News

POST TYPE

INTERVIEW

ပက်ထရစ်ရှာနဲ့တွေ့ဆုံခြင်း
09-Jul-2019
“ရှာရှာလည်း နည်းနည်းကြောက်တယ်လေ။ အချို့အခန်းတွေ အရမ်းကြီး မရိုင်းအောင်လို့တော့ ပြန်ပြီးတော့ ဖျက်ခိုင်းထားတယ်” 



သရုပ်ဆောင် ပက်ထရစ်ရှာနဲ့ တွေ့ဆုံခိုက် ဩဂုတ်လမှာ ရုံတင်ပြသတော့မယ့် တစ္ဆေများနဲ့ ပျော်မြူးခြင်းရုပ်ရှင်အကြောင်း၊ Sexy ကျကျ ရိုက်ကူးထားတဲ့ Music Video တွေအကြောင်းကို မေးမြန်းထားပါတယ်။

Voice : ဩဂုတ်လမှာ ရုံတင်တော့မယ့် တစ္ဆေများနဲ့ ပျော်မြူးခြင်းဆိုတဲ့ ရုပ်ရှင် ဇာတ်ကားအကြောင်းလေး ပြောပြပေးပါဦး။ 
Patricia : အဲဒီကားလေးက သရဲကားပေါ့။ သရဲကားဆိုပေမယ့် ဟိုလိုမျိုး သရဲခြောက်နေတာမျိုးတော့မဟုတ်ဘူး။ အဲဒီထဲမှာ ရှာရှာက ဆုံးသွားပြီးတော့ ဝိညာဉ်အဖြစ် ဖြစ်သွားပြီးတော့ လိုက်ပြီး လက်စားချေတဲ့ ပုံစံလေးပါ။

Voice : ရှာရှာက ဝါရင့်သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်တဲ့အခါ ဘာတွေ အတုယူဖြစ်လဲ။ ကိုမြင့်မြတ်နဲ့ ရိုက်တဲ့အခါရော ဘာတွေသင်ယူဖြစ်လဲ။ 
Patricia : အတုယူစရာတွေအများကြီးပါ။ အစ်ကိုက အလုပ်လုပ်ပြီဆိုရင် အရမ်းအာရုံစိုက်တယ်။ အိမ်က ဖုန်းလာရင်တောင် သိပ်ပြီး မပြောဘဲနေတယ်။ အဲဒါလေးတွကိုတော့ ရှာရှာကြည့်မိတယ်။ အက်တင်လုပ်ပြီဆိုလည်း ပိုင်ပိုင်နိုင်နိုင်လုပ်တယ်။ ဘယ်ကာရိုက်တာမျိုးကိုမဆို လုပ်နိုင်တယ်။ အဲဒါလေးတွေကိုတော့ အစ်ကို့ဆီကသင်ယူဖြစ်ပါတယ်။ ဟာသမှာဆိုလည်း သူက Top ဖြစ်နေတယ်။

Voice : Facebook မှာ တင်ထားတဲ့ပုံလေးတွေက ဘာအတွက် ရိုက်ထားတာလဲ။ 
Patricia : အဲဒါက MusicVideo အတွက် ရိုက်ထားတာပါ။ ဒီလမကုန်ခင်ထွက်လိမ့်မယ်။ ပရိသတ်တွေကြားထဲတော့ ဘယ်လိုဖြစ်မလဲမသိဘူး။ နည်းနည်းလေးတော့ Sexy ဆန်တယ်။ Sexy ဆန်တယ်ဆိုတာထက် အပြင်မှာလည်း ချစ်သူစုံတွဲတွေ့နေတဲ့ပုံစံမျိုးလေး ရိုမန့်အခန်းလေး ရိုက်ချင်တယ်ပေါ့နော်။ ရှာရှာလည်း နည်းနည်းကြောက်တယ်လေ။ အချို့အခန်းတွေ အရမ်းကြီး မရိုင်းအောင်လို့တော့ ပြန်ပြီးတော့ ဖျက်ခိုင်းထားတယ်။ အဲဒီ Muisc Video မထွက်ခင်တော့ တစ်ခေါက်ပြန်ကြည့်မယ်။

Voice : Music Video နဲ့ ပတ်သက်ပြီး ပရိသတ်ကိုရော ဘာတွေကြိုပြောထားချင်သေးလဲ။
Patricia : တစ်ခါမှလည်း အဲလို မရိုက်ဖူးဘူးလေ။ ပရိသတ်တွေ ပြောမှာ ကြောက်တော့ကြောက်တယ်။ အသစ်အဆန်းလေးလည်းဖြစ်အောင်ရိုက်ကြည့်လိုက်မယ်ဆိုပြီး ရိုက်လိုက်တာပါ။ ပရိသတ်တွေမကြိုက်တဲ့ အခန်းလေးတွေ ပါဖြစ်ခဲ့ရင် ခွင့်လွှတ်ပါလို့၊ မဆူကြပါနဲ့လို့။ 

Voice : နောက်ပိုင်း Sexy ကျကျလေးတွေလည်း ဝတ်လာတယ်နော်။
Patricia : အဲဒါတော့ ဟုတ်တယ်။ ငယ်ငယ်တုန်းကလို ကလေးလည်း မဟုတ်တော့ ကိုယ်လည်း နည်းနည်း ဝတ်ကြည့်ချင်လာလို့ပါ။ GYM ကစားထားလို့လည်း ပါပါတယ်။ တချို့ကျတော့လည်း ရှာရှာ မိုက်တယ်ပေါ့။ တချို့ကျတော့လည်း မကြိုက်တဲ့ ပရိသတ်ကျတော့လည်း မဝတ်စေချင်ဘူး။ Cuties လေးပဲ မြင်ချင်ကြတယ်။ ရှာရှာ အဲလို မဝတ်ပါနဲ့လို့ ပြောကြတယ်။

ခင်ညိုညိုသိမ့်