News

POST TYPE

INTERVIEW

မေကဗျာနဲ့ တွေ့ဆုံခြင်း
26-May-2019


“ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တယ်။ စီးပွားရေးမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ် ဘယ်ကိစ္စမှ ဘယ်သူ့ကိုမှ အားမကိုးဘူး”

သရုပ်ဆောင်မေကဗျာနဲ့တွေ့ဆုံခိုက် အနုပညာလှုပ်ရှားမှု၊ သမီးလေးအကြောင်းနဲ့ တစ်ယောက်တည်း ရပ်တည်နေရတဲ့ ဘဝအကြောင်းတွေကိုလည်း မေးမြန်းထားပါတယ်။

Voice : လတ်တလောအနုပညာ လှုပ်ရှားမှုလေးတွေ ပြောပေးပါဦး။
MKP : ဇာတ်လမ်းတွဲလေးတွေရိုက်ဖို့တော့ ရှိပါတယ်။ အခု နောက်ပိုင်းလည်း ဇာတ်လမ်းတွဲပဲ ရိုက်ဖြစ်တော့တယ်။ ရိုက်ရတာလည်း အစ်မက ဇာတ်လမ်းတွဲဘက်ကို အားသန်တယ်။ တိကျတယ်။ ဇာတ်ကိုလည်း ကိုယ်ကြိုက်မှ ပြင်ခြင်း ပြုခြင်းလည်း လုံးဝမရှိဘူး။ ကိုယ့်ကို ပေးထားတဲ့နေရာလေးနဲ့ အဆင်ပြေ တယ်ပေါ့နော်။ နောက်တစ်ခုက အစ်မက အလုပ်လုပ်ရင် အချိန်တိကျမှကြိုက်တယ်။ သူတို့နဲ့ကျတော့ အဆင်ပြေတယ်။ အချိန်တိကျတယ်။ 

Voice : သမီးလေးအကြောင်းလည်း ပြောပေးပါဦး။ သမီးလေးက အခုအနုပညာအလုပ်တွေရော လုပ်နေပြီလား။
MKP : သမီးကတော့ ပုံမှန်ပဲ။ အနုပညာအလုပ်ကတော့ သူ ဝါသနာမပါဘူး။ သူ အနုပညာဝါသနာမပါတာကို ကျေးဇူးတင်တယ်။ တကယ်ဆို မပါစေချင်ဘူး။ သူပါရင်တော့ ကိုယ်က ပံ့ပိုးပေးရမှာပေါ့နော်။ သမီးရေ မလုပ်နဲ့လို့ ပြောစရာမလိုဘူး။ ပညာရေးပဲ ဝါသနာပါတယ်။ နောက်အားတဲ့ရက်ဆို အစ်မရဲ့လုပ်ငန်းတွေမှာ ဝိုင်းကူလုပ်တယ်။ ပညာဝါသနာပါတဲ့အတွက်ကြောင့် အိမ်မှာ လိုအပ်တာမှန်သမျှ ဘက်စုံအကုန်လုံး အကြံဉာဏ်ပေးနိုင်တယ်။ ဘယ်အရာမဆိုပေါ့နော်။ အတတ်ပညာပိုင်းမှာပဲ ဝါသနာပါတာကို ကျေးဇူးတင်နေရတယ်။ 

Voice : သမီးကလည်း အစ်မရဲ့ ဖက်ရှင်တွေကို စဉ်းစားပေးတယ်ဆိုတော့ ကိုယ့်ရဲ့ Stylelist လို ဖြစ်နေမလား။ 
MKP : ပွဲတစ်ပွဲတက်မယ်ဆိုရင် ကိုယ်ဝတ်မယ့် အဝတ်အစားကို ကြည့်တယ်။ အမေ ဒါတော့ မဝတ်နဲ့ ဒိတ်အောက်နေပြီ။ ကိုယ့်အတွက်တော့ အရမ်းအထောက်အကူဖြစ်တယ်။ သူကိုယ်တိုင်လည်း ဝါသနာပါတယ်။ သူက Makeup Blogger လည်း ဝါသနာပါတော့ တစ်ခါတလေ သူပြောမှ သိတာတွေရှိတယ်။ နောက်ပိုင်း အစ်မပွဲတက်ရင် များသောအားဖြင့် သူလိမ်းပေးတာနဲ့ပဲ တက်တယ်။ သူလိမ်းပေးတာကိုလည်း ရဲရဲဝံ့ဝံ့ခံတယ်။ မျက်နှာက ပြောင်းသွားတာလေ။ လူငယ်ဆိုတော့ လူငယ်အမြင်လေးတွေနဲ့ပြင်တော့ ကိုယ့်မျက်နှာက လူငယ်လေးလို ဖြစ်နေတယ။် 

Voice : တစ်ယောက်တည်း ရပ်တည်နေရတဲ့ သူဆိုတော့ အားကိုးပြီး အပြန်အလှန် နားလည်ပေးနိုင်မယ့်သူတွေရော အစ်မအနားမှာ ရှိနေပြီလား။
MKP : အစ်မ ဘယ်သူ့ကိုမှ အားမကိုးဘူး။ အမှန်အတိုင်း ပြောတာပေါ့နော်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တယ်။ စီးပွားရေးမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ် ဘယ်ကိစ္စမှ ဘယ်သူ့ကိုမှ အားမကိုးဘူး။ အဲဒါ ဘာလဲဆိုတော့ အစ်မ အမေသင်ပေးခဲ့တဲ့ စိတ်ဓာတ်ပေါ့နော်။ အိမ်ထောင်ကျတယ်။ အိမ်ထောင်ကျတော့လည်း ကိုယ့်ခြေထောက်ပေါ်ပဲ ကိုယ်ရပ်တယ်။ သားသမီးရတယ်။ ပြီးတော့ ကိုယ်တစ်ယောက်တည်းဖြစ်သွားတဲ့ချိန်မှာ တစ်ယောက်တည်းပဲ ရုန်းကန်တယ်။ ဘယ်သူ့ အကူအညီနဲ့မှ အထောက်အပံ့မလိုဘူး။ ကလေးကျောင်းထားနိုင်တယ်။ မိဘကိုလည်း လူတန်းစေ့ထားနိုင်တယ်။ ကိုယ်တိုင်လည်း နေနိုင်တယ်။ ကိုယ်လုပ်တာ မှန်သမျှ ကိုယ့်ဘာသာစဉ်းစားတယ်။ ကောင်းရင်လည်းခံတယ်။ မကောင်းရင်လည်းခံတယ်။ သူများကို အားမကိုးဘူး။ ကိုယ်စိတ်ချမ်းသာ အောင်ပဲနေတယ်။ 

ခင်ညိုညိုသိမ့်



  • VIA