News

POST TYPE

INTERVIEW

Lady Boy ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်ထူးအောင်နှင့် ခဏတာ
12-Jun-2019
“ဝေဖန်တာတွေကို ကျွန်တော် လေ့လာပါတယ်။ တကယ်မှားနေတာ တကယ်လိုအပ်တာတွေဆိုရင်တော့ ကျွန်တော့်ဘက်က ကြိုးစားပြင်ဆင်နေပါတယ်”



Voice : Lady Boy ရုပ်ရှင်ဇာတ်ကားအကြောင်း ပြောပေးပါဦး။ 
HA : ကျွန်တော်က သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ချင်တယ်ဗျ။ ဒါကြောင့် ကာရိုက်တာ ကန့်သတ်တာမျိုးမလုပ်ဘူး။ အကုန်လုပ်ပြနိုင်အောင် ကြိုးစားမယ်။ ကျွန်တော့်အနေနဲ့ဆိုရင်တော့ သဘာဝကျတဲ့ ကာရိုက်တာမျိုး၊ Challenge ဖြစ်တဲ့ ကာရိုက်တာမျိုးကိုပိုပြီး သဘောကျတယ်။ ကာရိုက်တာအတွက် ပြုပြင်ပြောင်းလဲရမယ်ဆိုတာမျိုးတွေကို ပိုပြီး သဘောကျတယ်။ အဲဒီအတွက်တော့ စနစ်တကျနဲ့ ကြိုတင်ပြင်ဆင်ရတာပေါ့။ Lady Boy ရုပ်ရှင်ဇာတ်ကားကြီးမှာဆိုလည်း ကျွန်တော့် အတွက်နေရာလေးရတယ်၊ လုပ်ကွက်လေးရလို့ ပရိသတ်က အကြိုက်တွေ့ကြပါတယ်။ ပရိသတ်အတွက် ကျွန်တော်ကြိုးစားနေပါတယ်။

Voice : ပြည်ပက လူတွေနဲ့တွဲပြီး အလုပ်လုပ်ရတဲ့ အတွေ့အကြုံတွေကရော ဘယ်လိုရှိလဲ။
HA : သူတို့ အလုပ်လုပ်တာ စနစ်ကျတယ်။ သူတို့အနုပညာကြေးယူထားတာနဲ့ တန်အောင်လည်း တာဝန်ယူတတ်တယ်။ Actor တွေဆိုရင်လည်း Actor တာဝန်ကို အပြည့်အဝယူတယ်။ လူကြမ်းတွေဆိုလည်း Rehearsal ကို အပြည့်အဝပေးလုပ်တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဖိုက်တင်လုပ်တာတွေ ကောင်းတယ်။ စနစ်မကျတာပဲ ရှိပါတယ်။ သူတို့ထက်တောင် ပိုကောင်းသေးတယ်။ စနစ်ကျသွားရင် ကျွန်တော်တို့ဆီကလူတွေက အေးဆေးပါ။

Voice : အားပေးတဲ့ပရိသတ်တွေရှိသလို ဝေဖန်တဲ့သူတွေအပေါ်ထားတဲ့ သဘောထားကိုလည်း ပြောပေးပါဦး။ 
HA : ကျွန်တော့်ကိုအားလုံးလက်ခံလာတဲ့အထိ ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ပဲနေတယ်။ ဝေဖန်တာတွေကို ကျွန်တော်လေ့လာပါတယ်။ တကယ်မှားနေတာ တကယ်လိုအပ်တာတွေဆိုရင်တော့ ကျွန်တော့်ဘက်က ကြိုးစားပြင်ဆင်နေပါတယ်။

နန္ဒာ