News

POST TYPE

INTERVIEW

မေမြတ်နိုးနဲ့ တွေ့ဆုံခြင်း
28-Jul-2019
“ကိုယ်က တကယ်ကို ရယ်ဒီဖြစ်ပြီလားပေါ့။ စိတ်ကူးပေါက်ရင်တော့ တကယ်သွားပြိုင်မှာပေါ့နော်”



မော်ဒယ်လ်သရုပ်ဆောင် မေမြတ်နိုးနဲ့ တွေ့ဆုံခိုက် အက်ရှင်ဘက်ကို အသားပေး လေ့ကျင့်နေတဲ့အကြောင်း၊ Miss Myanmar World ပြိုင်ပွဲ ထပ်ပြိုင်မယ့်အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 

Voice : လက်ရှိမှာရော ဘာတွေလုပ်ဖြစ်နေတာရှိလဲ။
MMN : မြတ်နိုးကတော့ အခုနောက်ပိုင်း အက်ရှင်ဘက်ကို ပိုပြီးတော့ သွားနေတယ်။ မြတ်နိုးကိုယ်တိုင်ကလည်း အက်ရှင်ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ရတာကို ပိုပြီးတော့ လုပ်ချင်တယ်။ ဒရာမာဖြစ်ဖြစ်၊ တခြားပုံစံတွေပဲဖြစ်ဖြစ် ကမ်းလှမ်းလာရင်တော့ ရိုက်ဖို့တော့ရှိတယ်။ လောလောဆယ်တော့ အက်ရှင်ကိုသွားနေတယ်။ ကိုယ်တိုင်လည်း အက်ရှင်နဲ့ ပတ်သက်တာကို လေ့လာနေတယ်။ သင်ယူနေတယ်။ 

Voice : Miss World ပြိုင်မယ်ကြားရတယ်။ ပြောပါဦး။
MMN : မြတ်နိုးက သရုပ်ဆောင်ဘက်ကို လုပ်နေတယ်။ မြတ်နိုးကလည်း စိတ်ကူးပေါက်မှ ထလုပ်တာ။ စိတ်ကူးပေါက်ရင်တော့ Miss ပြိုင်တာ တွေ့မှာပေါ့နော်။ မသိသေးဘူး။ 

Voice : Miss ပြိုင်ဖို့ ပရိသတ်ကလည်း တောင်းဆိုတယ်လေ။
MMN : ပရိသတ်ကလည်း တောင်းဆိုတယ်။ ဟုတ်ပါတယ်။ ဖြစ်စေချင်တယ်ပေါ့နော်။ ကြိုးစားစေချင်တယ်။ ဒါက ပရိသတ်တွေရဲ့ ဆန္ဒ။ ဒါပေမဲ့ မြတ်နိုးကိုယ်တိုင်က ရယ်ဒီမဖြစ်ဘဲနဲ့ သွားပြိုင်ရင် သွားပြိုင်လိုက်တာပဲ အဖတ်တင်မယ်။ အချိန်တွေ ကုန်သွားတာ အဖတ်တင်မယ်။ ပရိသတ်တွေရဲ့ အွန်လိုင်း Voting တွေပဲ အဖတ်တင်မယ်။ ကိုယ်တိုင်က ငါ Crown ရကို ရရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြိုးစားပြီး ဆုံးဖြတ်ချက်ချပြီး သွားပြိုင် မယ်ဆိုရင် Vote ရကျိုးလည်း နပ်မယ်။ မြတ်နိုးသွားပြိုင်ရကျိုးလည်း နပ်မယ်။ ကိုယ်က တကယ်ကို ရယ်ဒီဖြစ်ပြီလားပေါ့။ စိတ်ကူးပေါက်ရင်တော့ တကယ်သွားပြိုင်မှာပေါ့နော်။ လောလောဆယ်တော့ မရှိသေးပါဘူးရှင့်။

Voice : ရှေ့မှာ ပြိုင်ထားဖူးတဲ့ အတွေ့အကြုံတွေလည်းရှိတော့ သိပ်မခဲယဉ်းဘူးထင်တယ်နော်။
MMN : နှစ်တိုင်း နှစ်တိုင်း Miss တွေကို ကြည့်လိုက်ရင် တစ်နှစ်ထက် တစ်နှစ် ထွက်လာတဲ့ Miss တွေ မတူဘူး။ ပထမနှစ်တွေတုန်းက ခန္ဓာကိုယ်လှမှ ရွေးမယ်။ နောက်နှစ်ကျတော့ ခန္ဓာကိုယ်မဟုတ်တော့ဘူး။ ဦးနှောက်ပိုင်းကို ကြိုက်သွားပြန်ရော။ နောက်နှစ်ကျတော့ Plus Size ဆိုပြီး  ရွေးချင်ရွေးလိုက်ပြန်ရော။ မြတ်နိုးက လွန်ခဲ့တဲ့လေးနှစ်ကျော် ငါးနှစ်က ပြိုင်ခဲ့တာက သူတို့လိုချင်တဲ့ ပုံစံကတစ်မျိုး ဖြစ်ချင်ဖြစ်နေမယ်။ မြတ်နိုးပြိုင်မယ့် ပြိုင်ပွဲက ဘာတွေကို လိုချင်တာလဲ၊ ဘယ်လိုမျိုး ဦးဆောင်စေချင်တာလဲဆိုတာကိုလည်း လေ့လာဖို့လည်းလိုတယ်။ ဒီအတိုင်း Miss ပြိုင်ဖူးဖို့ ထပ်ပြိုင်မယ်ဆိုတာထက် ကိုယ့်ရဲ့ ကွာလတီကို လေ့လာပါ။ ကိုယ်က ပိုပြီးတော့ တောက်ပလာမှ သူများထက် ထူးခြားလာမယ်လို့ထင်ပါတယ်။ အဲတော့ ကိုယ့်ရဲ့ ထူးခြားချက်တွေကို ဒိုင်တွေက ကြိုက်ပြီး ရွေးမှာပေါ့နော်။

ခင်ညိုညိုသိမ့်