News

POST TYPE

INTERVIEW

အရေပြား၊ အလှအပနှင့် လေဆာအထူးကုဆရာဝန် ဒေါက်တာနှင်းအေးလှိုင်နှင့် တွေ့ဆုံခြင်း
31-Jul-2018 tagged as ကျန်းမာရေး

“လူတွေ အရမ်းလှချင်လာကြတာ ကောင်းပါတယ်။ ဒါပေမဲ့ အန္တရာယ်ကင်းတဲ့လှပမှုတွေကိုပဲ လုပ်စေချင်ပါတယ်”



နာမည်ကျော် အနုပညာရှင်အများစု သွားရောက်ကုသမှုခံယူကြတဲ့ မန္တလေးမြို့ရှိ Dr.Hnin, Skin, Aesthetic & Laser Center မှ အရေပြား၊ အလှအပနှင့် လေဆာအထူးကုဆရာဝန် ဒေါက်တာနှင်းအေးလှိုင်နဲ့ တွေ့ဆုံပြီး အသားအရေထိန်းသိမ်းဖို့အတွက် ရှောင်ကြဉ်ရမယ့်အချက်များအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ကိုယ့်ရဲ့အသားအရေကို ထိန်းသိမ်းဖို့အတွက် ဘာတွေကို အဓိကထားလုပ်ဆောင်သင့်ပါသလဲ။ 
Dr. H : အရေပြားဆိုင်ရာထိန်းသိမ်းမှုက သူ့အဆင့်နဲ့သူ အရေးကြီးပါတယ်။ ပထမဆုံးအနေနဲ့က Cleansing ပေါ့နော်။ ညစဉ်ညတိုင်း မျက်နှာကို လိမ်းထားမိတဲ့မိတ်ကပ်တွေ၊ Sunscreen တွေကိုဖျက်ပြီးမှ အိပ်သင့်ပါတယ်။ အသားအရေ စိုပြည်ဝင်းပစေဖို့ Moisturizer လေးတစ်မျိုးမျိုးလည်း သုံးသင့်ပါတယ်။ မြန်မာနိုင်ငံဟာ ပူပြင်းတဲ့နိုင်ငံဖြစ်တဲ့အတွက် တင်းတိပ်၊ မှဲ့ခြောက်တွေဖြစ်ပေါ်မှုကို ကာကွယ်ဖို့နဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ကာကွယ်ဖို့ နေရောင်ကာ လိမ်းဆေးတစ်မျိုးမျိုးကိုလည်း နေ့စဉ်သုံးစွဲပေးသင့်ပါတယ်။

Voice : မြန်မာနိုင်ငံမှာ အလှအပနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုတွေများလာတယ်။ နောက်ပိုင်း အလှအပပြုပြင်ရေးဆေးခန်းတွေလည်း ဖွင့်လာကြတဲ့အပေါ်မှာ ဆရာမရဲ့အမြင်က ဘယ်လိုများရှိလဲ။
Dr. H : အလှအပနဲ့ပတ်သက်ပြီး စိတ်ဝင်စားလာကြတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုလှအောင် ဂရုစိုက်လာကြတယ်ဆိုတာ ကောင်းမွန်တဲ့တိုးတက်မှုတစ်ခုပါပဲ။ Self Confidence ရှိဖို့ဟာ ဘယ်နေရာပဲဖြစ်ဖြစ် အရေးကြီးပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် လှနေအောင်နေတာကို ကျွန်မကတော့ အားပေးပါတယ်။ အလှအပဆေးခန်းတွေ ဖွင့်လာကြတာကြောင့် လှချင်သူတွေအတွက် ရွေးချယ်စရာပိုများသွားတာပေါ့နော်။ 

Voice : အသားအရေ ထိန်းသိမ်းဖို့အတွက် Skin Care Products တွေကိုရော ဘယ်လိုရွေးချယ်သင့်ပါသလဲ။ 
Dr. H : ဟုတ်ကဲ့။ အသားအရေထိန်းသိမ်းမှုအတွက် နေ့စဉ်သုံးရတဲ့ Skin Care နဲ့ Cosmetic တွေဟာ သိပ်ကိုအရေးကြီးပါတယ်။ ဥပမာ-အသားအရေပျက်စီးစေတဲ့ Steroid ပါတဲ့ Skin Care နဲ့ Cosmetic တွေကိုသုံးမိရင် နောက်ဆက်တွဲ အရေပြားနဲ့ပတ်သက်တဲ့ပြဿနာတွေ အများကြီးကို ရင်ဆိုင်ရမှာပါ။ ယောကျာ်းလေးတွေလည်း သင့်တော်မယ့် Skin Care Products တွေကို သုံးပေးသင့်ပါတယ်။ တင်းတိပ်၊ မှဲ့ခြောက်၊ ဝက်ခြံအစရှိတဲ့ အရေပြားပြဿနာတွေဟာ ကျား မ မရွေး ဖြစ်နိုင်တာမို့ မိမိအသားရေကို သေချာဂရုတစိုက် ထိန်းသိမ်းပေးသင့်ပါတယ်။

