးတဲ့ Fan တွေနဲ့ တွေ့ချင်ပါတယ်။ 
 
ခင်ညိုညိုသိမ့် 


  • VIA