News

POST TYPE

WORLD CUP 2018

ဆော်ဒီအာရေဗျအသင်း စီးနင်းလိုက်ပါသည့် လေယာဉ်ခရီးစဉ်၌ လေယာဉ်တောင်ပံ မီးလောင်မှုဖြစ်ပွား
20-Jun-2018


ရော့စတော့ဗ်၊ ဇွန် ၁၉

ဆော်ဒီအာရေဗျအသင်းသည် ဥရုဂွေးနှင့် အုပ်စုဒုတိယပွဲစဉ် ယှဉ်ပြိုင်ကစားရန် ရော့စတော့ဗ်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် လာရောက်ခဲ့ရာတွင် ၎င်းတို့ စီးနင်းလိုက်ပါသည့်လေယာဉ်မှာ တောင်ပံမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

ဆော်ဒီအာရေဗျအသင်း လိုက်ပါစီးနင်းလာခဲ့သည့် လေယာဉ်သည် အင်ဂျင်ချို့ယွင်းမှုဖြစ်ပွားကာ တောင်ပံမီးလောင်ခဲ့ခြင်းဖြစ်ပြီး လေယာဉ်မှူးဖြစ်သူမှာ အခြေအနေကို ကောင်းစွာကိုင်တွယ်ထိန်းသိမ်း၍ လေယာဉ်ကို ကွင်းရှိရာသို့ သက်ဆင်းနိုင်ခဲ့ခြင်းကြောင့် တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခဲ့ခြင်း မရှိခဲ့ကြောင်း ရုရှားသတင်းမီဒီယာများက သတင်းထုတ်ပြန်ထားပြီဖြစ်သည်။

ဆော်ဒီအာရေဗျ ဘောလုံးအဖွဲ့ချုပ်ကလည်း အသင်းလိုက်ပါစီးနင်းသွားခဲ့သော လေယာဉ်ခရီးစဉ်တွင် လေယာဉ်တောင်ပံ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းကို အတည်ပြုချက်ထုတ်ပြန်ထားပြီး လက်ရှိအချိန်တွင်မူ အသင်းကစားသမားများမှာ ဥရုဂွေးနှင့်ပွဲစဉ်အတွက် လေ့ကျင့်ရေး အစီအစဉ်များ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ လေယာဉ်တောင်ပံမီးလောင်ခဲ့မှု ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းလည်း ယင်းကြေညာချက်တွင် ဆော်ဒီအာရေဗျဘောလုံးအဖွဲ့ချုပ်က ရေးသားဖော်ပြထားသည်။

ဆော်ဒီအာရေဗျသည် အုပ်စုအဖွင့်ပွဲစဉ်တွင် အိမ်ရှင်ရုရှားအသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့ရခြင်းကြောင့် ဖိအားများနှင့် ရင်ဆိုင်ကြုံဆုံနေရပြီး ယင်းပွဲစဉ်၌ စွမ်းဆောင်ရည်ညံ့ဖျင်းခဲ့သော ကစားသမားများကို နေရပ်ပြန်ရောက်ပါက ပြစ်ဒဏ်ချမှတ် အရေးယူသွားမည်ဟုလည်း ဆော်ဒီအာရေဗျ ဘောလုံးအဖွဲ့ချုပ်က ပြစ်ဒဏ်ချမှတ်ထားပြီဖြစ်သည်။

E-11



  • VIA