Voice : အရေပြားအတွက် လိုအပ်တဲ့ အာဟာရတွေကိုရော ဘယ်လိုဖြည့်စွက်ပေးသင့်ပါသလဲ။
Dr. H : အသားအရေလှပစိုပြည်ဖို့ ရေများများသောက်ပေးသင့်ပါတယ်။ အဆီများတဲ့ ငါး၊ ဟင်းသီးဟင်းရွက် များများစားပေးသင့်ပါတယ်။ ကြာရှည်ခံအောင်ပြုလုပ်ထားတဲ့ အစားအစာတွေ၊ ချဉ်ငန်စပ်အစားအစာတွေ၊ ဆေးလိပ်၊ အရက်၊ ဘီယာ စတာတွေကလည်း အိုမင်းရင့်ရော်စေလို့ ရှောင်ကြဉ်သင့်ပါတယ်။ အိပ်ရေးဝဝ ​အိပ်စက်ခြင်းဟာလည်း ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ 

Voice : ဆရာမတို့ ဆေးခန်းမှာ အများဆုံးပြုလုပ်ပေးရတဲ့ ဝန်ဆောင်မှုက ဘာများဖြစ်မလဲ။ နာမည်ကျော် အနုပညာရှင်တွေလည်း ဆရာမဆေးခန်းကိုလာကြတာကို တွေ့ရတယ်။ သူတို့တွေကရော ဘယ်လိုဝန်ဆောင်မှုတွေကို အများဆုံးလုပ်ဖြစ်တာပါလဲ။
Dr. H : အများဆုံးလုပ်ပေးရတာကတော့ တင်းတိပ်နဲ့ ဝက်ခြံပေါ့နော်။ အနုပညာရှင်တွေက နေပူမရှောင်၊ မိုးရွာမရှောင် အလုပ်လုပ်ကြရတဲ့သူတွေမို့ သူတို့ရဲ့ အသားအရေကို အန္တရာယ်ကင်းပြီး ပိုလှအောင် သင့်တော်တဲ့ Treatment ပေးခြင်း၊ သင့်တော်တဲ့ သောက်ဆေး၊ လိမ်းဆေးတွေနဲ့ သေချာစနစ်တကျထိန်းသိမ်းပေးဖြစ်ပါတယ်။ 

Voice : ဆရာမတို့ဆိုင်မှာရတဲ့ ဝန်ဆောင်မှုတွေအတွက် ဈေးနှုန်းနဲ့ အခြားဖြည့်စွက်ပြီး ပြောချင်တာများရှိရင် ပြောပြပေးပါဦး။ 
Dr. H : လူတွေ အရမ်းလှချင်လာကြတာ ကောင်းပါတယ်။ ဒါပေမဲ့ အန္တရာယ်ကင်းတဲ့ လှပမှုတွေကိုပဲ လုပ်စေချင်ပါတယ်။ ကျွန်မတို့ဆေးခန်းက ဆိုင်ခွဲတော့ မရှိသေးပါဘူး။ မန္တလေးမှာပဲ ဖွင့်ထားပါတယ်။ ဝန်ဆောင်မှုအတွက် ဈေးတွေကတော့ အမျိုးမျိုးရှိပါတယ်။ ဝန်ဆောင်မှုပေါ်မူတည်ပြီး ကွဲပြားသွားမှာပါ။ ဆရာမနဲ့ တိုင်ပင်ဆွေးနွေးတာတွေအတွက်ဆို အခကြေးငွေမယူပါဘူး။ မျက်နှာကုသမှု ဈေးနှုန်းကတော့ ဖြစ်တဲ့ရောဂါကိုလိုက်ပြီးတော့ ပေးရတဲ့ဈေးက ဆေးပေါ်မူတည်ပြီးတော့ အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ လိပ်စာကတော့၊ Dr.Hnin, Skin, Aesthetic & Laser Center အမှတ် (၇၇၊၂၅)၊ ကြိုးတန်း(၁)လမ်း၊ ၃၈၊ ၃၉ ကြား ၇၉၊ ၇၉ ကြား၊ သံလမ်းအရှေ့ဘက် မျက်ပါးရပ်၊ မန္တလေးမြို့ပါရှင်။ ပိတ်ရက်မရှိပါဘူး။

ခိုင်ဇာသွင်