News

POST TYPE

INTERVIEW

ဝိုင်းစုကို လေးစားအားကျတယ်ဆိုတဲ့ အောင်လ
29-Sep-2017

ရန်ကုန်၊ စက်တင်ဘာ ၂၈

ချစ်သူဖြစ်တဲ့ တေးသံရှင် ဝိုင်းစုခိုင်သိန်းရဲ့ အနုပညာ အလုပ်အပေါ်ထားတဲ့ စိတ်နဲ့ ကြိုးစားအားထုတ်မှုတွေကို လေးစားအားကျမိပါတယ်လို့ တေးသံရှင် အောင်လက The Voice ကို ပြောကြားပါတယ်။

“ကျွန်တော်က ခွေတစ်ခွေထွက်ဖို့ အချိန်ယူရတာ အရမ်းကြာတယ်။ အခုနောက်ပိုင်း သူနဲ့တွေ့တော့ သူက အလုပ်အရမ်းလုပ်တာ တွေ့ရတယ်။ သူ့နောက်ကို အမီပြန်လိုက်လုပ်နေရတယ်။ သူ့ကိုကြည့်ပြီး ကိုယ်ပါ အလုပ်လုပ်ချင်စိတ် ပေါ်လာတယ်။ သူက အလုပ်နဲ့ ပတ်သက်ရင် မညည်းညူဘူး။ အဲ့ဒါတစ်ခုတော့ သူ့ကို လေးစားတယ်” လို့ ၎င်းက ထပ်လောင်းပြောကြားပါတယ်။

ဝိုင်းစုက စီးရီးသစ်တွေ တစ်ခွပြီးတစ်ခွေ ထွက်နိုင်အောင် ကြိုးစားသလို၊ တစ်ကိုယ်တော်ရှိုးတွေလည်း တစ်နှစ်တစ်ခါလောက် လုပ်နိုင်တဲ့အပေါ် လေးစားအားကျမိကြောင်း၊ ကိုယ်တိုင်လည်း သူ့ကို အားကျတဲ့စိတ်နဲ့ ဂီတအလုပ်အပေါ်မှာ အချိန်ပြည့် စိတ်နှစ်ပြီး လုပ်ကိုင်လာဖြစ်ကြောင်း တေးသံရှင် အောင်လက ပြောကြားပါတယ်။

“လတ်တလော ဂီတလှုပ်ရှားမှု အနေနဲ့ကတော့ Reason နဲ့ Idiots ရဲ့ EP Album လေး အရင်ထွက်မယ်။ တစ်ဖွဲ့ကို သီချင်းသုံးပုဒ်စီပါမယ်။ အတွဲသီချင်းတစ်ပုဒ်ပါမယ်။ အခွေက လက်စသတ်နေပြီ။ ပြီးတော့မယ်၊ Mixing  ပြီးရင် ထွက်လို့ရပြီ။ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာတော့ ကျွန်တော်တို့ နှစ်ဖွဲ့ရဲ့  Two Bands Show လုပ်ဖို့ရှိတယ်။ မျှော်စင်ကျွန်းမှာ လုပ်ဖို့လျာထားတယ်”  လို့ ၎င်းက ဆိုပါတယ်။