News

POST TYPE

INTERVIEW

J Naw နဲ့ တွေ့ဆုံခြင်း
03-Jun-2019
“ပုံလေးတွေ အမြင်ရိုင်းတဲ့အခါ နော်လေးကို နားလည်ပေးကြလို့ ကျေးဇူးတင်ပါတယ်။ နောက်မရိုက်တော့ဘူးလို့တော့ ကတိမပေးပါဘူး”



Voice :  J Naw က ပရိသတ်တွေကို ဓာတ်ပုံတွေနဲ့ ဖမ်းစားတယ်။ ဒီတော့ ပရိသတ်ကိုပေးချင်တဲ့အကြောင်းအရာက ဘယ်လိုမျိုးဖြစ်မလဲ။ 
J Naw : နော်က ပရိသတ်တွေကို တန်ဖိုးထားတယ်။ နော်ရိုက်ထားတဲ့ ပုံတိုင်းက ကိုယ်တိုင်ဝတ်ချင်လို့၊ ကြိုက်လို့ ရိုက်ခဲ့တာပါ။ အဲဒီအတွက် နော်ကို ချစ်ခင်အားပေးတဲ့သူတွေ မကြိုက်သည်ဖြစ်စေ၊ ကြိုက်သည်ဖြစ်စေ ဝေဖန်အပြစ်တင်လည်း ကျေနပ်စွာခံယူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်လုပ်ချင်မှ ဖြစ်တာ၊ ကိုယ်တိုင်မလုပ်ချင် မရိုက်ချင်ရင် ဒီလိုပုံစံတွေ ထွက်လာစရာမရှိဘူး။ ကိုယ်တိုင်ကြိုက်လို့ ရိုက်ကူးတာဖြစ်လို့ ဘယ်သူ့ကိုမှ မထိခိုက်စေချင်ပါဘူး။ အဓိက ပြောချင်တာက ကိုယ်ကြိုက်နှစ်သက်လို့ ဝတ်တယ်၊ ဓာတ်ပုံရိုက်တယ်။ ဒီလောက်ပါပဲ။ ကိုယ်လုပ်လိုက်တဲ့ အလုပ်ကို ဒီနေ့ဒီအချိန်ထိ နောင်တရတာမျိုး မရှိပါဘူး။ 

Voice : ကိုယ်တိုင်ဝါသနာပါလို့လုပ်တဲ့ အလုပ်တွေမှာ မိဘက ဘယ်လိုပြောပြပေးတာမျိုးရှိမလဲ။ 
J Naw : နော် အနုပညာအလုပ်ကို လုပ်တာ မိဘတွေက အားမပေးပါဘူး။ အခုလည်း အဝတ်အစားပိုင်းကို ဆင်ခြင်ဖို့ ကတိတောင်းပါတယ်။ နော်က ပရော်ဖက်ရှင်နယ်အလုပ်ဖြစ်နဲ့ ရပ်တည်နေတာပါ။ အလုပ်ပုံစံအရ ဝတ်ရစားတာတွေ ရှိပါတယ်။ နိုင်ငံခြားက Sexy Model တွေဆိုလည်း ပရိသတ်ကြိုက်အောင် ပုံစံမျိုးစုံအောင် ရိုက်ကူးရတာပဲလေ။ နော် တင်လိုက်တဲ့ပို့စ်ကြောင့် နော့် မိဘတွေကို ထိခိုက်မှုမရှိဘူးလားဆိုရင်တော့ မရှိဘူးလို့ပဲ ပြောရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ နော် ဝါသနာပါတဲ့ အလုပ်ကို ကိုယ်တစ်ယောက်တည်းလုပ်တာဖြစ်လို့ ကောင်းခြင်းဆိုးခြင်းက နော်တစ်ယောက်တည်းနဲ့ပဲ ဆိုင်ပါတယ်။ 

Voice : ပရိသတ်တွေအတွက် J Naw ဆိုတာ ဘယ်လိုပုံစံမျိုး ထပ်မြင်တွေ့ရဦးမလဲ။
J Naw : နော်လေး ပရိသတ်တွေကို ပြောချင်တာရှိပါတယ်။ နော်လေးက နည်းနည်းဆိုးတဲ့အခါ နော်လေး ပြောမှားဆိုမှားတွေရှိတဲ့အခါ နောက်ပြီး နော်လေးရိုက်ထားတဲ့ပုံလေးတွေ အမြင်ရိုင်းတဲ့အခါ နော်လေးကို နားလည်ပေးကြလို့ ကျေးဇူးတင်ပါတယ်။ နောက်မရိုက်တော့ဘူးလို့တော့ ကတိမပေးပါဘူး။ ဘာဖြစ်လို့လဲဆိုရင် တစ်ခါတလေ အလုပ်ကြောင့် ဝတ်ရတာတွေရှိနေလို့ပါ။ နော်လေးကို အမြဲနားလည်ချစ်ခင်ပေးလို့ ကျေးဇူး တင်ပါတယ်။