News

POST TYPE

INTERVIEW

အိုင်းရင်းဇင်မာမြင့်နဲ့ တွေ့ဆုံခြင်း
17-May-2019



“အရင်ကထက်ပိုပြီး ရင့်ကျက်သွားပြီ။ ပတ်ဝန်းကျင်ရဲ့ ပြောင်းလဲတာတွေ။ ဆဲဆိုခံရတာများလာရင် ရင့်ကျက်လာတယ်ထင်တယ်”

အဆိုတော်အိုင်းရင်းဇင်မာမြင့်နဲ့တွေ့ဆုံခိုက် လတ်တလောဂီတလှုပ်ရှားမှုတွေ၊ အချစ်သစ်အကြောင်းနဲ့ အသက်အရွယ်အရရင့်ကျက်လာမှု အကြောင်းတွေကို မေးမြန်းထားပါတယ်။ 

Voice : ဂီတလှုပ်ရှားမှု ဘာတွေလုပ်ဖြစ်နေလဲ။
IZMM : ဒီလကုန်ရင်တော့ အိုင်းရင်းရဲ့ စတုတ္ထ အယ်လ်ဘမ် ထွက်ပါမယ်ရှင်။ ဒီခွေလေးက ပရိုဂျူဆာရှိတယ်။ ပရိုဂျူဆာကြောင့် အိုင်းရင်း စာနယ်ဇင်းမိတ်ဆက်ပွဲ မလုပ်ဖြစ်ပါဘူး။ ပရိုဂျုဆာက ကြားထဲမှာ နည်းနည်းလေး အဆင်မပြေမှုလေးတွေ ရှိသွားတယ်။ ပရိုဂျူဆာရှိတဲ့ အခွေကျ တော့ သူခိုင်းတာကိုပဲ လုပ်ရတာကြောင့်ပါ။ 

Voice : ချစ်သူနဲ့လည်း အတူတူ ပွဲတက်လာတာဆိုတော့ ချစ်သူအကြောင်း ပြောပေးပါဦး။
IZMM : အဲဒါက အများကြီးပြောရင် အများ ကြီး အဆဲခံရတယ်လေ။ အမှန်အတိုင်းပြောရရင် လက်ထပ်တဲ့အခါကျမှ တိတိကျကျပြောရတာ ကောင်းပါတယ်နော်။ မဟုတ်လို့ရှိရင် မိန်းကလေး တစ်ယောက်က ခဏခဏ ချစ်သူထားတယ်၊ ရည်းစားများတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာတင်ပဲ အညွန့်ကျိုးသလို ဖြစ်မှာလည်း စိုးတယ်။ တစ်ပါးသူအတွက် မကောင်းသလို ကိုယ့်အတွက်လည်း မကောင်းဘူး။ 

Voice : အရင်ကထက်စာရင် အခုကပိုပြီး လန်းဆန်းတက်ကြွနေတာ မြင်ရတယ်။ အချစ်သစ်ကြောင့်လား။
IZMM : အများကြီးလည်း ပါပါတယ်ပေါ့နော်။ ကိုယ်တိုင်လည်း အသက်အရွယ်တစ်ခုကို ရလာပြီဆိုတော့ အရမ်းပျော့ညံ့နေရင်လည်း မကောင်းတော့ဘူးပေါ့နော်။ အရင်ကထက် ပိုပြီးရင့်ကျက်သွားပြီ။ ပတ်ဝန်းကျင်ရဲ့ ပြောင်းလဲတာတွေ၊ ဆဲဆိုခံရတာများလာရင် ရင့်ကျက်လာတယ်ထင်တယ်။

Voice : အခုနောက်ပိုင်းမှာရော ကိစ္စတစ်ခုကို ဆုံးဖြတ်ရမယ်ဆိုတိုင်း ဘယ်လိုအရင်ဆုံးလုပ်ဖြစ်လဲ။ 
IZMM : အဓိက စိတ်အေးအေးထားတယ်။ အရင်တုန်းက သွေးဆူလွယ်တယ်။ အခုတော့ စိတ်အေးအေးထားလိုက်ပါတယ်။ သွေးဆူတာက ပြဿနာများပါတယ်။ တစ်ခါတလေကျတော့ ဘယ်အရာမဆိုကောင်းတယ်လို့တော့ မရှိပါဘူး။ ကောင်းလိုက် ဆိုးလိုက်ပါပဲ။ အဲတော့ အရာအားလုံးက စိတ်တည်တည်ငြိမ်ငြိမ်ထားပြီးတော့ ဖြေရှင်းဖို့ပဲ ရည်ရွယ်ထားတယ်။ မလိုအပ်ဘဲနဲ့တော့ Public ကို ခဏခဏ ချပြနေတောမျိုး မလုပ်တော့ဘူး။ ဘာလို့လဲဆိုတော့ ကိုယ်ကအနုပညာသမားလည်း ဖြစ်တယ်။ လက်ရှိမှာလည်း အလုပ်လုပ်နေရတာကျတော့ ကောင်းခြင်းတွေကိုပဲ ကိုယ့်ကိုချစ်တဲ့သူကို ပေးချင်တယ်။ ကိုယ့်ဆီက ဝမ်းနည်းစရာ နာကျင်စရာကောင်းတဲ့အရာတွေကို ပရိသတ်တွေကို မပေးချင်ပါဘူး။ 

Voice : ကိုယ့်အသက်အပိုင်းအခြားအရ ကိုယ့်မှာရှိနေတဲ့ လိုအပ်ချက်ကို ဘယ်လိုပြန်ပြင်လဲ။ 
IZMM : အသက်အရွယ်ပေါ့။ တစ်နေ့ထက်တစ်နေ့ကြီးလာတော့ ကိုယ့်ဟာကို ပုံမှန်ဖြစ်လာတယ်လို့ထင်တယ်။ အရင်တုန်းကတော့ ငယ်သေးတာပေါ့နော်။ 

ခင်ညိုညိုသိမ့်