News

POST TYPE

INTERVIEW

အိချောပိုနဲ့ တွေ့ဆုံခြင်း
26-Apr-2019


“Sexy ဆန်တဲ့ ဖက်ရှင်ကို မိဘကလည်း မကြိုက်ဘူး”

သရုပ်ဆောင်အိချောပိုနဲ့တွေ့ဆုံကာ လက်ရှိရိုက်ကူးထားတဲ့ ဇာတ်ကားအကြောင်းနဲ့ ဖက်ရှင်အပေါ် အမြင်လေးတွေကို မေးမြန်းထားပါတယ်။ 

Voice : ရေခဲပန်းပုရုပ် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ကာရိုက်တာလေး ပြောပြပေးပါဦး။
ECP : အိချောက အဆိုတော်အရမ်းဖြစ်ချင်တဲ့ ကောင်မလေးပေါ့နော်။ အဆိုပြိုင်ပွဲတွေ ဝင်ပြိုင်တယ်။ အဲလို ကာရိုက်တာလေးပါ။ ကိုလွှမ်းပိုင်ကတော့ ကီးဘုတ်ဆရာပေါ့နော်။ ဒီကားက ဇာတ်လမ်းလေးကလည်း ကောင်းတယ်။ မင်းသားရော၊ မင်းသမီးရော လုပ်ကွက်တွေရတယ်။ အက်တင်ရော တကယ်ဟဲဗီးလုပ်ရတဲ့ကားလေးဆိုတော့ အိချောကတော့ သဘောကျတယ်။ 

Voice : သီချင်းတွေလည်း ဆိုဖူးနေတာဆိုတော့ ဒီကားမှာရော ကိုယ်တိုင် ဇာတ်ဝင်တေး အနေနဲ့ ဆိုဖို့ရှိလား။
ECP : အိချောကတော့ ဆိုဖို့ ပြောထားတယ်။ ကိုလွှမ်းပိုင်ကလည်း စပ်ပေးမယ် ပြောတယ်။ 

Voice : ဒီကားလေးက ရုပ်သံမှာပဲ လွှင့်မှာနော်။ အခုကရုပ်သံတွေကနေပဲ ဇာတ်ကား အသစ်တွေပြလာတဲ့ ရေစီးကြောင်းကိုရော ဘယ်လိုမြင်မိလဲ။ 
ECP : ကောင်းပါတယ်။ အိချောတို့ဆိုရင် နယ်တွေသွားရင် နယ်ကပရိသတ်တွေက တော်တော်များများ မေးကြတယ်။ ဗီဒီယိုကားတွေ အသစ်မထွက်ဘူးလား။ ဘာလို့လဲဆိုတော့ တချို့နယ်တွေက ရုပ်ရှင်ရုံတွေ မရှိဘူး။ ကြည့်ဖို့ အခက်အခဲရှိတဲ့နေရာတွေလည်း ရှိတယ်ပေါ့နော်။ သူတို့မှာ ချန်နယ်လိုင်းတွေကို ကြည့်ရတယ်။ အခွေတွေကို စောင့်မျှော်နေကြတယ်။ ဗီဒီယို အခွေတွေ မရှိတော့ ဒီလိုလိုင်းလေးတွေက ပြပေးမယ်ဆိုရင် ကားသစ်လေးတွေ ထပ်ပြီးတော့ ရိုက်ပြီးပြမယ်ဆိုတော့ ပရိသတ်တွေလည်း ကျေနပ်မှာပါ။ အိချောတို့အနေနဲ့လည်း အနုပညာအလုပ်လေးတွေ ပြန်ပြီးတော့ လုပ်ရတယ်။ အဆက်မပြတ်ဘူးပေါ့နော်။ ပရိသတ်နဲ့ပေါ့နော်။

Voice : အိချောက ဖက်ရှင်မှာဆို အရမ်းကြီးလန်းတာတွေ ဝတ်လေ့မရှိဘူးနော်။ ဘာကြောင့်လဲ။
ECP : အိချောနဲ့ မလိုက်ဘူးလို့ ထင်တယ်။ ရှုပ်ရှုပ်ယှက်ယှက်နဲ့ မျက်နှာမှာလည်း မိတ်ကပ် အရမ်းတင်လိုက်တာတို့၊ ဆံပင်ပုံစံအရမ်း ချိန်းလိုက်တာတို့ အိချောနဲ့ ကိုးရိုးကားရားဖြစ်နေတယ်လို့ ထင်တယ်။ကိုယ့်ဘာသာကို မျက်စိနောက်နေတယ်။ ပရိသတ်တွေကတော့ ပိုဆိုးနေမယ်။ အိချောက များသောအားဖြင့် ရှင်းရှင်းလေးတွေကို သဘောကျတယ်။ ဒီဇိုင်းလေးတွေရောပေါ့နော်။ 

Voice : Sexy ဆန်တာဆို လုံးဝမတွေ့ရဘူးနော်။
ECP : မိဘလည်း မကြိုက်တာပါတယ်ပေါ့နော်။ အိချောကိုယ်တိုင်လည်း မကြိုက်ဘူး။ မဝတ်ဘူး။ အိချောက စပေါ်လာကတည်းက ရိုးရိုးလေးဆိုပြီး သဘောထားကြတာ။ အခုချိန်မှာလည်း အဆင်မပြေဘူးပေါ့နော်။ ခေတ်ရေစီးကြောင်းအရ ဝတ်သင့်တာလေးတွေတော့ ရှိတာပေါ့။ အဲလိုမျိုး ဆိုရင်တော့ ဝတ်ပါတယ်။ ကာရိုက်တာအရ ဝတ်ရမယ့် ကာရိုက်တာမျိုးဆိုရင် မဖြစ်မနေဝတ်ရမယ့် အပိုင်းလည်းရှိပါတယ်။ ဒါပေမဲ့ အိချောအကြိုက်တော့ မဟုတ်ဘူး။ သူများတွေ ရိုးရိုးယဉ်ယဉ် ဝတ်ထားရင်လည်း သဘောကျတယ်။ 

ခင်ညိုညိုသိမ့်




  • VIA