News

POST TYPE

INTERVIEW

ကျော်ဇင်ထွဋ်နဲ့ တွေ့ဆုံခြင်း
20-Jun-2019


“မုဒိမ်းကျင့်ရမယ့်အခန်း ရိုက်ရလို့လည်း မုဒိမ်းကောင်ကြီးနဲ့ပဲ တစ်ဘဝလုံးသွားမယ်လို့ မတွက်ထားဘူး။ ကြည့်တဲ့ ပရိသတ်ကလည်း အဲဒီလောက် IQ နိမ့်မယ်လို့ မထင်ထားဘူး”

ပရိသတ်လက်ခံအားပေးနေဆဲဖြစ်တဲ့ ဇာတ်ပို့သရုပ်ဆောင် ကျော်ဇင်ထွဋ်နဲ့တွေ့ဆုံခိုက် လူကြမ်းကာရိုက်တွေ၊ မုဒိမ်းကောင် ဇာတ်ရုပ်တွေ၊ သရုပ်ဆောင်ထားတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ 

Voice : သတိအန္တရာယ်ရှိသည် ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ကာရိုက်တာလေး ပြောပြပေးပါဦး။
KZH : ယုန်လေးနဲ့က အပြင်မှာလည်း ခင်တယ်။ ကျွန်တော်လည်း ဒီကားထဲမှာ ပါထားတယ်။ အခန်းတော့နည်းတယ်။ ကျွန်တော့်ကို ညှဉ်းပန်းနှိပ်စက်ပြီးတော့ ကျွန်တော် အသတ်ခံလိုက်ရတယ်။ အခန်းကတော့ သုံးလေးဆင်းမ်လောက်တော့ ပါတယ်။ ဒီကားဆိုရင်လည်း လူငယ်တွေကို ပညာပေးပေါ့။ အတူယူ မှားမယ်ဆိုပြီး ဆင်ဆာအဖွဲ့တွေက ပြောကြတယ်လေ။ အတုယူမှားနိုင်တယ်ဆိုတာက အတုခံယူလိုက်တဲ့စိတ်ပဲ။ ဒီလိုလုပ်လိုက်ရင် ဒါမျိုးတွေဖြစ်တတ်တယ်။ မလုပ်ဘူးလို့ စိတ်နဲ့ ကြည့်ရင် ဒါပညာပေးပဲလေ။ ၅၀၊ ၅၀ တော့ ရှိကြမှပဲကောင်းပါတယ်။ များများရိုက်လေ ကောင်းလေပဲ။ လူငယ်တွေထဲမှာ ဘယ်လောက်ထိ မိုက်ရိုင်းနိုင်မလဲဆိုတာ၊ ဘယ်လိုပညာပေးနိုင်မလဲဆိုတာ ပြတာပေါ့။ ကားကြီးတွေကတော့ ရိုက်ထားတာလည်း အများကြီးပဲ။ 

Voice : အစ်ကိုရဲ့ ကာရိုက်တာက လူဆိုးလူမိုက် ကာရိုက်တာပဲ ချိုးသွားနေတာဆိုတော့လေ လက်ရှိမှာကော ဘယ်လိုခံစားမှုမျိုး ရှိနေလဲ။
KZH : အဲဒါကတော့ ခေတ်ကတော့ နည်းနည်းပြောင်းသွားပါတယ်။ လူဆိုးခန်းဆိုတာကလည်း မြန်မာနိုင်ငံမှာပြောရင်တော့ လူဆိုးတွေ တော်တော်များနေတာပေါ့။ ချာတိတ်လေးတွေဆိုရင်လည်း ဆေးလိပ်လေးတွေ လက်ကြားညှပ်ပြီးတော့ ကောင်မလေးတွေကိုဖက်ပြီး လျှောက်သွားနေတာလေ။ ကျွန်တော် ပြောချင်တာကလေ အဲလိုမျိုးတွေ လုပ်တယ်ဆိုတာကလည်း ဆိုင်တွေကိုမရောင်းရဘူး။ အမိန့်ထုတ်ထားတာထက် ရပ်ကွက်ကပဲဖြစ်ဖြစ်၊ ပိုင်ရာဆိုင်ရာ လူကြီးတစ်ယောက်ကပဲဖြစ်ဖြစ် ဒါမျိုးကိုတွေ့ရင် ချက်ချင်းပေါ့၊ မသောက်ရဘူးဆိုပြီး ပြောပိုင်ခွင့်ရှိတဲ့ အခြေအနေလေးဖြစ်လာရင် မဆိုးဘူးပေါ့။ ကောင်းကောင်းမွန်မွန်ပြောလို့မှ လူမိုက်ဆန်နေတယ်။ ရုပ်ရှင်ထဲကလို လူဆိုးလုပ်ချင်တယ်ဆိုရင်တော့ ပညာလေးပေးကြပေါ့။ အဲလိုလေးဖြစ်စေချင်တယ်။ ကျွန်တော် လူဆိုးခန်းတွေရိုက်တယ်ဆိုတာ ဆိုးပြတာကြီးကို ကျွန်တော်က အဓိကကြိုက်ပြီးတော့ ရိုက်ပြတာ မဟုတ်ဘူး။ ငါဒီလိုတွေ ဆိုးရင်၊ ဒီလိုတွေ မိုက်ရိုင်းရင် ငါဒီလိုတွေခံရတယ်ဆိုတာကို ဒီကလေးတွေကိုသိစေချင်တာ။ ကလေးတွေက အဲဒါကိုမယူဘဲနဲ့ မကောင်းတာကို သူတို့က အက်တင်လုပ်ချင်တယ်လေ။ သူတို့က အဲဒါကို သွားယူနေကြတာ၊ အဲဒါက မှားတယ်။ ဥပဒေတစ်ခု ထွက်ပေးရင်တော့ ကောင်းမယ်ထင်တာပဲ။ ဒါ ကျွန်တော့်အတွေးပေါ့။ 

