News

POST TYPE

INTERVIEW

ရွှေအိမ်စည်နဲ့ တွေ့ဆုံခြင်း
15-Jul-2019
“အဓိကတော့ ကိုယ့်ဇာတ်ကို ကိုယ်နိုင်အောင်ဖတ်လေ။ ဘာဖြစ်လို့ သူများနဲ့ သွားယှဉ်နေမှာလဲ”



မော်ဒယ်လ်တစ်ယောက်အဖြစ်ကနေ သရုပ်ဆောင်ပိုင်းပါ လုပ်ကိုင်လာတဲ့ ရွှေအိမ်စည်နဲ့ တွေ့ဆုံခိုက် ဇာတ်ကားရိုက်ကူးမှု၊ ကာရိုက်တာတွေ ရွေးချယ်မှုအကြောင်းနဲ့ အမှုအခြေအနေတွေကို မေးမြန်းထားပါတယ်။

Voice : ခေါ်သံရုပ်ရှင်ကားမှာတွဲပြီးရိုက်ရမယ့် အနုပညာရှင်တွေများတယ်နော်။ ကိုယ်အတွက်ရောဘယ်လိုအနုပညာပြခွင့်ရမှာလဲ။ 
SES : တကယ်တော့လေ၊ အိမ်စည့်မှာ အဲဒီ လောဂျစ်မရှိဘူး။ လူများရင် ဘာဖြစ်တယ်၊ ညာဖြစ် တယ်ဆိုတာကလေ။ အဓိကတော့ ကိုယ့်ဇာတ်ကို ကိုယ်နိုင်အောင် ဖတ်လေ။ ဘာဖြစ်လို့ သူများနဲ့သွား ယှဉ်နေမှာလဲ။ ကိုယ့်ဟာကိုဖတ်။ ယှဉ်တာမျိုးတော့ မဟုတ်ပါဘူး။ ဟောလိဝုဒ်တို့၊ ဘောလိဝုဒ်တို့ကားတွေလို မင်းသား၊ မင်းသမီး နှစ်ယောက်တည်း ပါပြီးတော့ လျှောက်ပြေးနေတာမျိုးလည်း မဟုတ်ဘူး။ ဘေးနားကနေ အများကြီးပါတယ်။ ဘေးနားကဆို တစ်ခါတလေကျရင် မင်းသား၊ မင်းသမီးရယ်လို့ တောင်မပါဘူး။ တစ်လက်တည်းရယ် မဟုတ်ဘူး၊ အားလုံးက မျှမျှတတနဲ့ လုပ်တော့ လုပ်နေကြတယ်။ တစ်ယောက်လျော့သွားရင်လည်း အဆင်မပြေပြန်ဘူး။ တစ်ယောက်ပို့လိုက်နဲ့ ကွက်တိလေးဖြစ်နေအောင် ဇာတ်ပေါ်မှာ မူတည်တယ်။ တစ်ယောက်တည်းဖြစ်မှ၊ နှစ်ယောက်တည်းဖြစ်မှ အဲလို ဆိုက်ကိုမျိုး မရှိဘူး။ အဲလိုဆိုက်ကိုရှိရင် အားတွေနည်းသွားတယ်။ အဓိက ကိုယ့်ကာရိုက်တာကိုကြည့်ရမယ်။ ပရိသတ်အတွက်ဆို အိမ်စည် ဘယ်လိုစဉ်းစားလဲဆိုတော့ ထူးဆန်းနေလား၊ သူတို့ ကြည့်ချင်နေတာ မျိုးဖြစ်မလား ဆိုပြီးစဉ်းစားတယ်။ အဲဒါပဲ။ ကျန်တာမတွေးဘူး။

Voice : နောက်ထပ်ကားတွေရောရိုက်ကူးဖို့ရှိ သေးလား။ ဘယ်လိုလက်ခံဖြစ်လဲ။
SES : ခေါ်သံပြီးရင်တော့ နောက်ထပ်တစ်ကား ရိုက်ဖို့ရှိသေးတယ်။ ကားရိုက်တွေ လက်ခံဖြစ်ဖို့က အချိန်လည်း ပြန်ကြည့်သေးတယ်။ နေရာလည်း ပြန်ကြည့်တယ်။ အဓိကတော့စိစဉ်ကြီးကြပ်မှုပေါ့။ အဲဒါတွေပြီးမှနောက်ထပ် ဒိုင်ယာလော့တွေကို ပြန်ကြည့်တာပေါ့။ အိမ်စည်ပုံစံနဲ့ တခြားသူတွေနဲ့တော့ မတူဘူး ထင်ပါတယ်။

Voice : တစ်နှစ်ကို ဘယ်နှကားနှုန်းရိုက်ဖို့ စိတ်ကူးရှိတာလဲ။
SES : အိမ်စည့်မှာ အဲလိုမျိုးမရှိပါဘူး။ လာကမ်းလှမ်းတဲ့ပေါ် မူတည်တယ်။ အိမ်စည့်အနေနဲ့ အဲလို Target ထားတာကြီးက အိမ်စည်အတွက် အဆင်မပြေဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ရတဲ့အချိန်မှာ အဆင်ပြေတဲ့အချိန်၊ အားတဲ့အချိန်မှာ ဘယ်လိုရိုက် မလဲဆိုတာကို မစဉ်းစားသင့်ဘူး။ တစ်ခါတလေကျရင် ကိုယ်အရမ်းကြိုက်တဲ့ဇာတ်မို့ တခြားခရီးသွားမယ့်ဟာတွေကိုဖျက်ပြီးတော့ပေါ့နော်။ ကားရဲ့ အရေးကြီးတဲ့ပေါ်မှာ မူတည်တယ်။ ဒီကားအတွက် အကုန်လုံး ဖျက်ချပြီးတော့ ငါလုပ်မယ်။ ဆိုပြီးတော့ လာချင်လာမယ်။ အဆင်မပြေလို့ရှိရင် အချိန်ရရင်တောင် မရိုက်ဘူး။ အဲလိုမျိုးတော့ရှိတယ်။ 

Voice : ဒါဆို သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်နေပြီပေါ့။
SES : သရုပ်ဆောင်တစ်ယောက်အဖြစ် စီးမျောချင်တယ်။ စီးမျောဖို့ကြိုးစားနေတယ်။ စီးမျောဖို့ ရှိတယ်။ 

Voice : အမှုရဲ့ အခြေအနေလေးကရော။ 
SES : အမှုက အခြေအနေကောင်းပါတယ်။ ရုံးချိန်းပုံမှန်သွားတယ်။ အမှုမပြတ်ဘူးဆိုတာက သူတို့ ညှိပေးတာလည်းပါတယ်။ အိမ်စည် အားတဲ့ရက် မအားတဲ့ရက်ကိုလည်း ကြိုပြီးပြောတယ်လေ။ ကြိုပြီး ပြောထားတော့ အိမ်စည် အချိန်မှန်လေးတော့သွားတယ်။ အလုပ်ကိုပဲ ရွှေ့ရတာပေါ့။ အမှုကတော့ ဆက်ဖြစ်နေတုန်းပဲ၊ ထူးခြားချက်ရှိရင် ပြန်ပြောပေးပါမယ်။

ခင်ညိုညိုသိမ့်