09-Nov-2016
မြန်မာနိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ဆူဇူကီးဖလား ဘောလုံးပြိုင်ကျင်းပဖို့ ကိုးရက်သာ လိုပါတော့တယ်။
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေနဲ့ ဆူဇူကီးဖလားပြိုင်ပွဲအတွက် ဥရောပနိုင်ငံတွေမှာ ခြေစမ်းပွဲတွေ ကစားခဲ့တဲ့အပြင် လက်ရှိမှာလည်း ပြည်ပအသင်းတွေနဲ့ ခြေစမ်းပွဲတွေ ကစားနေပါ တယ်။
နိုဝင်ဘာ ၄ ရက်က သုဝဏ္ဏကွင်းမှာ ဒေသတွင်းပြိုင်ဘက် အင်ဒိုနီးရှားနဲ့ ခြေစမ်းပွဲအပြီးမှာ မြန်မာ အသင်းအုပ်စုအဆင့်ကနေ ကျော်လွန်နိုင်ပ့ါ မလားဆိုတာ မေးခွန်းထုတ်စရာ ခြေစွမ်းကိုသာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။