News

POST TYPE

INTERVIEW

အွန်ဆိုင်းနဲ့တွေ့ဆုံခြင်း
26-Jul-2019


“ရှိုးလျှောက်တယ်။ ဓာတ်ပုံရိုက်တယ်။ ပွဲတက်တယ်။ ကိုယ့်အလုပ်ကို သိစေချင်တယ်။ တစ်နိုင်ငံလုံးကိုပေါ့နော်”

ဆူပါမော်ဒယ်လ်အွန်ဆိုင်းနဲ့ တွေ့ဆုံခိုက် လက်ရှိ အနုပညာလှုပ်ရှားမှု အကြောင်းနဲ့ နိုင်ငံကြီးသားရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်တဲ့အကြောင်းတွေကို မေးမြန်းထားပါတယ်။

Voice : နိုင်ငံကြီးသားရုပ်ရှင်ကားလည်း ဩဂုတ်မှာ ရုံတင်တော့မယ်နော်။ ရင်ခုန်နေပြီလား။
AS : ဘဝမှာ ရင်အခုန်ဆုံးပဲ။ အွန်ဆိုင်း အရမ်းရင်ခုန်တယ်။ ကိုယ်က အမြဲတမ်း ဒီဟာ လုပ်နေတာ မဟုတ်ဘူး။ သရုပ်ဆောင်တာက လုပ်နေကျအလုပ်လည်းမဟုတ်ဘူး။ ကိုယ်ကလည်း အရမ်းစဉ်းစားတယ်။ သိတဲ့အတိုင်းပဲ တောက်လျှောက်လည်း မရိုက်ခဲ့ဘူး။ ကိုယ့်အတွက် ပထမဦးဆုံး ဇာတ်ကားလို့ ပြောရမှာပေါ့နော်။ အွန်ဆိုင်းအနေနဲ့တော့ အကောင်းဆုံး ကြိုးစားထားတာပဲ။ ဘယ်လို ထွက်လာမလဲမသိဘူး။ အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားနေတယ်။ 

Voice : နိုင်ငံကြီးသားကားထဲမှာ ဘယ်လိုကာရိုက်တာမျိုးလဲ။ 
AS : အဲဒီဇာတ်ကားထဲမှာတော့ အဓိကမော်ဒယ်လ်ပဲ။ အွန်ဆိုင်းလက်ခံပြီး ရိုက်ခဲ့တဲ့ အကြောင်းကလည်း အဲဒီအကြောင်းရင်းပဲ။ အပြင်မှာ ဒီအလုပ်ပဲလုပ်တယ်။ ရန်ကုန်က လူတွေသိတယ်။ မြို့ကလူတွေ သိတယ်။ ဒါပေမဲ့ နယ်ဘက်လူတော်တော်များများက ရုပ်ရှင်ကြည့်တဲ့သူတွေ၊ မြန်မာပရိသတ်တွေ အများကြီး မသိသေးတာလည်း ရှိတယ်။ သူက ဘာလုပ်တာလဲပေါ့။ အဲတော့ အွန်ဆိုင်းတို့ ရှိုးလျှောက်တယ်။ ဓာတ်ပုံရိုက်တယ်။ ပွဲတက်တယ်။ ကိုယ့်အလုပ်ကို သိစေချင်တယ်။ တစ်နိုင်ငံလုံးကိုပေါ့နော်။ အဲဒီအချက်တွေလည်း အများကြီးပါတယ်။ အဲဒီထဲမှာလည်း မော်ဒယ်လ်ပဲ။ ဇာတ်ကားလည်း လက်ခံပြီး သွားရော ရိုက်တဲ့ဆင်းမ်တိုင်းကလေ အွန်ဆိုင်းအတွက် ဟဲဗီးပေါ့နော်။ ကာရိုက်တာက မတူဘူး။ အပြင်က အွန်ဆိုင်းက တစ်ပုံစံ။ အဲဒီထဲက စောယုနွယ်က တစ်ပုံစံပေါ့။ 

Voice : မော်ဒယ်လ်ဆိုတော့ အလန်းစားပဲလား။
AS : စတိုင်လစ်နဲ့သေချာတိုင်ပင်ပြီးတော့ ဝတ်ထားတယ်။ ဒီချိန်မှာ ဖက်ရှင်ကတော့ အဆင်ပြေနေဦးမယ်လို့ ထင်ပါတယ်။ 

Voice : ကိုနေတိုးနဲ့ ဆုံတဲ့အခန်းတွေရောပါလား။
AS : အွန်ဆိုင်းအများဆုံး ဆုံဖြစ်တာက တခြားမင်းသားတွေ ပိုများတယ်။ စောင့်ကြည့်ပေးပါပေါ့နော်။ 

Voice : သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး အတွေ့အကြုံ ဘာတွေရလိုက်လဲ။
AS : အတွေ့အကြုံဘယ်လိုရလိုက်လဲဆိုတော့ ဇာတ်ကားကို လက်ခံလိုက်တဲ့ချိန်မှာ အကောင်းဆုံးလုပ်မယ်ဆိုတဲ့ စိတ်တော့ ပိုင်းဖြတ်လိုက်တယ်။ သေချာလေး ပြင်ဆင်ပြီးတော့ လုပ်ထား တယ်။ ဒါပေမဲ့ ကိုယ်ကလည်း ပရော်ဖက်ရှင်နယ်မဟုတ်တော့ လိုအပ်ချက်တွေလည်း ရှိမှာပဲ။ အဓိကတော့ အွန်ဆိုင်း ကြိုးစားတယ်ဆိုတဲ့ ဟာလေးကို အသိအမှတ်ပြု အားပေးစေချင်တယ်။ 

Voice : နောက်ထပ်ရော သရုပ်ဆောင်လုပ်ချင်သေးလား။
AS : မရှိသေးဘူး။ ပရိသတ်တွေကတော့ အရမ်းအားပေးတာမျိုးရှိတယ်။ တချို့ကျတော့လည်း ဘာကြောင့်လုပ်တာလဲဆိုပြီး ရှိတယ်။ ဒီဇာတ်ကားကြည့်ပြီးသွားရင် အွန်ဆိုင်းကို နားလည်လိမ့်မယ်လို့ ထင်တယ်။ ရှေ့က ဖြေခဲ့တဲ့အင်တာဗျူးတွေကိုကြည့်ရင် အွန်ဆိုင်းကို နားလည်မယ်လို့ ထင်ပါတယ်။ ပရိသတ်တွေ နိုင်ငံကြီးသားကို အားပေးပါလို့ပဲ ပြောချင်ပါတယ်။ အွန်ဆိုင်းလည်း တတ်နိုင်သလောက် ကြိုးစားထားပါတယ်။ 

ခင်ညိုညိုသိမ့်


  • VIA