News

POST TYPE

INTERVIEW

မိုးဟေကိုနဲ့ တွေ့ဆုံခြင်း
13-Jun-2019
“ဇာတ်ကားတွေ မရိုက်ဖြစ်တာကိုလည်း နားလည်ပေးကြပါလို့။ မိဘရဲ့ ကျန်းမာရေးအခြေအနေကြောင့်ပါ”



လက်ရှိမှာတော့ ဇာတ်ကားရိုက်ကူးမှုတွေ နည်းနေပြီး ပရိသတ်နဲ့ အဆက်အသွယ် ပြတ်တောက်လျက်ရှိတဲ့ မိုးဟေကို ကို ပရိသတ်သိချင်မယ်ထင်တဲ့ မေးခွန်းလေးတွေ မေးမြန်းဖြစ်ခဲ့ပါတယ်။

Voice : ထိပ်တန်း မင်းသမီးတစ်ဦးဖြစ်ပေမယ့် နောက်ပိုင်း ကားရိုက် အရမ်းကျဲသွားတာ ဘာကြောင့်လဲ။
MHK : အမေရဲ့ ကျန်းမာရေးအခြေအနေကြောင့် မိုး ကားရိုက်ကျဲသွားတာပါ။ ဒါပေမဲ့ မိုးကိုချစ်တဲ့ ပရိသတ်ကြီးက မိုးကို စိတ်ပျက်မသွားဘဲ အားပေးနေဆဲဖြစ်လို့ မိုး ပျော်ပါတယ်။ အဲဒါကြောင့် မိုးကို ဆက်ပြီး အားပေးပါဦး။ မိုး အနုပညာအလုပ်တွေ ပြန်လုပ်တော့မှာပါ။

Voice : တော်တော်များများက မိုးဟေကိုကို ဆွဲဆောင်မှုရှိတဲ့ မင်းသမီးလို့သတ်မှတ်ကြတယ်။ အဲဒါဘာကြောင့်လဲ။
MHK : ချောတဲ့ထဲမှာတော့ မပါတော့ ကိုယ်မပြောတတ်ဘူး။ အဲ့ဒါကတော့ တကူးတကကြီး ဖန်တီးပြီးတော့ နေတာတော့ မဟုတ်ပါဘူး။ အနေအေးလို့လည်း ထင်ပါတယ်။ အဲ့လိုသတ်မှတ်ပေးကြတယ် ထင်တာပဲ။ အဲ့လိုမျိုး ထင်ပေးလို့လည်း ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်။

Voice : ဖေ့စ်ဘွတ်ခ်ကိုရော ဘယ်လို အသုံးချဖြစ်လဲ။
MHK : မိုးရဲ့ မန်နေဂျာတွေ မိုးကို သုံးပေးတယ်။ ပြီးတော့ အခု နောက်ပိုင်း ကျတော့ ပရိသတ်တွေနဲ့လည်း အဆက် အသွယ် မပြတ်ချင်ဘူး။ ပြီးတော့ မိုးက Personal Acc လုံးဝ မသုံးဘူး။ ဒါပေမဲ့လည်း ပရိသတ်တွေနဲ့လည်း ထိတွေ့ ဖြစ်အောင် ပေ့ချ်လေးထောင်ပြီးတော့မှ ဓာတ်ပုံတွေ တင်ပေးဖြစ်တာပေါ့ နော်။ ပြီးတော့ အနုပညာ လှုပ်ရှားမှုတွေ အဲ့ဒီကနေ တင်ပေးဖြစ်ပါတယ်။

Voice : ဖေ့စ်ဘွတ်ခ် ဘာလို့ မသုံးဖြစ်တာလဲ။ 
MHK : အစကတည်းကလည်း မသုံးဖြစ်တာ။ အချိန်တိုင်း သုံးရတာလည်း မကြိုက်ဘူးပေါ့။ တချို့အချိန်မှာတော့ သုံးဖြစ်ပါတယ်။ အခုသုံးတာကလည်း ပရိသတ်တွေကလည်း ပြောလွန်းအားကြီးလို့။ ပေ့ချ်လေး ဖွင့်ထားတာ တောင် ၆ လ လောက်ပဲ ရှိဦးမယ် ထင်ပါတယ်။

Voice : အရမ်းအနေအေးတဲ့ မင်းသမီးလို့ ပြောရမလား။
MHK : အဲ့လိုကြီးလည်း မဟုတ်ပါဘူး။ တစ်ခုခုလုပ်ပြီးတော့မှ ကိုယ့်ကို သိစရာလည်း မလိုဘူး။ အဲ့လို လုပ်စရာလည်း မလိုဘူးလို့ ထင်ပါတယ်။ အဲ့လိုလုပ်ရတာကို မကြိုက်တာပါ။

Voice : မိုးဟေကိုရဲ့ အမေ ကျန်းမာရေးအခြေအနေ ပြောပြပေးပါဦး။
MHK : အမေကိုတော့ ဂရုစိုက်နေရတာပေါ့။ ကျန်းမာရေးကောင်းတဲ့အထဲမှာတော့ မပါဘူး။ ပိုပြီး မဆိုးသွားအောင်တော့ ဂရုစိုက်ပေးနေရတာပေါ့။ ဇာတ်ကားတွေ မရိုက်ဖြစ်တာကိုလည်း နားလည်ပေးကြပါလို့။ မိဘရဲ့ ကျန်းမာရေးအခြေအနေကြောင့်ပါ။ ဒါပေမဲ့လည်း အဲ့ဘက်ကိုတော့ အချိန်တော့ ပြန်ပေးဖြစ်မှာပါ။

မြင့်မြင့်စိုး