News

POST TYPE

INTERVIEW

ခြူးလေးနဲ့ တွေ့ဆုံခြင်း
23-Jul-2019
“ပရိသတ်ကြီးကြည့်ပေးပါလို့။ အရမ်းကြမ်းတယ် ကြမ်းပါတယ်ထက်ကို ကြမ်းတယ်”



ဇာတ်လမ်းတွဲမင်းသမီးလေး ခြူးလေးနဲ့ တွေ့ဆုံခိုက် လတ်တလောအနုပညာလှုပ်ရှားမှုအကြောင်း TikTok ဆော့ဖြစ်နေတဲ့အကြောင်းနဲ့ ဇာတ်လမ်းတွဲတွေအကြောင်းကို မေးမြန်းထားပါတယ်။

Voice : အခုနောက်ပိုင်း TikTok လေးတွေ ဆော့လာတယ်နော်။
CL : TikTok ဆော့တာကတော့ အဓိကကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကို အောင်မြင်စေချင်တယ်။ ဇာတ်လမ်းတွဲတစ်ခုနဲ့တစ်ခု ကွာဟနေချိန်မှာလည်း ပရိသတ်တွေကို ကိုယ့်လှုပ်ရှားမှုလေး တွေ့စေချင်တဲ့စိတ်နဲ့ ဆော့ဖြစ်တာပေါ့နော်။ အဲဒီမှာ ဆော့ရင်းဆော့ရင်းနဲ့ မပြတ်တော့ဘူးပေါ့နော်။ ပေါရဲတယ်ပေါ့နော်။ အဲဒီကနေပြီးတော့မှ တစ်ခါ ရယ်ရတယ်။ ပျော်စရာကောင်းတယ်။ ကိုယ်တိုင်လည်း စိတ်ညစ်တဲ့အချိန်တွေ ပြန်ကြည့်တယ်။ ပြန်ကြည့်တိုင်းကို သဘောကျတယ်။ ကိုယ့်အပေါင်းအသင်းမိတ်ဆွေတွေကလည်း ကြည့်ရင် ရယ်ရတယ်။ စိတ်ချမ်းသာတယ်၊ အဲလိုပြောတာနဲ့တင် ဆက်ပြီးတော့ ဆော့ဖြစ်တာပါ။ 

Voice : နောက်ထပ်ရော အသစ်အဆန်းတွေ လုပ်ပြဦးမှာလား။
CL : လောလောဆယ်တော့ ကော်မာရှယ်ပေါ့နော်။ ဟက်ပီးဆိုလည်း ကော်မာရှယ်ပုံစံလေး။ ချဲလင့်န်ပေါ့နော်။ အဓိကတော့ ပုံစံလေးပြောင်းသွားတယ်။ အရင်ကတော့ ဒီအတိုင်းဆော့တာ ပြန်ဖိတ်ခေါ် ပြီးတော့ ခြူးလေးတို့ဆော့တဲ့ပုံစံလေးတွေ လိုက်ဆော့အောင် ချဲလင့်န်လုပ်တာလေးတွေလည်း အခုရှိပါတယ်။ 

Voice : လက်ရှိ ဘာဇာတ်လမ်းတွဲတွေ ရိုက်ဖြစ်နေလဲ။
CL : လက်ရှိကတော့ နွေလယ်ညရဲ့ လမင်းဆိုတဲ့ ဇာတ်လမ်းတွဲလေး ဝင်နေပါတယ်။ အဲကားလေးကလည်း လုံးဝ ကာရိုက်တာက အသစ်လေးအဆန်းလေးပေါ့နော်။ ပရိသတ်ဆီပြန်လာဦးမယ့် ဇာတ်လမ်းတွဲအသစ်လေးပါ။ အဲဒါပြီးရင် ရုံကြီးကား ကမ်းလှမ်းထားတာရှိတယ်။ ဒီဇာတ်လမ်းတွဲအတွက်နဲ့ ရုံကြီးကားနှစ်ကား လွှတ်လိုက်ရတာလေးတွေလည်းရှိတယ်။ လက်ရှိဟာကို အကောင်းဆုံးလုပ်မယ်။ ပြီးတော့မှ အချိန်ရရင်ရသလို ညှိပြီးတော့ ရုံကြီးကားတွေ ရိုက်သွားဖို့ရှိပါတယ်။

Voice : သရုပ်ဆောင်ရမယ့် ကာရိုက်တာအသစ်အဆန်းဆိုတာက ဘယ်လိုပုံစံမျိုးဖြစ်မှာလဲ။
CL : လုံးဝကို မထင်ထားတဲ့ပုံစံမျိုးပါ။ အရမ်းချစ်တယ်လို့ပြောရင် အရမ်းမုန်းလိမ့်မယ်ပေါ့နော်။ ခပ်ဆိုးဆိုးလေးပေါ့နော်။ စိုးစန္ဒာဆိုတဲ့ကောင်မလေးနေရာကပါ။ ပရိသတ်ကြီးကြည့်ပေးပါလို့။ အရမ်းကြမ်းတယ်၊ ကြမ်းပါတယ်ထက်ကို ကြမ်းတယ်။ တော်တော်ကြမ်းတယ်။ ဟာခနဲ ဟင်ခနဲဖြစ်လောက်တဲ့အထိကို ကြမ်းရမှာပါ။ 

Voice : ဒါဆို တမင်သက်သက်ကြီး ကြမ်းပြရမှာလား။
CL : တမင်သက်သက်ကြီး လုပ်စရာမလိုဘူး။ ဇာတ်လမ်းထဲမှာကိုက တော်တော်မုန်းစရာကောင်းနေပြီ။ ဖတ်နေရင်းကို တော်တော်ကို ဆိုးတဲ့ကောင်မလေးပေါ့။ မိန်းမဆိုး လုပ်လိုက်ပါဦးမယ်။

Voice : မိန်းမဆိုးကာရိုက်တာအတွက် စိုးရိမ်စိတ်ရောရှိလား။
CL : နည်းနည်းတော့ စိုးရိမ်တာပေါ့နော်။ ဆိုးတာပြီးမှ ချစ်နွေလာရင် ပြဿနာမရှိဘူး။ ချစ်နွေလာပြီးမှ ဆိုးတာ လာတယ်ဆိုရင် နည်းနည်းတော့ ပြဿနာရှိတာပေါ့။ ဘယ်လိုပဲပြောပြော ငယ်တဲ့လူတွေအနေနဲ့ကျတော့ ခံနိုင်ရည်ရှိအောင် ကြိုးစားရတာပေါ့။ ချက်ချင်း ခံနိုင်ရည်တော့မရှိဘူး။ ပြီးမှ စိတ်ကိုဖြေပြီးတော့မှ ခံနိုင်ရည်ရှိရမယ်။ စိတ်ကိုပြန်သွင်းရတယ်။ နည်းနည်းတော့ စိုးရိမ်ပါတယ်။ စိုးရိမ်တဲ့စိတ်ကြောင့်တော့ လျှော့ပြီးတော့ လုပ်မှာတော့ မဟုတ်ပါဘူး။ အသားကုန်လုပ်သွားမှာပါ။

ခင်ညိုညိုသိမ့်