News

POST TYPE

INTERVIEW

ထက်ယံနဲ့ တွေ့ဆုံခြင်း
29-Aug-2019
“ကျွန်တော်က အဆိုတော်ဆိုတော့ မဆိုရ မနေနိုင်ဘူး”



အဆိုတော် ထက်ယံနဲ့ တွေ့ဆုံခိုက် ဆုံစည်းခွင့် ဇာတ်လမ်းတွဲအကြောင်းနဲ့ ဂီတလှုပ်ရှားမှုအကြောင်းတွေကို မေးမြန်းထားပါတယ်။ 

Voice : ဆုံစည်းခွင့် ဇာတ်လမ်းတွဲမှာ ဘယ်လိုပုံစံမျိုးသရုပ်ဆောင်ရမှာလဲ။ 
HY : ဒီကားလေးကတော့ Bo Bo Film က ပေါ့နော်။ ကျွန်တော့်ကို ဒီဇာတ်လမ်းလေးရှိတယ်။ ပြီးတော့ ဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးလေးလည်းဖြစ်တယ်။ ကာရိုက်တာတွေကလည်း အရမ်းခက်တာမျိုးမဟုတ်လို့ လက်ခံဖြစ်တာပါ။ ကျွန်တော့် ဇာတ်ကောင်က ထင်ရှားဆိုတဲ့ ကာရိုက်တာလေးပါ။ ကုမ္ပဏီလုပ်ငန်းရှင် အိချောပိုရဲ့ ရည်းစားနေရာကပါ။

Voice : ဇာတ်လမ်းတွဲရိုက်ဖို့ ဘာတွေက တွန်းအားဖြစ်စေချင်တာလဲ။
HY : အဓိကရုပ်ရှင်ပဲဖြစ်ဖြစ်၊ ဇာတ်လမ်းတွဲပဲဖြစ်ဖြစ်၊ ဗီဒီယိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ရှေ့မှာတော့ ရိုက်ဖူးပါတယ်။ ကျွန်တော်လုပ်ရမယ့် ကာရိုက်တာလေးက အရမ်းများခက်ခဲနေမလား၊ ကိုယ်လုပ်နိုင်မလားဆိုတဲ့ အပိုင်းကို မူတည်ပြီး လုပ်ဖြစ်တယ်။ ကျွန်တော်လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်ဆိုပြီးတော့ လက်ခံဖြစ်ပါတယ်။ အရမ်းကြီးတော့ ကျွန်တော်နဲ့ စိမ်းတာမျိုးတော့ မဟုတ်ပါဘူး။ ကျောင်းမှာလည်း သရုပ်ဆောင်တာမျိုးလည်း လုပ်ခဲ့ဖူးပါတယ်။ ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ထားပါတယ်။ အရမ်းကြီးစိမ်းတာမျိုးမဟုတ်ဘဲ ကိုယ်တိုင်ကာရိုက်တာတစ်ခုကို ပုံပေါ်အောင် သရုပ်ဆောင်မယ့်အခါမှာတော့ ခက်ခဲတာမျိုးလည်းရှိမှာပါ။ ကာရိုက်တာတွေကိုတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ထားတယ်။ 

Voice : သရုပ်ဆောင်တဲ့အခါ ဘယ်လိုဖိအားတွေ ရှိတတ်လဲ။ 
HY : သိပ်ပြီးတော့ မရှိပါဘူး။ ကျွန်တော်ဆိုရမယ့်ရှိုးတွေ သီချင်းပိုင်းတွေတော့ အားလျော့သွားမှာတော့ စိုးပါတယ်။ တခြားအပိုင်းတော့ ထွေထွေထူးထူးမရှိပါဘူး။ တကယ်တမ်းရိုက်ချင်ရင်တော့ ဘာတွေ အခက်အခဲတွေဖြစ်လာဦးမလဲဆိုတာ မသိသေးဘူးပေါ့နော်။ ဒီဇာတ်လမ်းတွဲကတော့ ပထမဆုံးလည်း ဖြစ်တယ်။ 

Voice : အဆိုတော်မင်းသားလုပ်မှာလား။ 
HY : သရုပ်ဆောင်လုပ်တာလည်း လုပ်တာပေါ့နော်။ ကျွန်တော်က အဆိုတော်ဆိုတော့ မဆိုရမနေနိုင်ဘူး။ နောက်ထပ် သီချင်းအသစ်တွေလုပ်ဖို့လည်း စီစဉ်ထားတဲ့ Plan အတိုင်းလည်း ဆက်လုပ်သွားမှာပါ။ သီချင်းအသစ် Single လေးတွေလည်း ထွက်ဖို့ရှိပါတယ်။ MTV လည်းထွက်ဖို့ရှိပါတယ်။ သီချင်းကတော့ အမြဲလုပ်သွားမှာပါ။

ခင်ညိုညိုသိမ့်