News

POST TYPE

INTERVIEW

မြနှင်းရည်လွင်နဲ့ တွေ့ဆုံခြင်း
02-May-2019


သရုပ်ဆောင် မြနှင်းရည်လွင်နဲ့ တွေ့ဆုံကာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကို Inspire ယူပြီး ဓာတ်ပုံရိုက်ဖြစ်တဲ့အကြောင်းကို The Voice သတင်းစာက မေးမြန်းထားပါတယ်။ 

Voice : နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပုံကို ဘာလို့ Inspire ယူပြီး ရိုက်ဖြစ်တာလဲ။
MHYL : ဓာတ်ပုံဆရာ ရဲထွဋ်က ပရော့ဂျက်လေးတစ်ခု ရှိတယ်။ ရိုက်ချင်တယ်ဆိုလို့ မြနှင်းကို မတ်လလောက်ကတည်းက သူ ကမ်းလှမ်းထားတာပေါ့နော်။ ရတယ်ကူညီပေးမယ်။ သူ သေချာ ဒါကို အားထည့်ပြီးတော့ အင်္ကျီဘယ်လိုပုံစံတွေ ဝတ်မယ်။ အမေစုခရီးစဉ်တစ်ခုက အဲဒီပုံကို ကြိုက်တယ်။ မြနှင်းလည်း ပြင်ဆင်မယ်ပေါ့။ အတတ်နိုင်ဆုံး မျက်နှာအနေအထား၊ မျက်လုံးတို့ကတော့ အမေစုအတိုင်း မရဘူး။ ဒါပေမဲ့ အပြင်အဆင် အဝတ်အစား အနေအထားလေးပေါ့။ နှစ်ယောက် Team Work လေးလုပ်ရင်း ရိုက်ဖြစ်တာပါ။

Voice : အဲလို ဓာတ်ပုံရိုက်နေတဲ့ အချိန်မှာ ဘယ်လိုခံစားချက်မျိုး ဖြစ်မိလဲ။
MHYL : အမေစုအတိုင်းကြီးကတော့ ဘယ်ရမလဲ၊ စိတ်တော့ပူတယ်။ ရိုက်နေတုန်းကတော့လေ။ အမေစုရဲ့ တကယ် Mood ဆိုတာ ဘယ်လိုမှ လိုက်ပြီးတော့ ယှဉ်ကြည့်လို့ မရဘူးပေါ့။ တုလို့လည်း မရဘူး။ မျက်လုံးအနေအထားတို့ပေါ့။ ဒါပေမဲ့လည်း စိတ်ကလည်း ပူတယ်။ အတတ်နိုင်ဆုံး အမေစုအနေနဲ့ ကင်မရာလေးကို ဘယ်လိုနေလိုက်ကြည့်ထားပေါ့နော်။ အမေစုရဲ့ ပဝါလေးတွေကိုင်တာ ပန်းလေးကို ဘယ်လိုလုပ်ထားလဲ။ အပြင်အဆင်တွေက အများကြီးပံ့ပိုးပေးသွားပေါ့နော်။ မျက်နှာက အဲဒီ Mood အတိုင်းကို မဖြစ်နိုင်တဲ့အတွက် အတတ်နိုင်ဆုံး ကြိုးစားထားတယ်။ မျက်လုံးမှာ ကြောက်နေတာ တော့သွားပေါ်မယ်။ အမေစုလို ရဲရင့်အောင် မလုပ်တတ်တော့ ရဲရင့်အောင်နေရတယ်။ ဒါပေမဲ့ မျက်လုံးက ညာလို့ မရဘူး။

Voice : ဓာတ်ပုံတွေရဲ့ အောက်မှာ ကောမန့်အဆိုးတွေနဲ့ ဝေဖန်ကြတဲ့အပေါ်မှာရော။
MHYL : ဒါကတော့ ပြောကြတယ်။ ဘယ်သူမဆို ကောင်းတာပြောလည်း ဘာမှမဖြစ်ဘူး လက်ခံတယ်။ မကောင်းတာပြောလည်း လက်ခံတယ်။ ဒါကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဓာတ်ပုံဆရာကလည်း မျက်နှာအရမ်းကြီး တူအောင်ရယ်လို့ မပြင်ထားဘူး။ အပြင်အဆင်နဲ့ အမျိုးသမီးထု တစ်ခုကို ဂုဏ်ပြုတဲ့ ပုံစံမျိုးနဲ့ ကြည့်လိုက်ရင် ဆင်တဲ့ ပုံစံမျိုး ယူထားတယ်။ နောက်ပိုင်းမှာ တခြားသူတွေ လိုက်ရိုက်မယ်ဆိုလည်း ဘယ်လိုပဲဖြစ်ဖြစ် ကြည့်သွားရင် ဘာတွေလိုအပ်တယ်ဆိုတာကို သိလာမယ်။

Voice : အမေစုပုံတူမျိုး ရိုက်ရတာ တခြားကိုယ့်ရဲ့ လိုအပ်ချက်ရှိသေးလား။ 
MHYL : ဒါကတော့ ကိုယ်လေးစားအားကျရတဲ့သူကို Inspire ကတော့ ယူကြတယ်။ ခင်သန်းနု သြင်္ကန်မိုးထဲကဟာကို လူတိုင်းလိုက်လုပ်ကြတယ်။ အမေစုဆိုတာကလည်း သူ့ရဲ့ နိုင်ငံရေးအပိုင်းမပါဘူး။ အပြင်အဆင်ရဲရင့်တဲ့ဟာကို ကိုယ်တွေကကြိုက်လို့ Inspire ယူတာပေါ့နော်။ နိုင်ငံရေးလုပ်နေတဲ့သူ မဟုတ်ဘူး။ အနုပညာရှင်ဆိုတော့ သရုပ်ဆောင်ဆိုတော့ ဆေးစက်ကျရာ အရုပ်ထင်အောင်လုပ်တာပါ။ ဘယ်သူပဲရိုက်ရိုက် ရပါတယ်။ 

ခင်ညိုညိုသိမ့်




  • VIA