Voice : နောက်တစ်ခုက မုဒိမ်းကောင်ဇာတ်ရုပ်ဆို မရိုက်ချင်ကြတာရှိတယ်လေ။ 
KZH : ကျွန်တော်ကတော့ သတ်မှတ်ထားတာတာ့မရှိဘူး။ ဒါပေမဲ့ အခုနောက်ပိုင်း တော်တော် ကြာပြီ။ အဲလိုမျိုးမရိုက်ရတာ တော်တော်ကြာနေပြီ။ တကယ်လို့ အဲလိုအခန်းမျိုးပါတယ်ဆိုရင်လည်း ဒါရိုက်တာရဲ့ IQ တွေ ပိုပြီးတော့ မြင့်လာတာလည်း ပါတယ်။ ရိုက်ချက်တွေ၊ ပြချက်တွေနဲ့ပဲ ရိုက်လိုက်တော့ တစ်ခါတလေ တစ်ယောက်နဲ့ တစ်ယောက် အသားချင်း ထိစရာမလိုဘူး။ TV ထဲ ကြည့်လိုက်ရင် လုံးဝအားရပါးရပဲ။ အားလုံးက တော်လာကြလို့ပေါ့နော်။ ကျွန်တော်တို့လည်း လုပ်ရတာ သက်သာသွားတာပေါ့။ ဆွဲလားရမ်းလားလုပ်တာကကိုယ့်ကြောင့် ဘယ်မင်းသမီးမှ လက်နာသွားတာတို့ ခြေနာသွားတာတို့ မဖြစ်ဘူး။ ကိုယ်ကတော့ အက်တင် လုပ်ပေမယ့် တချို့ဆို လက်သည်းနဲ့ ခြစ်မိတာတွေလည်းရှိတယ်။ 

Voice : ဦးကျော်ဟိန်းတို့နဲ့ ရိုက်တုန်းကတော့ အက်တင်တွေ လုပ်ကွက်တွေက ပိုပြီးတော့ ရတယ် ထင်တယ်နော်။ အခုနောက်ပိုင်းတော့ နည်းနည်းလျော့သွားသလိုပဲ။ 
KZH : ဗုဒ္ဓဘာသာ အယူအနေနဲ့ပြောရင်တော့ ဘဝပေးကုသိုလ်ကံပေါ့နော်။ ရှင်းရှင်းပြောရရင် ကျွန်တော်က ဆရာကောင်းတွေရခဲ့တယ်ဗျ။ ကိုကျော်သူရော၊ ဦးကျော်ဟိန်းရော နှစ်ယောက်လုံးပေါ့။ နှစ်ယောက်လုံးသည် ကျွန်တော့်ကိုရိုက်တဲ့နေရာမှာ ပေးထားတဲ့နေရာတွေ အကုန်လုံးက မင်းသားနေရာတွေချည်းပဲ။ ကျွန်တော်တစ်ချက်လေး မှားသွားတာက နားမလည်တာလည်းပါတယ်။ ဒီဘက်ခေတ် ကလေးတွေလို မလည်ဘူး။ ရိုက်ရရင် ပြီးရောဆိုပြီး ရိုက်တာ။ မုဒိမ်းကျင့်ရမယ့်အခန်းရိုက်ရလို့လည်း မုဒိမ်းကောင်ကြီးနဲ့ပဲ တစ်ဘဝလုံးသွားမယ်လို့ မတွက်ထားဘူး။ ကြည့်တဲ့ ပရိသတ်ကလည်း အဲဒီလောက် IQ နိမ့်မယ်လို့ မထင်ထားဘူး။ အဓိကတော့ အဲဒါပေါ့။ အဲဒီမှာ သူတို့က စွဲနေတာလေ။ ရိုက်တဲ့ ဒါရိုက်တာကအစ စွဲနေတာ။ ဒါဆို ဒီကောင်၊ ဒါဆိုဒီကောင်ဆိုပြီး ကျွန်တော့် ရှေ့ကလူတွေလည်း ဒီလိုခံခဲ့ရတယ်။ ဒီဘက်ခေတ်မှာ ဘာကောင်းသွားလဲဆိုတော့ ဒီကောင်က ဒါတွေပဲရိုက်နေတယ်။ ပုံစံ နောက်တစ်မျိုးလေး ခိုင်းကြည့်မယ်ဆိုပြီး ခိုင်းတော့ နေရာစုံလေးတော့ ရိုက်လာခဲ့ရပါတယ်။ ကိုယ့်ဘာသာကိုယ် ပြန်ဖောက်ရတာထက် ရင်းနှီးတဲ့ဒါရိုက်တာတွေကပဲ လုပ်ပေးတာပါ။  

ခင်ညိုညိုသိမ့်


  • VIA