News

POST TYPE

INTERVIEW

သန္တာဗိုနဲ့တွေ့ဆုံခြင်း
29-Jul-2019
“အရပ်ရှည်တော့ မင်းသားတွေနဲ့ တွဲလို့ အဆင်မပြေဘူး”



မော်ဒယ်လ် သန္တာဗိုနဲ့ တွေ့ဆုံခိုက် အနုပညာ လှုပ်ရှားမှု အကြောင်းတွေနဲ့ သရုပ်ဆောင်ချင်တဲ့ ကာရိုက်တာတွေအကြောင်း၊ အချစ်ရေးအကြောင်းတို့ကို မေးမြန်းခဲ့ပါတယ်။ 

Voice : မော်ဒယ်လ်ဘက်မှာပဲ ဆက်ရပ်တည်ဖြစ်နေမှာလား။ သရုပ်ဆောင်ဘက်ရော လုပ်ဦးမှာလား။
TDB  : သရုပ်ဆောင်တယ်ဆိုတာကတော့ ကိုယ့်ကို ကမ်းလှမ်းခံရမှပေါ့နော်။ ရိုက်ချင်တာပေါ့။ ဘယ်ကာရိုက်တာပဲဖြစ်ဖြစ်၊ အခွင့်အရေးရရင် အကုန်လုံးတော့ ရိုက်ချင်တယ်။ ရိုက်ထားတဲ့ကားတွေလည်း ရှိပါတယ်။ ကံဆိုးသေးတာပေါ့။ အခုထိ ရုံမတင်သေးဘူး။ နှစ်နှစ်လောက်ရှိနေပြီ။ အခုတော့ ဇာတ်လမ်းတွဲတွေ ဘာတွေ ကမ်းလှမ်းထားတာတော့ ရှိတယ်။ သေချာရင် ထပ်ပြောပါ့မယ်။ 

Voice : သရုပ်ဆောင်ချင်တယ်ဆိုတော့ ဘယ်လိုပုံစံမျိုး လုပ်ချင်နေတာလဲ။
TDB  : ဗီလိန်လုပ်ချင်တာ။ အမာဘက်ကို ပိုပြီးတော့ လုပ်ချင်တာ။ အဲလိုဟာကို ပိုပြီးတော့ လုပ်ချင်နေတာပေါ့။ ရုပ်တည်နဲ့ ဟာသလုပ်ရတာကိုလည်း ကြိုက်တယ်။ အရပ်ရှည်တော့ မင်းသားတွေနဲ့ တွဲလို့ အဆင်မပြေဘူး။ 

Voice : ကိုယ့်နေရာတစ်ခုအတွက် ဘာတွေတည်ဆောက်ထားပြီးပြီလဲ။
TDB  : ဒါကတော့ သီးသန့်ကြီး တည်ဆောက်ထားတာတော့ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ နေတတ်သလို အေးအေးပဲနေတယ်။ နောက်ပိုင်းကျတော့ ပိုပြီးတော့ နေတတ်သွားတယ်။ အရင်တုန်းကတော့ တည့် (ဒဲ့) သမားပေါ့။ အခုကျတော့ သည်းခံစရာရှိ သည်းခံပေါ့နော်။ အလုပ်နဲ့ အတွေ့အကြုံက အကုန်လုံးသင်ပေးသွားတာပါပဲ။ 

Voice : အချစ်ရေးကိုလည်း တရားဝင်ချပြထားတာဆိုတော့လေ မိသားစုနဲ့ တိုင်ပင်ဖြစ်တာ ရှိသေးလား။
TDB  : အချစ်ရေးက တစ်ယောက်တည်းပဲ ဆုံးဖြတ်တယ်။ အစ်မ ချောရတနာနဲ့လည်း မတိုင်ပင်ဖြစ်ဘူး။ မိသားစုနဲ့လည်း မတိုင်ပင်ဖြစ်ဘူး။ အလုပ်ကိစ္စတွေပဲ တိုင်ပင်ဖြစ်တာ များတယ်။ 

Voice : ပြီးခဲ့တဲ့ တစ်လောကလည်း ချစ်သူနဲ့ ပြတ်သွားပြီဆိုလို့ ရှင်းလိုက်ရတာ ရှိသေးတယ်နော်။ 
TDB  : အဲလိုရှင်းတာတော့ မဟုတ်ဘူး။ ဒီအတိုင်းပဲ Facebook နောက်ပြီးတော့ တင်လိုက်တဲ့သဘောပေါ့။ မတွေ့တာကြာတော့ ညီမတို့ နှစ်ယောက်ကကျတော့ သွားလို့ရှိရင် သူငယ်ချင်းတွေ ပေါင်းနေတဲ့သူလောက်နဲ့ပဲ သွားကြတာများတယ်။ အပြင်ထွက်ပြီဆိုရင် နှစ်ယောက်သွားတာ ရှားတယ်။ တစ်ယောက်တည်းတွေ့ရင် တစ်ယောက်မပါရင် မေးကြတယ်။ ပြတ်သွားပြီလားပေါ့နော်။ ခဏခဏ မေးကြတယ်။ Facebook မှာလည်း နှစ်ယောက်ပုံတင်တာလည်း နည်းနည်း ရှားသွားတယ်လေ။ အဲလို ထင်သွားကြတယ်။ အဆင်ပြေပါတယ်။ နှစ်ယောက်လုံး ချစ်မြဲ ချစ်ဆဲပါ။ 

ခင်ညိုညိုသိမ့်