News

POST TYPE

INTERVIEW

လိမ္မော်သီးနဲ့ တွေ့ဆုံခြင်း
14-Aug-2019
“ရေဘေးဖြစ်တိုင်း ညီမနှစ်ယောက် ဖလားနဲ့အလှူခံထွက်တယ်”



အဆိုတော်လိမ္မော်သီးနဲ့ တွေ့ဆုံခိုက် ဂီတလှုပ်ရှားမှုအကြောင်း၊ မွန်ပြည်နယ်ရှိ ရေဘေးသင့် ပြည်သူတွေအတွက ် ဆုတောင်းစကားနဲ့ ချစ်သူရွေးချယ်ထားမှုအကြောင်းတွေကို မေးမြန်းထားပါတယ်။ 

Voice : လက်ရှိ ဂီတနဲ့ပတ်သက်ပြီး လှုပ်ရှားမှုလေးအကြောင်း ပြောပြပါဦး။ 
LMT : သီချင်းအသစ်လေးတွေ တစ်ပုဒ်နှစ်ပုဒ်တော့ အွန်လိုင်းမှာ ထွက်ဖို့ရှိပါတယ်။ တစ်လနှစ်လတော့ ကြာဦးမယ်။ မိုးတွင်းဆိုတော့အိမ်မှာ နည်းနည်း နားနေတယ်။ ပွဲတွေတက်တယ်။ အဲဒါတွေပဲ အဓိကလုပ်ဖြစ်နေတယ်။ 

Voice : ညီမလေး ဝေလာရီကလည်း သရုပ်ဆောင်လုပ်နေပြီဆိုတော့ သူ့ကို ဘယ်လိုမျိုးတွေ ဖြစ်စေချင်တာရှိလဲ။
LMT : သူကတော့ အစကတည်းက သရုပ်ဆောင်ဘက်မှာ ပိုပြီးတော့ ပါရမီပါတာသိတယ်။ သူ့ကို အသံမကောင်းဘူး။ သီချင်းမဆိုနဲ့လို့ ပြောထားတာ။ သရုပ်ဆောင်ပဲလုပ်လို့ ပြောထားပြီးသားပါ။ နှင်းဆီ ဇာတ်လမ်းတွဲလေးတော့ နမူနာလေးကြည့်ထားပြီးပေါ့နော်။ သရုပ်ဆောင်တာတော့ ကောင်းပါတယ်။ ကိုယ့်ညီမဆိုတော့ မြင်ဖူးနေတယ်လေ။ သူ့ဘာသာသူ အဆင်ပြေတယ်။ လိုက်ဖက်တယ်လို့မြင်တယ်။ အချိန်တိုလေးအတွင်းမှာ ကြိုးစားမှုရလဒ်ပေါ့။ ဝမ်းသာတယ်။ ဒီထက်လည်းပိုပြီးတော့ ဖြစ်စေချင်တာပေါ့နော်။ ဖြစ်မယ်လို့ မျှော်လင့်ထားပါတယ်။ 

Voice : ချစ်သူကိုလည်း တရားဝင်ပြောထားတာဆိုတော့ ကိုယ့်ချစ်သူကို ဘယ်လိုရွေးဖြစ်တာလဲ။
LMT : ကိုယ်လိုချင်တာတော့ နားလည်မှုပေါ့နော်။ ဂရုစိုက်မှုတွေ၊ အဲလိုမျိုးတွေကို လိုချင်တာပါ။ စိတ်ထားလေးတွေကိုပဲ ကြည့်တယ်ပေါ့နော်။ ကိုယ်က အကြီးဆုံးဆိုတော့ ကိုယ့်အောက်မှာ မောင်နှမတွေလည်းရှိတယ်။ ဒီလူတွေပေါ်မှာ မြင်တဲ့ အမြင်ပေါ့နော်။ အဲဒါတွေကိုလည်းကြည့်တယ်။ စိတ်နေသဘောထားကိုလည်း ကြည့်တယ်။ စိတ်နေသဘောထားကို သဘောကျတယ်ဆိုရင် အဲဒီကတစ်ဆင့် ပိုပြီးတော့ ရင်းနှီးမယ်။ ခင်မယ်။ အဲဒီကနေတစ်ဆင့် ချစ်သူပေါ့နော်။ 

Voice : အခုဆိုရင် မွန်ပြည်နယ်ပေါ့၊ ရေတွေကြီးပြီး ဘေးအန္တရာယ်တွေ ကျရောက်နေတယ်။ ကိုယ်တိုင်လည်း မွန်လူမျိုးတစ်ယောက်ဆိုတော့ ရင်ထဲက ခံစားချက်လေးပြောပြပေးပါဦး။ 
LMT : မွန်ပြည်နယ်မှာ ဖြစ်နေတော့လေ စိတ်မကောင်းဘူးပေါ့နော်။ ကိုယ်နိုင်ငံထဲမှာလည်း ဖြစ်နေတော့ အသေအပျောက်တွေရှိတော့ ပိုဆိုးတာပေါ့။ တော်ရုံတန်ရုံမဟုတ်ဘူးဆိုတော့လေ။ မြေပြိုတာတွေရောဆိုတော့ ရောပေါ့နော်။ လုပ်ပေးနိုင်တာဆိုရင် အဝတ်အထည်တွေ နည်းနည်းပါးပါးပေါ့နော်။ သူတို့ဝတ်လို့ရမယ့် လုံခြုံမယ့်အရာ၊ အဆင်ပြေမယ့်အရာ နွေးထွေးမယ့်ဟာလေးတွေကို လှူမယ်ပေါ့နော်။ အမေကလည်း လွှတ်နေတယ်။ လူကိုယ်တိုင်သွားစေချင်တယ်။ ငွေကြေးလည်း တတ်နိုင်တာလေးလည်း လှူပါမယ်။ ကိုယ်ကတော့ နိုင်သလောက်လေးပဲ။ အားလုံးဝိုင်းကူညီရင်တော့ အဆင်ပြေသွားမှာပါ။ အရင်တုန်းကဆိုရင် ရေဘေးဖြစ်တိုင်း ညီမနှစ်ယောက် ဖလားနဲ့ အလှူခံထွက်တယ်။ မုန့်ရောင်းတယ်။ ရောင်းရတဲ့ငွေကို လှူတယ်။ သီချင်းဆိုမယ်ဆိုလည်း ဆိုတယ်။

Voice : မွန်ပြည်နယ်အတွက် ဆုတောင်းစကားလေးပြောပေးပါဦး။
LMT : မွန်ပြည်နယ်ကိုလည်း အားလုံးဝိုင်းဝန်းကူညီပေးကြပါဦးလို့ ပြောချင်ပါတယ်။ အားလုံးပါဝင်ဖို့လည်း တောင်းဆိုချင်ပါတယ်။ 

ခင်ညိုညိုသိမ့်