News

POST TYPE

INTERVIEW

မိုရီဆာကီဝင်းနဲ့ တွေ့ဆုံခြင်း
16-Aug-2019



“ဘယ်လိုပညာတွေ ယူရမလဲဆိုတာပဲ အတုခိုးလို့ရတာကို ခိုးမယ်ဆိုပြီး ခေါင်းထဲမှာပဲ ရှိပါတယ်”

သရုပ်ဆောင် အဆိုတော် မိုရီဆာကီဝင်းနဲ့ တွေ့ဆုံခိုက် ဇာတ်လမ်းတွဲ ရိုက်ကူးမယ့်အကြောင်း မြန်မာစကားကို သင်ယူမယ့် အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 

Voice : အိပ်မက်တွေ မိုးထားတဲ့အိမ် လက်ခံရိုက်ကူးဖြစ်တဲ့ အကြောင်းလေး အရင်ပြောပြပေးပါဦး။
AW : ကျွန်တော် မြန်မာပြည်မှာ သရုပ်ဆောင်တာကို အရမ်းလုပ်ကြည့်ချင်တယ်။ အရင်ကတည်းကလည်း သရုပ်ဆောင်တာကို အရမ်းကြိုက်တယ်။ လုပ်ဖို့က အခွင့်အရေးမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ဂျပန်မှာလည်း အလုပ်လုပ်နေရတဲ့အတွက်ကြောင့်ပါ။ MNTV နဲ့ ရိုက်ဖြစ်တယ်။ ဇာတ်လမ်းကလည်း မိသားစုဇာတ်လမ်းဖြစ်တယ်။ အဲဒါကြောင့် ရိုက်ဖြစ်တာပါ။

Voice : ကာရိုက်တာလေးကရော။
AW : ဇာတ်ညွှန်းက သေချာ ကျွန်တော့်ဆီ မလာသေးဘူးခင်ဗျ။ ဖတ်လည်း မဖတ်ရသေးဘူး။ သူတို့ ကျွန်တော့်ကိုကြိုပြီး အစ်မနေခြည်ဦးရဲ့ ရည်းစားနေရာကနေ ပါဝင်ရမယ်။ ပြီးတော့ ကျွန်တော်က ဂျပန်မှာ အလုပ်လုပ်တယ်။ ရည်းစားနှစ်ယောက်က အဝေးကနေပြီးတော့ တွဲရမှာပေါ့။ အဲဒီအခက်အခဲတွေကို ပြမှာ၊ အဝေးရောက်နေတဲ့ ရည်းစားတွေလည်း ဂျပန်ပြည်မှာ အများကြီးရှိတယ်ခင်ဗျ။ အဲတော့ ခံစားလို့ရမယ့် ပုံပြင်လေးဖြစ်မလားလို့ ကျွန်တော်လည်း မျှော်လင့်မိပါတယ်။ ကာရိုက်တာအတွက် ပြင်ဆင်မှုကတော့ မြန်မာပြည်က ဇာတ်ကားတွေကို ကြည့်တယ်။ မြန်မာပြည်က သရုပ်ဆောင်တွေက ဘယ်လိုသရုပ်ဆောင်ထားလဲဆိုတာကိုကြည့်တယ်။ ပညာရအောင် ကြည့်နေပါတယ်။ 

Voice : မြန်မာပြည်က သရုပ်ဆောင်တွေနဲ့ အတူတူတွဲသရုပ်ဆောင် ရမှာဆိုတော့ ဘယ်လိုစိတ်မျိုးဖြစ်မိလဲ။ 
AW : မြန်မာပြည်က သရုပ်ဆောင်တွေက ဟိုးအရင်ကတည်းက စီနီယာပေါ့ခင်ဗျာ။ သူတို့ဆီက ဘယ်လိုပညာတွေယူရမလဲ၊ ကျွန်တော်ကလည်း တိုးတက်ချင်တယ်။ ရုပ်ရှင်မင်းသားတစ်ယောက်အနေနဲ့ အရမ်းတိုးတက်ချင်တဲ့အတွက် သူတို့ဆီကဘယ်လိုပညာတွေယူရမလဲဆိုတာပဲ အတုခိုးလို့ရတာကို ခိုးမယ်ဆိုပြီး ခေါင်းထဲမှာပဲ ရှိပါတယ်။ 

Voice : ကားရိုက်ရမယ်ဆိုတော့ စကားတွေ အများကြီးပြောရတော့ မယ်လေ။ မြန်မာစကားတွေကိုရော ဘာတွေလေ့လာထားပြီးပြီလဲ။ 
AW : ဟုတ်ကဲ့၊ ကျွန်တော့်အဖေ အမေလည်းရှိတယ်။ သူတို့ကို မေးမယ်။ ဂျပန်မှာဆို ခင်တဲ့ မြန်မာပြည်သားတွေလည်း အများကြီးရှိတဲ့အတွက် သူတို့ကိုလည်း မေးပြီးတော့ မြန်မာစကား ဘယ်လိုအဓိပ္ပာယ်ရှိလဲ၊ ဘယ်လိုခံစားချက်ဆိုတာမျိးနားလည်ဖို့ အရေးကြီးတယ်။ ပိုပြီးလေ့လာဖို့လည်း လိုတယ်လို့ ကျွန်တော့်ကိုယ်ကျွန်တော် သိပါတယ်။ ဂျပန်မှာလည်း မြန်မာမဂ္ဂဇင်းတွေလည်းရှိတော့ တဖြည်းဖြည်းဖတ်သွားမလို့ပါ။ 

Voice : နေခြည်ဦးနဲ့တွဲ သရုပ်ဆောင်ရမယ်ဆိုတော့ သူ့အပေါ် ဘယ်လိုမြင်လဲ။
AW : မြန်မာပြည်မှာ အားပေးမှုရှိတဲ့ မင်းသမီးတစ်ဦးဖြစ်တယ်လို့ ကြားထားပါတယ်။ အားပေးခံရတဲ့သူတစ်ယောက်ဆိုတော့ သူ့ဆီမှာ ၽြနေ်သည သေချာပေါက်ရှိတယ်။ အခုမှ ပထမဦးဆုံး တွေ့လိုက်တယ်။ နေခြည်ဦးက လူရှေ့ သူရှေ့မှာ စကားပြောတတ်တယ်။ ရိုက်ကွင်းမှာတော့ ကာရိုက်တာအချင်းချင်းနဲ့ စကားတွေ ပြောနေရမှာမို့ အခုတောင် စိတ်တွေခုန်ပါပြီ။ 

ခင်ညိုညိုသိမ့်